Kyaw Naing Welcome

Saturday, September 28, 2013

လုပ်ငန်းခွင်မှာသင်ဟာလူတော်တစ်ယောက်ဆိုလျှင်

Photo: လုပ်ငန်းခွင်မှာသင်ဟာလူတော်တစ်ယောက်ဆိုလျှင်

သင်ဟာကုမ္ပဏီ တစ်ခုမှာအရေးပါအရာရောက် တဲ့သူဖြစ်နေပြီဆိုရင်နောက် ဝင်လာတဲ့ ဝန်းထမ်းတွေအပေါ် ဘယ်လိုဆက်ဆံ မလဲ၊ လုပ်ငန်းရှင်တွေ အနေနဲ့ ဝန်းထမ်းတွေကို ဘယ်လိုအုပ်ချုပ်မလည်း၊ဝန်ထမ်းအသစ်တွေက
လည်းကုမ္ပဏီ အပေါ်ဘယ်လို ခံယူချက်မျိုး ထားမလဲ ဆိုတာ အရေးကြီး လာပါတယ်။ 

ဒီအောက်ကစာလေးကိုဖက်ကြည့်လို့ အကျိုးတော့ မယုတ်လောက်ဘူးလို့ ထင်ပါတယ်။

သင်ဟာ ကုမ္ပဏီတစ်ခုမှာ ဝန်ထမ်းဖြစ်ပြီဆိုရင် သင့် အောက်ငယ်သားတွေနဲ့ သင်အထက် လူကြီးတွေကို ဒီလိုဆက်ဆံသင့်ပါတယ်။ 

1.Kindness(Willingness to help/Enthusiasm)

တစ်ယောက်နဲ့ တစ်ယောက် စာနာပါကူညီပါ၊ ကုမ္ပဏီရဲ့အလုပ်တွေကို စိတ်ပါဝင်စားစွာ ကူညီပါ၊ ဝန်ထမ်းတစ်ယောက် အနေနဲ့ ကိုယ်လုပ်နေ တဲ့အလုပ်မှာ (Enthusiasm) စိတ်အားထက်သန်မှု ရှိနေရမယ်၊ အဲဒီလိုပဲ လုပ်ငန်းရှင်ဟာလည်း ကိုယ့်ဝန်ထမ်းတွေအပေါ် (Kindness)သနားကြင်နာမှု ထားပါ။ စာနာပါ။ ဝန်ထမ်းတွေအပေါ် စိတ်ပါဝင်စားမှုရှိပါ၊ မိမိဝန်ထမ်းတွေ အပေါ် စိတ်အားထက်သန်မှု(Enthusiasm) ရှိပါ။

2.Empathy(Priority/Flexibility)

ရရှိလာတဲ့ ကောင်းကျိုးဆိုးကျိုးတွေကို (Empathy)မျှဝေ ခံစားပါ၊ လုပ်ငန်းရှင်နဲ့ ဝန်ထမ်း(သို့) ဝန်ထမ်းချင်း ဝန်ထမ်းတစ်ယောက် ကိုတစ်ယောက်(Priority) ဦးစားပေးပါ။ တစ်ယောက်နဲ့ တစ်ယောက် (Flexibility) အလျှော့အတင်း ဆက်ဆံနိုင်ရမယ်၊ အကောင်းဘက် ကိုပြောင်းလွယ်ပြင်လွယ်တဲ့စိတ် ရှိရပါမယ်။ 

3.Honesty(Reliance/Assurance/Ethical Behaviour)

ယုံကြည်အားထားခြင်း ခံရအောင် (Reliance)ယုံကြည်ထိုက် သူ ဖြစ်အောင် မိမိဟာဝန်ထမ်းတွေ အပါ်၊ဝန်ထမ်းတွေ ကလည်း လုပ်ငန်းရှင် အပေါ်ရိုးသာမှု (Honesty)ရှိရမယ်၊ မိမိလုပ်တဲ့ အလုပ်ပေါ်သေချာကြောင်း အာမခံချက် (Assurance) ရှိရမယ်။ မိမိလုပ်ဆောင်ချက် ဟာသူတစ်ပါးရဲ့ အားနက်ချက် ကိုမချနှင်းမိပါစေနှင့်။ လူကျင့်ဝတ်နှင့်အညီ (Ethical Behaviour) လုပ်ဆောင်ပါ။

4.Distribution(Experience/Knowledge/Reality)

လုပ်ငန်းရှင်တွေဟာ မိမိရဲ့ ဝန်ထမ်းတွေအပေါ်၊ ဝန်ထမ်းတွေကလည်း တစ်ယောက် ကိုတစ်ယောက် မိမိ ရဲ့ တွေ့အကြုံ (Experience)တွေ ကို(Distribution) မျှဝေပေးနိုင်ရမယ်။ အချင်းချင်း sharing လုပ်နိုင်ရမယ်၊
ပြီးတော့ တစ်ယောက်ကိုတစ်ယောက် မိမိရဲ့ လုပ်ငန်းခွင်ဗဟုသုတ (Knowledge)တွေကို ဖလှယ်ပေးရမယ်။ အဲဒါတွေ အားလုံးဟာ (Reality) အမှန်တကယ်ဖြစ်ရမယ်။

5.Respect(Courtesy/Positive Word Of Mouth/To be respected(loyalty)/Enthusiasm)

ဝန်းထမ်းတစ်ယောက် အနေနဲ့ မိမိဟာလုပ်ငန်းရှင် အပေါ်၊ လုပ်ငန်းရှင်တွေ လည်း ဝန်ထမ်းတွေအပေါ် (Courtesy)ရှိရမယ်၊ တစ်ယောက်ကို တစ်ယောက်လေးစားမှု(Respect)ရှိရမယ်၊မိမိရဲ့ ပြောဆိုမှုတိုင်းဟာ
အကောင်းမြင်အကောင်းဘက်(Positive Word Of Mouth)ဖြစ်ရ မယ်၊လုပ်ငန်းရှင်နဲ့ဝန်ထမ်းတွေကလည်း တစ်ယောက်ကို တစ်ယောက် အပြန်အလှန် (Loyalty)သစ္စာ ရှိရမယ်၊အဲဒါတွေ အားလုံးကို စိတ်အား ထက်သန်မှု(Enthusiasm)ရှိရပါမယ်။

6.Unity

ဒါတွေ အားလုံးကို ဝန်ထမ်းအချင်းချင်း၊ လုပ်ငန်းရှင်နှင့်ဝန်ထမ်း (Unity) အတူတကွ ပူးပေါင်းဆောင်ရွက်မယ် ဆိုရင်ကောင်းသော ဝန်ထမ်း၊ ကောင်းသောလုပ်ငန်းရှင်ကြီးတွေဖြစ်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်။

လို ခံယူချက်မျိုး ထားမလဲ ဆိုတာ အရေးကြီး လာပါတယ်။

ဆင်းရဲသော်လည်း လူတော်ပညာတတ်ဖြစ်လာစေရန်

Photo: ဆင်းရဲသော်လည်း လူတော်ပညာတတ်ဖြစ်လာစေရန်

ရိုးရိုးသားသား၊ မကြောက်မရွှံ့ ၊ ပွင့်ပွင့်လင်းလင်းကို ပြောရမယ်ဆိုရင် ယနေ့အချိန်အထိ ငွေရှိမှ အဆင့်မြင့် ပညာ သင်ကြားခွင့်ရနေသေး တဲ့ ခေတ် ဖြစ်နေပါ သေးတယ်။ များသောအားဖြင့်ကို ပြောတာပါ။ မချမ်းသာပေမယ့် တကယ်ပဲ အဆင့်မြင့် ပညာသင်ကြားခွင့်ရသွားတဲ့ သူတွေလည်း တစ်ပုံကြီးပါ။ဒါကတော့ ဖွံ့ဖြိုးဆဲနိုင်ငံတိုင်းမှာ ဖြစ်နေတဲ့ ကိစ္စမို့ ဘယ်သူ့မှာမ အပြစ်မရှိပါဘူး။ အပြစ်မရှိတဲ့ ဒီလောကမှာ ကိုယ်ရဲ့ ကြိုးစားရုန်းထွက်နိုင်မှုက စံဥပမာ တစ်ခုက တိုင်းပြည်အတွက် အကျိုးကျေးဇူး ပေးနိုင်ရမှာ ဖြစ်ပါတယ်။ 

သူငယ်တန်းကနေ စကြည့် ရမယ်ဆိုရင် ငွေရှိတဲ့ မိသားစုမှာ မွေးဖွားတဲ့ ကလေးဟာ ရိုးရိုးကျောင်း ပညာရေးအပြင် အခြားသော ငွေကုန်ကြေးကျ များသာ ပညာရပ်များ၊ ကျောင်းများ တစ်မျိုးပြီး တစ်မျိုးတက်ရောက်ခွင့်ရကြ ပါတယ်။ သာမန်မိသားစု သို့မဟုတ် ဆင်းရဲတဲ့ မိသားစုက မွေးဖွားလာ သူများကတော့ ပညာရေး ဆိုတာ တစ်ချိန်မှာ အလုပ်လျှောက်ရင် ပါလာတဲ့ လက်မှတ်ကလေး တစ်ခုပမာပဲ သဘောထားရရှာပါတယ်။ ပြီးတော့ အခြားသော ပညာရေးလမ်းများကိုလည်း လျှောက်လှမ်းခွင့် မရကြပါဘူး။ 

ဒီတော့ ဆင်းရဲသူများ၊ အဆင့်မြင့် ပညာသင်ကြားလိုသူများ၊ ဘဝ အတွက် သေချာသော အာမခံချက် ပညာတစ်ခု ရရှိလိုသူများအတွက် လူငယ်တိုင်းအတွက် နည်းလမ်းမျှဝေချင်ပါတယ်။

"အင်္ဂလိပ်စာ အရည်အချင်းမြင့်ပါ"
--------------------------------

အရေးအကြီးဆုံး အချက်မို့ ထိပ်ဆုံးထားပြီး အကြံပြုပါတယ်။ အင်္ဂလိပ်စာ တစ်ခုသာ ရရင် အားလုံးကို Self study ကြိုးစားလုပ်ယူလို့ ရပါတယ်။ အင်္ဂလိပ်စာတတ်ဖို့ဆိုတာကလည်း သင်တန်းအကြီးကြီးတွေ လိုက်တတ်နေ မှ မဟုတ်ပါဘူး။ စိတ်တစ်ခုက အရေးကြီးဆုံးသာ ဖြစ်ပါတယ်။ သူငယ်တန်း ကစလို့ ၁၀ တန်းအထိ သင်လာတဲ့ အင်္ဂလိပ်စာများ အခြေခံရှိတာနဲ့တင် အပြင် အင်္ဂလိပ်စာ လေ့လာဖို့က အင်မတန် လွယ်ကူနေပါပြီ။ ငွေရှိရင် လည်း ငွေကုန် သင်တန်းတက်ပြီး ငွေမရှိလည်း ပညာဒါန ကျောင်းများ ရှာတတ်နိုင်ပါတယ်။ မြန်မာပြည်က နေရာတော်တော်များများမှာ ပညာဒါန အခမဲ့ကျောင်းတွေ အတော်လေး များပြားနေပါပြီ။ 

အင်္ဂလိပ်ရုပ်ရှင်တွေ၊ သီချင်းတွေ ကြည့်ရှုနားထောင် သူတို့ ဘာသာစကားနဲ့ ဟန်ပန်အမူအရာကို လိုက်လံ အတုယူ၊ လေ့ကျင့် ပြောဆိုကြည့်ပြီးတော့ လည်း လေ့ကျင့်နိုင်ပါတယ်။ တစ်ယောက်တည်းသော်လည်းကောင်း၊ သူငယ်ချင်းများနဲ့သော်လည်းကောင်း လေ့ကျင့်ပြီးတော့ အင်္ဂလိပ်စကားပြော ကိုလည်း မြင့်တင်နိုင်ပါတယ်။ 

အင်္ဂလိပ်စာအရည်အချင်းတိုးတက်အောင် အလွယ်တကူ လေ့လာလို့ရတဲ့ စာအုပ်များလည်း အပြင်မှာ ရနိုင်တဲ့ အတွက် စာရေးသူမှ အကျယ်ချဲ့ မပြောလိုတော့ ပါဘူး။ အင်္ဂလိပ်စာ၊ စကား အတော်အတန် ပြောတတ်၊ နားလည် တတ်နေပြီဆိုရင်ကို ပတ်ဝန်းကျင်မှာ ကိုယ်ဟာ တစ်ဘန်းသာနေ မှာ ဖြစ်ပါတယ်။ ကမ္ဘာသုံး ဘာသာစကား အင်္ဂလိပ်စာတတ်ထားရင် ဘယ်အခြေအနေ၊ ဘယ်နေရာရောက်ရောက် အခက်အခဲများ ဖြေရှင်းနိုင် ပါတယ်။ 

အင်္ဂလိပ်စာနဲ့ ဆက်စပ်ပြီးတော့ အင်တာနက်ကလည်း လေ့လာရမယ့် နယ်ပယ်ကြီး တစ်ခု ဖြစ်လာပါတယ်။ အင်တာနက်မှာ ဗဟုသုတ ရနိုင်မယ့် အချက်အလက်ပေါင်း များစွာ ရှိနေပါတယ်။ ကိုယ်က အင်္ဂလိပ်စာ အခြေခံရှိရင်လည်း အလွယ်တကူ ဝင်ဖတ်နိုင်သလို၊ မရှိလည်း အဘိဓာန်ဆောင်လို့ အင်တာနက်မှာ စာများ လေ့လာ ဖတ်ရှုနိုင်ပါတယ်။ စာများတင်မဟုတ်ပါဘူး။ မိမိ စိတ်ဝင်စားတဲ့ ဘယ်အရာကိုမဆို ဝင်ကြည့်၊ ဝင်ဖတ်၊ ဝင်လေ့လာ၊ ဝင်အသုံးပြုကြည့်၊ ဖန်တီးကြည့်တာမျိုးတို့ ဖြစ်ပါတယ်။ 

အင်တာနက် လိုင်းမကောင်းတာတော့ မှန်ပါတယ်။ သို့ပေမယ့် ဒါစာ အမြဲတမ်းမဟုတ်ပါဘူး။ တစ်ခါခါကျ ကောင်းပါတယ်။ Browser တစ်ခုဖွင့်ဖို့အတွက် တစ်မိနစ်ထက် ပိုမကြာရင် သုံးဖို့ ကောင်းမွန်တဲ့ အခြေအနေ တစ်ခု ဖြစ်ပါတယ်။ အင်တာနက်မှာ မန်ဘာဝင်လို့ရတဲ့ ပညာရေး ဖိုရမ်များ၊ ကျောင်းများ၊ အခမဲ့ ပညာရေး များ အစရှိသဖြင့် ကိုယ်ရှာဖွေရင် ရှာဖွေသလောက် တွေ့ရှိလို့ နိုင်ငံတကာ နဲ့ ပြည်တွင်း က ဖြစ်ပျက်နေမှုများကို သိရှိရမှာ ဖြစ်ပါတယ်။ 

"လမ်းတစ်ခုရွေးပါ"
----------------

မိမိ လျှောက်လှမ်းချင်တဲ့ ပရော်ဖက်ရှင် တစ်ခုခုကို ရွေးစေခြင်း ဖြစ်ပါတယ်။ မိမိ လက်ရှိမှာ ရှိနေတဲ့ ပညာအရည် အချင်းနဲ့ ဘယ်လို အရည်အချင်းတို့ ထပ်မံပေါင်းစပ်တဲ့အခါ ဘယ်လို အသက်မွေးဝမ်းကျောင်းမှု ပညာက ကိုယ့်အတွက် ကောင်းကျိုးပေးမယ်ဆိုတာ ကိုယ်တိုင်သာ စဉ်းစားဆုံးဖြတ်စေချင်ပါတယ်။ ကိုယ်ကိုယ်တိုင် ဘာလုပ်လို့ ဘာကိုင်ရမယ်။ ဘယ်လမ်းရွေးချယ်ရမယ် ဆိုတာမှ မသိသေးရင် တော်တော်ကို ဆိုးတဲ့ အခြေအနေပါ။ နယ်မှာပဲနေနေ၊ မြို့ ကြီးမှာပဲနေနေ ဘဝရည်မှန်းချက် အသက်မွေးဝမ်းကျောင်းမှု ပညာရပ် တစ်ခုခုကိုသာ ရွေးချယ်ထားရင် မဆင်းရဲတော့ပါဘူး။ နောက်ပိုင်းက ကိုယ်ရဲ့ ကြိုးစားမှုအပေါ်မှာသာ မူတည်တော့လို့ ဖြစ်ပါတယ်။ 

"လမ်းဖြောင့်ဖြောင့်လျှောက်ပါ" 
----------------------------

ဘယ်လိုပယောဂကြောင့်ပဲ ဖြစ်ဖြစ် ကိုယ်ရွေးချယ်ထားတဲ့ ပညာရပ်လမ်းကနေ မနောက်ဆုတ်သင့်ပါဘူး။ နောက်ဆုတ်မယ်။ နားလိုက်မယ်။ ကြိုးစားမှု ရပ်တန့်မယ်။ လမ်းလွဲမယ်။ အစရှိတဲ့ လုပ်ရပ်များက မိမိရဲ့  ဘဝတန်ဖိုးကို အပြောင်းအလဲပြုလုပ်ခြင်း ပဲ ဖြစ်ပါတယ်။ သုညက ပြန်စရတာ မလွယ်ပါဘူး။ ဒါကြောင့် လမ်းတစ်ခုရွေးပြီးရင် တည့်တည့်လျှောက်တတ်ရပါမယ်။ ရည်မှန်းချက် ခိုင်ခိုင်မာမာ ထားရှိရပါမယ်။

အကောင်းဆုံး ကြိုးစားနိုင်ရပါမယ်။ အကောင်းဆုံးဆိုလို ကြိုးစားအားထုတ်မှု ဇွဲ၊ ဝီရိယ၊ လုံ့လ တည်နေစေဖို့ ဖြစ်ပါတယ်။ စိတ်တစ်ခုက အဓိက ဖြစ်ပြီး၊ စိတ်ဓာတ်ခိုင်ခိုင်ထားလို့ ကြိုးစားရင် မိမိကြိုးစားချက်များကို ကျေနပ်နေတတ်ပါတယ်။ ဒါကတော့ အကျဉ်းချုပ်ပြောခြင်းပါ။ ကိုယ်နှစ်သက်တဲ့ ဘာသာရပ်နဲ့ အလုပ်တစ်ခုကို ရွေးချယ်မယ်ဆိုတာ ကလည်း အဆင့်များစွာ ရှိနေပါသေးတယ်။ 

"အခွင့်အလမ်းကောင်းများ ရှာဖွေပါ"
---------------------------------

တစ်ကူးတကတော့ မဟုတ်ပါဘူး။ ကိုယ့်လမ်းကိုလျှောက်နေရင်း ဒီအတွက် ပိုမို အကျိုးထူးစေနိုင်မယ့် ထောက်ပံမှုများ၊ ပညာရပ်များ ပေါ်ပေါ်လာ တတ်ပါတယ်။ လေ့လာအားထုတ်မှုဆိုတော့မှာ ဘယ်တော့မှ မရပ်တန့်ရ ပါဘူး။ အခွင့်အရေးရလျှင်ရတိုင်း သတိကြီးကြီးနဲ့ ဆုံးဖြတ်ချက်ချလို့ အထောက်အပံ့ ကောင်း တစ်ခု ဖြစ်အောင် ကြိုးစား၊ ရွေးချယ်၊ သင်ယူ၊ လေ့ လာ ရပါမယ်။ 

တစ်ခါတစ်လေကျ အဆင့်မြင့် ပညာရပ်ဆိုတာ ဘွဲ့လက်မှတ်တွေပေါ်မှာ ရှိနေတာကိုပဲ ဆိုလိုတာ မဟုတ်ပါဘူး။ ကိုယ် ဘယ်လောက်လေ့ လားဖြစ်ထားတယ်။ လုပ်နိုင်တယ်ဆိုတာကလည်း အဓိက ကျပါတယ်။ ကိုယ်က စာတမ်း မပြုစုရပေမယ့် ကိုယ်လုပ်ထားတဲ့ အလုပ်က စာတမ်းပြုစုထားသူများထက် ပိုမို ထူးခြား ကောင်းမွန်နေ ရင် ဒါဟာ အဆင့်မြင့်ပညာရပ်တစ်ခုကို တတ်မြောက်ထားခြင်း တစ်မျိုးပါပဲ။ 

အဓိက ပြောချင်တဲ့ အချက်က အခုမှရောက်ရပါတယ်။ ကိုယ်က ပိုက်ဆံ မရှိဘူး။ ပညာသင်ကြားဖို့ အခွင့်အရေး မရှိဘူးဆိုရင် ယခု လက်ရှိ လုပ်နေတဲ့၊ ရွေးချယ်ထားတဲ့ ပညာရပ်နဲ့ အသက်မွေးဝမ်းကျောင်းမှု လမ်းမှာ အကောင်းဆုံး ဖြစ်အောင် ဖန်တီးနိုင်ရပါမယ်။ သာမန်လူ ပြုလုပ် သွားလာနေတဲ့ နည်းအပြင် ကိုယ့်ဆီမှာ ရှိတဲ့ အိုင်ဒီယာအသစ် များ ပေါင်းစပ်မယ်၊ နိုင်ငံတကာက နည်းနာများ လေ့လာ လို့ ပြည်တွင်းနဲ့ လျော်ညီတဲ့ အခြေအနေတစ်ခုကို ပြန်လည်ဖန်တီးမယ်။ ချပြမယ်။ ဒါတွေကလည်း တကယ်ပဲ အသိအမှတ်ပြုခံရလောက်တဲ့ အကျိုးကျေးဇူး အထိုက်အလျောက် တစ်ခုအထိ ရရှိလိုက်မယ်ဆိုရင် ကိုယ်ဟာ အဆင့်မြင့် ပညာရပ် သင်ကြားထားသူများနဲ့ ယှဉ်နိုင်ပါပြီ။ 

အထက်ပါ အချက်များအားလုံးကို လုပ်ဖို့အတွက် ငွေကြေး ဘယ်လောက်မှ မကုန်ကျပါဘူး။ ၁၀ တန်းအောင် ဖြစ်စေ၊ တက္ကသိုလ်ဘွဲ့ရဖြစ်စေ အကြောင်းအမျိုးမျိုးကြောင့် မိမိ လေ့လာသော ပညာရပ်နဲ့ အသက်မွေးဝမ်းကျောင်းမှု လုပ်ငန်းကို တွင်တွင်ကျယ်ကျယ် မလုပ်နိုင်ဘူးဆိုရင်၊ အခက်အခဲတွေ တွေ့နေရင် အထက်ပါ အဆင့်များအတိုင်းသွားနိုင်ပါတယ်။ 

၁။ အင်္ဂလိပ်စာ အရည်အချင်း အဆင့်မြင့်ခြင်း
၂။ လမ်းတစ်ခုရွေးချယ်ခြင်း
၃။ ဇွဲရှိရှိ ကြိုးစားခြင်း
၎။ အခွင့်အလမ်းကောင်းများ ကို လက်ဆုပ်လက်ကိုင်ပြုနိုင်ခြင်း
၅။ စွန့်ဦးကြိုးစား ဖန်တီးခြင်း

အစရှိတဲ့ အဆင့်များအတိုင်း သွားမယ်ဆိုရင် ဘယ်လောက်ပဲဆင်းရဲ ဆင်းရဲ နိုင်ငံအတွက် တစ်ထောင့်တစ်နေရာက အကျိုးပြုစေမယ့် ပညာတတ် တစ်ဦး ဖြစ်လာစေမယ်လို့ ယုံကြည်ပါတယ်။ 
----
-----
-----
အောင်ခမ်း

ဲ အဆင့်မြင့် ပညာသင်ကြားခွင့်ရသွားတဲ့ သူတွေလည်း တစ်ပုံကြီးပါ။ဒါကတော့ ဖွံ့ဖြိုးဆဲနိုင်ငံတိုင်းမှာ ဖြစ်နေတဲ့ ကိစ္စမို့ ဘယ်သူ့မှာမ အပြစ်မရှိပါဘူး။ အပြစ်မရှိတဲ့ ဒီလောကမှာ ကိုယ်ရဲ့ ကြိုးစားရုန်းထွက်နိုင်မှုက စံဥပမာ တစ်ခုက တိုင်းပြည်အတွက် အကျိုးကျေးဇူး ပေးနိုင်ရမှာ ဖြစ်ပါတယ်။

ဘဝမှာ ဝါသနာမပါတာ လုပ်နေရတဲ့အခါ (လူငယ်များ အဓိကထား ဖတ်ရှုရန်)

Photo: ဘဝမှာ ဝါသနာမပါတာ လုပ်နေရတဲ့အခါ 
(လူငယ်များ အဓိကထား ဖတ်ရှုရန်)

မနက်က ညီမလေး ဖုန်းဆက်လာပါတယ်။ “အစ်ကို ညီမ ဒီကျောင်း ဆက်မတက်ချင်တော့ဘူး။ အဝေးသင် မေဂျာတစ်ခုပြောင်းမယ်၊ အလုပ်လုပ်မယ်၊ ကျောင်းပြောင်းဖို့ ကူညီပေး" ရင်ထဲအစို့နှင့်ဆုံး စကားကြားရတာပါပဲ။ 

စာရေးသူရဲ့  ညီမလေးက အတန်အသင့် ထူးချွန်ပါတယ်။ ၁၀ တန်းကို ဂုဏ်ထူးလေးဘာသာနဲ့ အောင်ပြီး သူတက်ချင်တဲ့ တက္ကသိုလ်တစ်ခု အမှတ်မမှီလို့ အမှတ်နဲ့ လျော်ညီတဲ့ တက္ကသိုလ်တစ်ခုကို တက်ပါတယ်။  အခုတော့ သူမ အခု တက်နေတဲ့ တက္ကသိုလ်မှာလည်း ပညာပုံမှန် သင်ကြားပြီး နှစ်ချင်းပေါက် အောင်ပါတယ်။ နှစ်နှစ်ပြည့်ပြီး တတိယနှစ်တက် ဖို့ စောင့်ဆိုင်းနေချိန်ခါမှ ယခုလို ရုတ်တရက်စကားဆိုလာခြင်းအတွက် အံ့သြခဲ့ရပါတယ်။ 

သို့ပေမယ့် သေချာပြန်စဉ်းစားကြည့်လိုက်ချိန်တော့ မအံ့သြတော့ ပါဘူး။ ဘာလို့လဲဆို စာရေးသူ ညီမလိုပဲ၊ စာရေးသူ ကိုယ်တိုင် လိုပဲ ဘဝမှာ ဝါသနာမပါတာ၊ စိတ်မပါတာ လုပ်နေရတယ်လို့ ခံစားနေရ သူပေါင်း မြောက်များစွာ ရှိနေလို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုခံစားနေရ သူများ၊ ဖြစ်နေသူများကို စာရေးသူ အကြံပေးလိုသော ဆန္ဒများ ဖြစ်လာရ ပါတယ်။ အကယ်၍ စာဖတ်သူသာ ကိုယ်ဝါသနာ မပါတာ လုပ်နေရတယ်လို့ ယူဆရင် အောက်ပါ အချက်များကို သေချာ လေ့လာသင့်ပါတယ်။

ဝါသနာဆိုတာ……

ကိုယ်တိုင်ကို ဘာကို ဝါသနာ ပါလို့ ပါမှန်းမသိ ကြီးပြင်းရတဲ့ လူများလည်း မနည်းပါဘူး။ ဒီတော့ အားလုံးရဲ့  ရည်မှန်းချက်ပန်းတိုင်က ချမ်းသာ ကြွယ်ဝမှု ဖြစ်လာပါတယ်။ ချမ်းသာပြီးသားလူကျတော့ ဒီထပ်မချမ်းသာရင်တောာင် ဒီထက် ပိုဂုဏ်ရှိတဲ့ နေရာ တစ်ခုအတွက် ရည်မှန်းချက်ထား ကြိုးစားရပြန်ပါတယ်။ 

စာဖတ်သူ ၁၀ ယောက်တည်းမှာ ငွေကြေး အခက်အခဲ ရှိနေသူ တစ်နည်း ချမ်းသာချင်သူ  ၇ ယောက်ထပ် မနည်း ရှိမယ်ဆိုတာ ကြိမ်းသေပြောရဲပါ တယ်။ ဒီတော့ အားလုံရဲ့  ရည်မှန်းချက်က ငွေကြေးချမ်း သာဖို့ ဖြစ်လာပြီး ချမ်းသာတယ်ဆိုတာ ပန်းတိုင် တစ်ခု ဖြစ်လာပါတယ်။ ဒီတော့ ယင်းပန်းတိုင် ကို သွားရမယ့် နည်းလမ်းက ဆရာဝန်လို့ ယူဆတဲ့သူက ဆရာဝန်ဖြစ်ဖို့ ကြိုးစားတယ်။ စစ်ဗိုလ်ဖြစ်အောင် ကြိုးစားမယ်၊ အင်ဂျင်နီယာဖြစ်အောင် ကြိုးစားမယ်။ သင်္ဘောသား ဖြစ်အောင် ကြိုးစားမယ် အစရှိသဖြင့် ကိုယ့် အခြေအနေ နဲ့  အဖြစ်နိုင်ဆုံးကိုပဲ ရွေးချယ်သွားကြပါတယ်။ အားလုံးကို မဆိုလို။ အများစုသော အရေအတွက်ကို ဆိုလိုပါတယ်။ ချမ်းသာဖို့ မဟုတ်ပါဘူး- အေးဆေး ငြိမ်းချမ်းတဲ့ ဘဝတစ်ခု တည်ဆောက်နိုင်ဖို့ အတွက်လေးပါ ဆိုရင်လည်း ဒီထဲမှာ အကြုံးဝင်ပါတယ်။ 

အထက်ပါအတိုင်းတွေးသော စာဖတ်သူများ တကယ်ချမ်းသာလာနိုင် ပါတယ်။ ဖြစ်မလာသူများ ကျရှုံးရသလိုလည်း ဆင်းရဲတွင်းက မလွတ်နိုင်သူများလည်း ရှိလာနိုင်ပါတယ်။ ဒီတော့ ဆရာဝန်တွေ ဖြစ် သွားကြ၊ အင်ဂျင်နီယာတွေဖြစ်သွားကြ၊ အရာရှိတွေ ဖြစ်သွားကြပေမယ့် ကိုယ့်ကိုယ်ကို ဘာဝါသနာ ပါလို့ ပါမှန်း မသိခဲ့ပါဘူး။ အသက်အရွယ်တွေ ရလာပြီး ရာထူးတစ်ခု၊ စည်းစိမ် တစ်ခု ပိုင်ဆိုင်ရပေမယ့်လည်း ငါဘာ ဝါသနာ ပါခဲ့လဲ၊ ဘာလုပ်ချင်ခဲ့သလဲ ဆိုတာ ကိုယ်တိုင်တောင် ဖြေရ ခက်တဲ့ မေးခွန်း ဖြစ်လာတတ်ပါတယ်။ အချို့ ကျတော့ ငြင်းပါတယ်။ ငြင်း မှာပါ။ နေရာတစ်ခု၊ ငွေတစ်ခု၊ အသိုင်းအဝိုင်း တစ်ခု ရပြီ ဖြစ်တဲ့အတွက် ငါဝါသနာပါတာ ဒါတွေပါဆိုပြီး ဟန်ရေးလုပ် ပြောတဲ့အခါ မေးခွန်း ထုတ်မယ့်သူလည်း မရှိတော့ပါဘူး။ ဒီမှာ ဘယ်သူတွေ နစ်နာမှု ရှိသလဲဆို တာ လေ့လာရပါမယ်။ 

မိမိကိုယ်ကိုရော တိုင်းပြည်ကိုရော- ကြီးကြီးမားမားပြောရရင် လောက တစ်ခုလုံးကို နစ်နာစေပါတယ်။ အိုင်းစတိုင်း တစ်ယောက် ဆင်းရဲပေမယ့် ဝါသနာ အထုံတစ်ခုကြောင့် တစ်နေ့တော့ ကမ္ဘာကြီး တစ်ခုလုံးကို ပြောင်း လဲပေးခဲ့ပါမယ်။ မီးသွေးဖိုမှာ အလုပ်လုပ်တဲ့ လင်ကွန်းက အမေရိကန် သမ္မတ ဖြစ်လာရပါတယ်။ ဥပမာ ပြရရင် ဒီတော့ မနည်းပါဘူး။ ဒီတော့ စာရေးသူ လိုရင်းက ဝါသနာ ပါရာကို ဦးစားပေး လုပ်ရင် ဘာမဆို ထိုးထိုးဖောက်ဖောက် အောင်မြင်လို့ တိုင်းပြည်ကြီး တစ်ခုလုံး၊ ကမ္ဘာကြီး တစ်ခုလုံးကိုတောင် ပြောင်းလဲပေးနိုင် တယ် ဆိုတဲ့အချက်လို့  စာဖတ်သူတို့ ရိပ်မိမယ် ထင်ပါတယ်။ ဒီတော့ စာရေးသူတို့ မြန်မာနိုင်ငံတွင်းမှာ ဝါသနာ အထုံ ပါတဲ့ ကလေးငယ်လေးတွေကို သေချာ ပြုစုပျိုးထောင်ပေးနိုင်ရင် တိုင်းပြည်မှာ ကမ္ဘာက လေးစားရတဲ့ အောင်မြင်မှုကြီးများ၊ ပေါက်ရောက်မှု ကြီးများ ဖြစ်လာမယ်လို့လည်း ခန့်မှန်းထားကြမယ် ထင်ပါတယ်။ 

ယခုမှ ဝါသနာ တစ်ခု ရွေးသတ်မှတ်ခြင်း

ဒါဆို စာဖတ်သူတို့ က ဆိုပါမယ်။ ငါဝါသနာ ပါတာရှိခဲ့တယ်။ တိုင်းပြည်အခြေ အနေကြောင့်၊ ပတ်ဝန်းကျင် အခြေအနေကြောင့် ဒီဝါသနာကို စွန့်လွတ်လိုက်ရတာ- အစရှိသဖြင့် ဆိုနိုင်ပါတယ်။ စာရေးသူ မငြင်းနိုင်ပါဘူး။ သို့သော်လည်း ဒီအတွက် အဖြေရှိပါတယ်။ စာဖတ်သူက အရင်ဆုံး ကိုယ့်ဝါသနာ ကို အဓိပ္ပါယ် ဖွင့်ရပါမယ်။ အကြမ်းချင်းလိုအပ်ချက်ကတော့ မိမိပါတဲ့ ဝါသနာဟာ ၁- မိမိအတွက်ကောင်းကျိုးပြုရမယ်၊ ၂- သူတစ်ပါး အတွက် ကောင်းကျိုးပြုရမယ်။ ဒီနှစ်ချက် ခိုင်လုံရင် စာဖတ်သူ ထားတဲ့ ဝါသနာဟာ တကယ် မှန်သွားပါပြီ။ ဝါသနာ ဆိုတာ ထင်ပေါ်ကျော်ကြားမှု တစ်ခုမဟုတ်ပါဘူး။ ပြောင်းလဲပေးနိုင်မှု ဖြစ်ရပါမယ်။ ဥပမာ- မိမိဝါသနာ ပါလို့ ဖန်တီးချပြလိုက်တဲ့ အရာဟာ လူသားအားလုံးအတွက် ကောင်းကျိုးပြု တယ်ဆိုရင် အလိုအလျာက် ထင်ပေါ်ကျော်ကြားပါတယ်။ ထင်ပေါ်ကျော်ကြား ဖို့အတွက် ဝါသနာ တစ်ခုထားတယ်ဆိုတာ အမှန်တော့ လောဘ တစ်မျိုး သာ ဖြစ်ပါတယ်။ ဝါသနာ မဟုတ်ပါဘူး။ 

စာဖတ်သူ တစ်ဝက်လောက်မှာ ကိုယ်ဝါသနာ ပါတာ ဘာလဲဆိုတာ မသိကြလောက်ပါဘူး။ သို့ပေမယ့် နောက် မကျသေးပါ။ လက်ရှိ ကိုယ်ဝါသနာ ဘာပါတယ်ဆိုတာကို မသိသေးတာကိုပဲ အဆင်ပြေတဲ့ အခြေအနေ တစ်ခု ဖြစ်ပါတယ်။ ဒါဆို ဝါသနာ တစ်ခု စထားမယ်ဆိုရင်

ကိုယ့်အတွက်ကော၊ အများအတွက်ကော ကောင်းကျိုးပြုရပါမယ်။ 

 ဒီအဆင့်မှာကတည်းက တွက်ချက် ရွေးချယ်ပါ။ လက်ရှိ ရောက်နေတဲ့ အနေအထားအရ ကိုယ့်အတွက် အဆင်ပြေမယ်၊ ကိုယ်ကလည်း ကျွမ်းကျင်နေမယ်၊ ဖြစ်လာဖွယ်လည်း တကယ်ရှိတယ်ဆိုရင် ကိုယ်ထားတဲ့ ဝါသနာက မှန်ပါပြီ။ ဥပမာ- စာဖတ်သူက အထည်ဆိုင်မှာ အထည်ရောင်း ဝန်ထမ်း လုပ်နေရတယ် ဆိုပါစို့။ အထည်နဲ့ ပက်သက်ပြီး လေ့လာအားတစ် ခုခုရှိလို့ စိတ်ဝင်စားလို့ လေ့လာရင်ပို သိလာတဲ့အခါ ဒီအပေါ် အခြေခံလို့ ကိုယ်ဘာများ လုပ်နိုင်မလဲဆိုတာ လမ်းစရှာပါမယ်။ အဖြစ်နိုင်ဆုံး ပြောရရင် ကမ္ဘာ့အနှံ့ဖြန့်ချိတဲ့ အဝတ်အထည်လုပ်ငန်း (သို့မဟုတ်) ကမ္ဘာ့အလှဆုံး အဝတ်အထည်များ ဖန်တီးသူ ဒီဇိုင်နာ အစရှိသဖြင့် အစုံးစွန်ထိ စိတ်ကူးယဉ်လို့ရပါတယ်။ တကယ် အကောင်အထည်ဖော်ဖို့လည်း ခံယူချက်ရှိထားရင် ဖြစ်မလာဘူးလို့ ဘယ်သူမှ မပြောရဲပါဘူး။

ဗီဇဝါသနာ ကို အကောင်အထည်ဖော်ခြင်း

အချို့ ကျတော့ ငယ်ငယ်လေးကတည်းက ဖြစ်ချင်တဲ့အရာ၊ လုပ်ချင်တဲ့ အရာ၊ ကိုယ်ဝါသနာ ပါတဲ့ အရာ ရှိနေပြန်ပါသေးတယ်။ မိဘက အတင်းတိုက်တွန်း လို့၊ ပတ်ဝန်းကျင် ပယောဂအမျိုးမျိုးကြောင့် အခြားလမ်းပေါ် ကို လျှောက်နေရပြီ ဆိုပါစို့။ ဒီမှာ ကိုယ်ဝါသနာ ပါတဲ့ အရာမှာ တကယ် ထူးချွန်သလား၊ မထူးချွန်သလားဆိုတာကို အရင်စမ်းစစ်ရပါမယ်။ အချို့ ကျတော့လည်း သီချင်းဆိုတဲ့ ဂီတအနုပညာကို ဝါသနာ ပါတယ်ဆိုပါတယ်။ သို့သော်လည်း အသံက အဆိုတော်တွေလို မကောင်းတော့ မိမိထားတဲ့ ဝါသနာဟာ ရူးသွပ်လို့ မအောင်မြင်နိုင်ဘူး ဆိုတာကို သိထားသင့်ပါတယ်။ ဒါဆိုရင် လက်လျော့ပြီး အထက်ဖော်ပြပါ ဝါသနာ တစ်ခုရွေးချယ်ခြင်ကို ဖတ်ရှု ကျင့်သုံးသင့်ပါတယ်။ 

အကယ်၍ ကိုယ်ဝါသနာပါတဲ့အရာမှာလည်း တကယ် ထူးချွန်နိုင်အခွင့် အလမ်း ရှိတယ်။ တကယ်လည်း အောင်မြင်နိုင်တယ်လို့ သက်သေအထောက်အထား ခိုင်လုံရင်၊ ယုံကြည်ချက် ရာနှုန်းပြည့်နေရင် လုံးဝ လက်မလျော့ပါနဲ့တော့။ လက်ရှိ လုပ်နေတဲ့အလုပ်၊ လက်ရှိ လျှောက်နေတဲ့ လမ်းကြောင်းက လုံးဝ စွန့်ခွာနိုင်ပါတယ်။ စာဖတ်သူက ကိုယ်အောင်မြင်မယ်လို့ ကြိမ်းသေ သိရှိပြီး အလောင်းအစား လုပ်ရဲပြီဆိုရင် ကိုယ်ဝါသနာ ပါရာလမ်းကို စလျှောက်နိုင်ပါပြီ။ ဥပမာ တက်လက်စကျောင်းက ပြီးတော့မယ်ဆိုရင် ပြီးအောင် ဆုံးအောင်တက်နေပြီး တစ်ဖက်မှာ ကိုယ်အောင်မြင်ဖို့ သေချာတဲ့အလုပ်ကို ခိုင်ခိုင်မာမာ လက်ဆွဲလို့ လုပ်ကိုင် သင့်ပါတယ်။ ယင်းဝါသနာ အတွက် ငွေကြေးအထောက်အပံ့က ဒီအလုပ်လုပ်မှ၊ ဒီကျောင်းတက်မှ ရနေမယ်ဆိုရင်လည်း တစ်ဖက်ကို လုံးဝ စွန့်လွန့်လိုက်ခြင်းမျိုးမဟုတ်ပဲ ကိုယ်ဝါသနာပါတဲ့ အရာအတွက် ရင်းနှီးမြှုပ်နှံရန် ကြိုးစားနေတယ်ဆိုတဲ့ ခံယူချက် ရှိရပါမယ်။ ဒါဆိုရင် အားလုံး အဆင်ပြေသွားပါပြီ။ ဝါသနာလည်း မစွန့်လွတ်ရသလို လုပ်နေကျ လုပ်ငန်းဆောင်တာ လည်း မပျက်ပါဘူး။

အချို့ ကျတော့လည်းဆိုပါတယ်။ ငွေအလုံအလောက်ရှိဘူး။ ဝါသနာကို အကောင်အထည် ဖော်လို့ မဖြစ်ဘူး။ ဒါတွေကို အထက်ပါ နှစ်ချက်လုံး မှာကတည်က ကြိုတင်စဉ်းစားတွက်ချက်ရမှာ ဖြစ်ပါ တယ်။ ငွေဆိုတာ ကလည်း ဝါသနာကို အကောင်အထည်ဖော်ရာမှာ ဗီလိန်ကြီးတစ်ခု လို ဖြစ်နေတတ်ပါတယ်။ ဒါကို စာဖတ်သူတို့ သိရှိ နားလည်ထားဖို့ လိုအပ်ပါတယ်။ မိမိမှာ ရှိနေတဲ့ ငွေကြေး၊ ထောက်ပံ့ပေးနေသော ငွေကြေး အရင်းအနှီး ထားရှိတဲ့ ဝါသနာ ပန်းတိုင် အစရှိသဖြင့်တို့ အားလုံး တွက်ချက်ပြီး စနစ်ချ ကြိုးပမ်းလို့ ဖြစ်လာနိုင်ပါတယ်။ 

ဒီလောက်ဆိုရင် ဝါသနာ ရှိသူရော၊ ဝါသနာ မရှိသူရော၊ ဆင်းရဲလို့ ဝါသနာ မဖန်တီးနိုင်သူရော၊ ချမ်းသာသော်လည်း ဝါသနာ မရှိသူရော အားလုံး နည်းမှန်းလမ်းမှန်နဲ့ အကောင်အထည် ဖော်နိုင်မယ်လို့ ယူဆပါတယ်။ စာဖတ်သူက ဘာမှ ဝါသနာမပါဘူး။ အေးအေးနေ၊ အေးအေးစား၊ ဘဝ ဆိုတာ ပေါ့ပါးနေတာကိုက ဝါသနာဘာလို့ အကြောင်းပြချက်ပေး မယ်ဆိုရင် ကိုယ့်ကိုယ်ကို တန်ဖိုးမရှိတဲ့ လူတစ်ယေက်ပါလို့ ပြောနေတာနဲ့ အဓိပ္ပါယ် အတူတူပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဝါသနာ တစ်ခုခု ရှိကို ရှိသင့်တယ်လို့ အလိုအလျောက် သိထားသင့်ပါတယ်။ 

ဝါသနာပါတာလည်း ရှိနေမယ်၊ တကယ်လည်း အကောင်အထည် ဖော်ပြီဆိုရင် မိမိပတ်ဝန်းကျင် အသိုက်အဝန်း တင်မကပဲ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးမှ ကမ္ဘာ့လူသာားအားလုံး အထိ အကျိုးပြုတော့မယ်ဆိုတာ စာရေးသူ ယုံကြည်ပါတယ်။ 
--
အောင်ခမ်း (work.com.mm)

www.facebook.com/work.com.mm
www.work.com.mm

3D

CCTV

My Target Computer Service

Name You can ask and contact any problem concern with computer (Good Service) To Contact Us
Kyaw Naing Computer Sale Service & Networking +959-----------
THE FATHER OF INDEPENDENCE First and the Last democratically elected PRIME MINISTER OF BURMA NLD ( NATIONAL LEAGUE FOR DEMOCRACY )
GENERAL AUNG SAN'S PAGE U NU'S PAGE DAW AUNG SAN SUU KYI'S PAGE