Kyaw Naing Welcome

Thursday, January 1, 2015

laptop battery ကိုကြာရှည်စေမဲ့ ရှောင်ရန်ဆောင်ရန်နည်းလမ်းများ

Laptop တွေဆိုတာ ကျွန်တော်တို့လူတွေရဲ့ဘဝမှာ အရေးပါတဲ့အရာတစ်ခုဖြစ်ပါတယ်။ အများဆုံးသုံးတဲ့နေရာကတော့ အင်တာနက်သုံးတဲ့နေရာမှာဖြစ်ပြီးတော့ လုပ်ငန်းခွင်မှာရော အသုံးပြုကြပါတယ်။ ဒါပေမယ့် ခင်ဗျားအပါအဝင်လူတိုင်းနီးပါးဟာ လက်တော့ Adapter ကို Plug ထိုးပြီးဆက်တိုက်သုံးကောင်းသုံးနေပါလိမ့်မယ်။ ဒီလိုလုပ်တာကိုအခုချက်ချင်း ရပ်လိုက်ပါ။

ခင်ဗျားအနေနဲ့ လက်တော့ Battery ကိုကြာရှည်သက်တမ်းခံချင်ရင် ဘက်ထရီ 100% မရောက်ခင် plug ဖြတ်ပြီးသုံးသင့်ပါတယ်။ ဒါက ခင်ဗျားရဲ့ lithium-polymer battery ကို သက်တမ်း ကြာရှည်စေမှာဖြစ်လို့ပါပဲ။

Cadex Electronics က CEO ဖြစ်တဲ့ Buchmann ရဲပြောကြားချက်အရ လက်တော့အသုံးပြုရင် ဘက်ထရီကို 80% ရောက်တာနဲ့ plug ဖြုတ်ပြီး 40% ရောက်တဲ့အထိပဲ အသုံးပြု သင့်တယ်လို့အကြုံပေးပါတယ်။ ဒါက ခင်ဗျား ဘက်ထရီကို ပုံမှန်ထက် ၆ ဆထိတောင် သက်တမ်းပိုမိုကြာရှည်စေမှာဖြစ်ပါတယ်။ အကြောင်းပြချက်ကတော့ lithium-polymer battery တွေမှာရှိတဲ့ cellတွေဟာ Voltage level နဲ့ပတ်သက်နေလို့ပါ။  ဘတ်ထရီက charge (အားသွင်းတာ) များလေလေ voltage level လည်းများလေလေပါပဲ။ Voltage မှာ cell တွေ များများစုလေလေ ဘက်ထရီမှာလည်း stress တွေများနေမှာဖြစ်ပါတယ်။ ဝန်ပိသလိုပေါ့ဗျာ။ အဲဒီ stress က ဘက်ထရီရဲ့ discharge cycle ကိုလျောနည်းစေပါတယ်။ ဥပမာ ဘက်ထရီက 100% ထိအားသွင်းနေချိန်မှာ discharge cycles က 300-500 ထိသာရှိပြီး 70% အားသွင်းချိန်မှာ 1200-2000 ထိ discharge cycles ထိရရှိမှာဖြစ်ပါတယ်။

ဘက်ထရီဆိုတာမျိုးကတော့ သဘာဝအရ စွမ်းဆောင်ရည် တဖြည်းဖြည်းကျဆင်းစမြဲပါ။ ဒါကတော့ အမှန်ပါ။ လက်တော့ ဝယ်ခါစက ဘက်ထရီသက်တမ်းက 7 နာရီဆိုပါစို့၊ တစ်နှစ်လောက်အသုံးပြုပြီးရင် 7 နာရီမရတော့ပါဘူး။ ဒါပေမယ့် ဘက်ထရီက ပူနေတာများရင် ဘက်ထရီသက်တမ်းကို ပိုပြီး တိုစေပါလိမ့်မယ်။ တအားပူနေရင် cell တွေထဲမှာ ကွဲအက်နိုင်တဲ့အထိတောင်ဖြစ်နိုင်ပါတယ်။

အပူတွေတအားများတဲ့အခါ ဘက်ထရီက အားသွင်းရင် မြန်မြန်ဆန်ဆန် အားမဝင်တော့တဲ့အထိတောင် တွေ့ရှိရတယ်လို့ iFixit ရဲ့ Kyle Wiens ကပြောပါတယ်။ Buchmann အကြုံပေးတာကတော့ ဘက်ထရီသက်တမ်းကို တတ်နိုင်သမျှ ကြာရှည်စေချင်ရင် လက်တော့သုံးရင် ဘက်ထရီကို 80% ကနေ 40% ကြားမှာပဲအသုံးပြုပါလို့ဆိုပါတယ်။ ခုချိန်ထိတော့ Windows ရော Mac ရော လက်တော့ဘက်ထရီ 80%, 40% ရောက်ရင် user တွေကို alert ပေးတဲ့ စနစ်ကိုမထည့်ထားသေးပါဘူး။ ဒီတော့ ခင်ဗျားအနေနဲ့ ဘက်ထရီ 40% ကနေ 80% ကိုရောက်ဖို့ ကြာတဲ့အချိန် ဒါမှမဟုတ် 80% ကနေ 40% ရောက်တဲ့အချိန်ကို မှတ်ထားပြီး ပျမ်းမျှကြာချိန်ကိုမှတ်ထားပါ။ ပြီးရင် Timer တစ်ခုထားပြီး ဘက်ထရီကို plug/unplug လုပ်ပါလို့အကြုံပေးထားပါတယ်။တကယ်လို့ ခင်ဗျားအနေနဲ့ ခရီးရှည်တစ်ခုသွားရမယ်ဆိုရင်တော့ 100% အထိအားသွင်းပေါ့လေ။ ဒါက ခင်ဗျားဘက်ထရီသက်တမ်းကို ကြာရှည်စေမယ့် နည်းလမ်းကောင်းတစ်ခုဖြစ်ပြီးတော့ ဒါဟာ ထိုက်တန်ပါတယ်။

No comments:

Post a Comment

Thank you for visit to my page.

3D

CCTV

My Target Computer Service

Name You can ask and contact any problem concern with computer (Good Service) To Contact Us
Kyaw Naing Computer Sale Service & Networking +959-----------
THE FATHER OF INDEPENDENCE First and the Last democratically elected PRIME MINISTER OF BURMA NLD ( NATIONAL LEAGUE FOR DEMOCRACY )
GENERAL AUNG SAN'S PAGE U NU'S PAGE DAW AUNG SAN SUU KYI'S PAGE