Kyaw Naing Welcome

Wednesday, June 26, 2013

တန်ဖိုးရှိသော ဆက်ဆံရေး


တန်ဖိုးရှိသောဆက်ဆံရေး
*****************

ပစ္စည်းဥစ္စာကို မကြည့်ဘဲနဲ့ လူသားတစ်ယောက်အနေနဲ့

ကိုယ့်ကိုကြည့်ပြီးတော့

ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း လှိုက်လှိုက်လှဲလှဲ

ရင်းရင်းနှီးနှီး ဆက်ဆံလိုက်တာဟာ

အဲဒါဟာ လူတစ်ယောက်က နောက်တစ်ယောက်ဆီက

ရလိုက်တဲ့အရာတွေထဲမှာ အကောင်းဆုံးအရာပဲ။


ငါ သူ့ကို ဘာအကောင်းဆုံးပေးနိုင်သလဲလို့ စဉ်းစားကြည့်လိုက်တော့

တကယ့်အကောင်းဆုံး ပေးနိုင်တာက

ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး

မေတ္တာ ဂရုဏာ စေတနာအပြည့်နဲ့ ဆက်ဆံလိုက်တာ၊

အဲဒါ အကောင်းဆုံးပေးတာပဲ။


ဒီဟာ အခြေခံရှိမှသာ ဆက်ဆံရေးဟာ တန်ဖိုးရှိတယ်။

အဲဒီလို ဆက်ဆံရေးမျိုးဟာ စိတ်ကျန်းမာရေးအတွက် အရေးပါတယ်။



Thursday, June 20, 2013

ဘဝမှာ စိတ်ချမ်းသာစေနိုင်တဲ့ အကြံပြုချက် ( ၇ ) ချက်

ဘဝမှာ စိတ်ချမ်းသာစေနိုင်တဲ့ အကြံပြုချက် ( ၇ ) ချက်

20/6/2013

၁- လိမ်လည်ခြင်းကို ရှောင်ပါ။
၂- မျှော်လင့်ချက်ကို လျှော့ပါ။
၃- အလုပ်ကိုများများလုပ်ပါ။
၎- အချိန်ကိုလေးစားပါ။
၅- ရိုးသားဖြောင့်မတ်စွာ နေထိုင်ပါ။
၆- အမြဲတမ်းပြုံးနေပါ။
၇- ပေါင်းသင်းဆက်ဆံရေးကို အစဉ်ခိုင်မြဲပါစေ။

သူငယ်ချင်းတို့ရေ……
ဒီအချက်( ၇ ) ချက်ကို လိုက်နာကျင့်ကြံမယ်ဆိုရင်
ကမ္ဘာမှာ အပျော်ရွှင်ဆုံးလူသားတစ်ယောက်ဖြစ်မှာပါလို့ ပြောပါရစေ….။

ဘဝနဲ့ဆန္ဒ တစ်သားတည်းကျပါစေ…..
လင်းမြတ်(ပန်းတောင်း)

Seven free tips to be happy in your life:
1.Do not cheat.
2.Expect little.
3.Word more.
4.Never be late.
5.Live Simple.
6.Always smile.
7.Never ever break good relations.
If you do that, believe me you will be the happiest persom in the world.
-Unknown

Tuesday, June 18, 2013

ကွန်ပျုတာ Speed မြန်အောင်လုပ်နည်း(၅)နည်း

ကွန်ပျုတာ Speed မြန်အောင်လုပ်နည်း(၅)နည်း

ကွန်ပျုတာ Speed မြန်အောင်လုပ်နည်း(၅)နည်း
ပထမဆုံးနည်းလမ်းက
Start >> Run (or) win + R ကိုကလစ်ပါ..
run box တွင် prefetch ကိုရေးပြီး ok ပေးလိုက်ပါ..
ပေါ်လာတဲ့ ဖိုင်တွေအားလုံးကို delete ပေးလိုက်ပါ...
ဒုတိယနည်းလမ်းက
Start >> Run (or) win + R ကိုကလစ်ပါ..
run box တွင် regedit ကိုရေးပြီး ok ပေးလိုက်ပါ..
ပေါ်လာတဲ့ Registry Editor box အောက်က
HKEY_CURRENT_USER >> Control Panel >> Desktop ထိအစဉ်လိုက်သွားလိုက်ပါ..
Desktop ရောက်ရင် double click ပေးလိုက်ရင်ဘေးက box က MenuShowDelay ကို
right click >> modify>> Value data ကို 400 ကနေ 0 ထိလျှော့ချပေးပြီး ok ပေးလိုက်ပါ..
တတိယနည်းလမ်းက
Start >> Run (or) win + R ကိုကလစ်ပါ..
run box တွင် msconfig ကိုရေးပြီး ok ပေးလိုက်ပါ..
ပေါ်လာတဲ့ box မှာ Startup Tab ကိုသွားပါ..
အဲဒီက မလိုအပ်ဖူးထင်တဲ့ software တွေက အမှန်ခြစ်ဖြုတ်ပေးလိုက်ပါ.
ပြီးရင် Apply ok ပေးလိုက်ပါ restart တောင်းပါလိမ့်မယ် Exit Without Restart ကိုပဲကလစ်လိုက်ပါ.
တကယ်ဆိုရင် restart ပေးရမှာပါ ဒါပေမယ့်ကျနော်တို့က နည်းလမ်းငါးမျိုးလုံးလုပ်မှာဖြစ်လို့ မပေးပါနဲ့
အားလုံးပြီးမှ restart ပေးလိုက်ရင်လည်းရပါတယ်.
စတုတ္တနည်းလမ်းက
Start >> Control Panel >> System ထိရောက်အောင်သွားပြီး double click နဲ့ဖွင့်လိုက်ပါ.
(mycomputer >> right click >> Properties ဆိုရင်လည်း တူတူပါပဲ)
System Properties Box ပေါ်လာပါလိမ့်မယ် Advanced Tab >> Performance Settings ကိုကလစ်လိုက်ပါ.
Adjust for best performance ကိုရွေးပြီး Apply ok ပေးလိုက်ပါခင်ဗျာ..
PC ကတော့ ပုံစံပြောင်းသွားပါလိမ့်မယ် effect တွေမပါတော့တဲ့အတွက် သိသိသာသာ ပေါ့ပါးသွားပါလိမ့်မယ်..
နောက်ဆုံးနည်းလမ်းကတော့
Start >> Run (or) win + R ကိုကလစ်ပါ..
run box တွင် system.ini ကိုရေးပြီး ok ပေးလိုက်ပါ..
ပေါ်လာတဲ့ Notepad ထဲမှာ အောက်က code လေးကို copy ကူးပြီး အောက်ဆုံးမှာ ထည့်ပေးလိုက်ပါခင်ဗျာ..
page buffer=100000kbps load=100000kbps Download=100000kbps save=100000kbps back=100000kb
ပြီးရင် file >> save ပေးပြီး close လိုက်ပါ ..အားလုံးပြီးပြီဆိုရင် ကွန်ပျုတာကို restart ချလိုက်ပါ..

သိက္ခာနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးမှု


သိက္ခာနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးမှု

Photo
7Day News Journal

လင်းသိုက်ညွန့်(မြန်မာ့မြေ)
(၁)
စာရေးသူ လှည်းတန်းလမ်းဆုံကို နေ့စဉ်လိုလိုရောက်ဖြစ်သည်။ အထူးသဖြင့် စာသမားဖြစ်၍ တစ်နေ့ တစ်နေ့..ဂျာနယ်သုံး လေးစောင်လောက် ပုံမှန်ဖတ်ဖြစ်ရာ လှည်းတန်းမှ ဂျာနယ်ဆိုင်များမှာပင် အ၀ယ်များသည်။ ဒီနေ့လည်း ခါတိုင်းလိုပင်ဝယ်နေ ကျ ဂျာနယ်ဆိုင်မှာ ဂျာနယ်ဝယ်ပြီး ထွက်အလာ..ဂျာနယ်ဖိုးပေးဖို့ ပိုက်ဆံထုတ်တုန်းက အိတ်ထဲမှ ငါးထောင်တန်တစ်ရွက်ကို မှားထုတ်မိ၍ လက်ထဲမှာ ယောင်ပြီးကိုင်ထားတုန်း အခြားလက်တစ် ဖက်မှာလည်း စာအုပ်တွေ မနိုင်မနင်းနဲ့မို့ ရုတ်တရက် လက်မှ ပိုက်ဆံလွတ်ကျသွားသည်။ ဒါနဲ့ စာရေးသူလည်း ပိုက်ဆံကိုပြန်ကောက်ဖို့ နောက်ကိုလှည့်ကြည့်တော့ ဘာမှမတွေ့။ ဒါနဲ့ စာရေးသူလည်း လေတိုက်သွားလို့လား၊ ဘာလားဆိုပြီးဟိုဟိုဒီဒီလျှောက်ကြည့်နေတုန်း၊မီးပွိုင့်နီနေလို့ ရပ်ထားတဲ့ဘတ်စ် ကားပေါ်ကဒရိုင်ဘာကြီးတစ်ယောက်ကခပ်လှမ်းလှမ်းကဦးထုပ်နဲ့ကောင်လေးတစ်ယောက်ကိုလှမ်းပြပြီး“ဟိုကောင်လေးကောက် သွားတာ၊ မြန်မြန်လိုက် မြန်မြန်လိုက်”လို့ပြောလို့ လှမ်းကြည့်တော့ ကောင်လေးတစ်ယောက်။ သုတ်သုတ်၊သုတ်သုတ်နှင့် လျှောက်သွားတာတွေ့ရသည်။ ဒါနဲ့၊ စာရေးသူလည်း ခုနကပြောသည့် ဒရိုင်ဘာကြီးကို “ရပါတယ်ဗျာ၊ နေပါစေ၊ မလိုက်တော့ ပါဘူး”လို့လှမ်းပြောပြီးသက်ပြင်းကိုသာ ချလိုက်ရသည်။ အမှန်စင်စစ်၊ စာရေးသူ ပိုက်ဆံကျသွားသည့်အချိန်က တကယ့်ခဏ လေးရှိသေးသည်။ ပြီးတော့ စာရေးသူက ရှေ့က၊သူက နောက်က။ စာရေးသူဆီက ပိုက်ဆံလွတ်ကျသွားသည်ကို မတွေ့စရာ အကြောင်းမရှိ။ သူကဘယ်လိုပဲ ခပ်သုတ်သုတ် လျှောက်သွားသွား။ စာရေးသူက လိုက်တောင်းဖို့ ခွန်အားမရှိ။ ပိုက်ဆံကို နှမြောလို့မဟုတ်။ သူ့အစားရှက်လွန်းလို့။ ကိုယ့်လူမျိုးတွေရဲ့ စိတ်ဓာတ်ရေးရာနဲ့ပတ်သက်၍ ယူကျုံးမရဖြစ်လွန်းလို့။ ငွေလေး ငါးထောင်ကိုတောင် အချောင်လိုချင် မက်မေ နေလျှင် ရှေ့ဆက် ဘယ်လိုဆက် လုပ်ကြပါ့မလဲ။ ကျွန်တော်တို့တစ် တွေရဲ့  Attitude (သဘောထား/ အမူအကျင့်)တွေက ရင်လေးစရာ။
(၂)
နိုင်ငံတစ်နိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ် Human Resource ဖွံ့ဖြိုးတိုးတက်မှုအတွက် နိုင်ငံသားများ၏ အမူအကျင့်တွေ
ကောင်းမွန်နေဖို့ အထူးအရေးကြီးသည်။ စွမ်းဆောင်ရည် Perfor-mance တို့၊ ကျွမ်းကျင်မှု Skill တို့ကနောက်ထားဦး။ အရင် ဆုံးအမူအကျင့်တွေ အခြေခံကောင်းအောင် ပြုပြင်ကြရမည်။ နို့မို့ဆိုလို့ကတော့ ဘာကျွမ်းကျင်မှု၊ ဘာနည်းပညာပဲ ထပ်ထည့် ထည့် အချည်းနှီး။ ဒီဘက်ခေတ်ကုမ္ပဏီကြီး တော်တော်များများက အလုပ်သမားရှာဖွေခန့်ထားရေး Recruit-ment and Selection လုပ်ကြသောအခါ အရင်ကလို စွမ်းဆောင်ရည်ကောင်းတဲ့သူကျွမ်းကျင်သူ သက်သက်ကို မရွေးကြတော့။ အဲဒီ့ အစား အမူအကျင့်ကောင်းတဲ့သူကို အရင်ရွေးပြီးပြီးမှကျွမ်းကျင်သူဖြစ်လာအောင်စွမ်းဆောင်ရည်ကောင်းလာအောင်သင်ကြား ပေး၊ လေ့ကျင့်ပေးသည်။
(၃)
အရင်တုန်းက သောက်ရေအိုးစင်ကလေးတွေမှာ အခုဆို ခွက်တွေကို သံကြိုးနဲ့ချည်ထားရ တာတွေ၊ ဘုရားက အလှူခံပုံးတွေ ကိုတောင် သော့အထပ်ထပ် ခတ်ထားရတာတွေ၊ ခုနကလို ငွေလေး ငါးထောင်လောက်ကိုတောင် အချောင်လိုချင် တပ်မက် စိတ်ရှိ လာတာတွေဟာ နိုင်ငံနဲ့ လူမျိုးရဲ့ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုး တက်မှု National Human Resource Development အတွက် ကောင်းသောအလားအလာများ မဟုတ်။ အားလုံးကိုတော့မဆိုလို။ အဖိုးတန်ပစ္စည်း၊ ငွေကြေးတွေ ကောက်ရသော်လည်း ပိုင်ရှင်ထံ အရောက်ပြန်လည်အပ်နှံပေးကြ သည့် မြန်မာလူမျိုးတွေရှိနေသေး သည်က ဒုနှင့်ဒေး။ သို့သော် ဒီလို စိတ်ဓာတ်အမူအကျင့်တွေ စာရေး သူတို့ လူ့အဖွဲ့အစည်းမှာ ပိုမိုအားကောင်းရှင်သန်လာအောင် ကြိုး ပမ်းကြရ ဦးမည်။
(၄)
ကျွန်တော်တို့ မျှော်မှန်းသည့်အတိုင်း နိုင်ငံနှင့်လူမျိုး ခေတ်မီဖွံ့ဖြိုးတိုးတက်လာရေးအတွက် စာရေးသူတို့ရဲ့ အချောင်လို ချင်စိတ်တွေ၊ ရေသာခိုစိတ်တွေ၊ အလွယ်လိုက်လိုစိတ်တွေကိုပြုပြင်ကာ၊အမူအကျင့်ကောင်းတွေကို မွေးမြူကြဖို့ များစွာ များစွာလိုပါသေးသည်။ စာရေးသူတို့၏ ဂုဏ်သိက္ခာများက ငါးထောင်တန်သလား၊ ငါးသိန်း တန်သလား၊ငါးသန်းတန်သလား၊ ဘယ်လောက်တန်သလဲ၊ စာရေး သူတို့၏ လုပ်ရပ်များက မှတ်ကျောက်တင်နေမည်ဖြစ်ပါသည်။
 

Firewall ဆိုတာနှင့် အမျိုးမျိုးသော Firewall များ

Firewall ဆိုတာနှင့် အမျိုးမျိုးသော Firewall များ

1. Firewall ဆိုတာက---အဟမ်း---ဒီိလိုရှိတယ်ဗျ။ Firewall ဆိုတာက ကျွန်တော် တို့တွေရဲ့ Computer များသည် တစ်လုံးနှင့်တစ်လုံး အပြန်အလှန် Network ချိတ်ဆက်ထားပြီး မိမိတို့ရဲ့အရေးကြီးတဲ့ Data များကို Network ပေါ်ကနေတစ်ဆင့် လက်ခံတဲ့နေရာမှာ Attacker, Hacker နှင့် Intruder တို့ရဲ့ ဝင်ရောက်နှောက်ရှက်မှုကြောင့် မိမိတို့ရဲ့အရေးကြီးတဲ့ Data တွေ မဆုံးရှုံးသွားအောင် ခိုးယူမှုမခံရအောင် ကာကွယ်ပေးတဲ့နေရာမှာ အသုံးပြုရတာကို Firewall လို့ခေါ်ပါတယ်။ Firewall မှာ Hardware Firewall နှင့် Software Firewall ဆိုပြီး(၂)မျိုးရှိပါတယ်။ Firewall ကို ကျွန်တော်တို့တစ်တွေ ဘယ်လိုနေရာမျိုးမှာ အသုံးပြုသင့်သလဲဆိုရင် မိမိရဲ့ Internal Network ဖြစ်တဲ့ Private Network သည် External Network ဖြစ်တဲ့ Public Network နဲ့ချိတ်ဆက်တော့မယ်ဆိုရင် မိမိရဲ့ Private Network နှင့် Public Network နှစ်ခုရဲ့ကြားတွင် Firewall ကို အသုံးပြုသင့်ပါတယ်။ Firewall အလုပ်လုပ်တဲ့ပုံစံကတော့ Allow နှင့် Dissallow ဆိုတဲ့ ပုံစံ(၂)မျိုးထဲနဲ့ပဲ အလုပ်လုပ်ပါတယ်။

2. Firewall အမျိုးအစားများ
Firewall ရဲ့အမျိုးအစားကို (၄)မျိုးခွဲခြားထားပါတယ်။
1. Pocket Filter Firewall
2. Circuit Filter Firewall
3. Application Filter Firewall
4. State-Full Filter Firewall တို့ ဖြစ်ပါတယ်။
Firewall အမျိုးအစားတွေ ကွဲပြားသွားရတဲ့ အကြောင်းရင်းကတော့ OSI Seven Layer အလိုက် အလုပ်လုပ်တဲ့ပုံစံပေါ် မူတည်ပြီးတော့ Firewall အမျိုးအစားတွေ ကွဲပြားသွားရခြင်းပဲ ဖြစ်ပါတယ်။ ကဲ--- ဒီတော့ ကျွန်တော်က အဲဒီ Firewall အမျိုးအစား(၄)မျိုး အလုပ်လုပ်တဲ့ပုံစံကို ပြောပြပေးပါမယ်။

- Pocket Filter Firewall
Pocket Filter Firewall အလုပ်လုပ်တဲ့ ပုံစံကတော့ IP Pocket တွေရဲ့ Source Address နဲ့ Destination Address တွေကို စစ်ဆေးတယ်။ Firewall စစ်ဆေးတဲ့ပုံစံက မိမိရဲ့ ACL (Access Control List) ပေါ် မူတည်ပြီး စစ်ဆေးပါတယ်။ Source Address နဲ့ Destination Address သည် မိမိရဲ့ Rule နဲ့ ကိုက်ညီမှု ရှိတယ်ဆိုရင် Allow လုပ်ခွင့်ပေးပြီး မိမိရဲ့ Rule နဲ့ ကိုက်ညီမှု မရှိရင်တော့ Disallow လုပ်ပစ်လိုက်ပါတယ်။ Pocket Filter Firewall သည် OSI Seven Layer ထဲက Network Layer မှာ အလုပ်လုပ်ပါတယ်။

- Circuit Filter Firewall
Circuit Filter Firewall အလုပ်လုပ်တဲ့ ပုံစံကတော့ Pocket တွေကို စစ်ဆေးပါတယ်။ စစ်ဆေးတဲ့နေရာမှာ မိမိရဲ့ ACL (Access Control List) ပေါ် မူတည်ပြီး စစ်ဆေးပါတယ်။ မိမိ ရဲ့ Rule နဲ့ ကိုက်ညီမှုရှိတဲ့ Pocket ကို Allow လုပ်ခွင့်ပေးပြီး မိမိရဲ့ Rule နဲ့ ကိုက်ညီမှုမရှိတဲ့ Pocket ကိုတော့ Disallow လုပ်ပစ်လိုက်ပါတယ်။
Circuit Filter Firewall သည် OSI Seven Layer ထဲက Transport Layer မှာ အလုပ်လုပ်ပါတယ်။

- Application Filter Firewall
Application Filter Firewall အလုပ်လုပ်တဲ့ပုံစံကတော့ Application Service တွေကို စစ်ဆေးပါတယ်။ စစ်ဆေးတဲ့နေရာမှာ မိမိရဲ့ ACL ပေါ် မူတည်ပြီး စစ်ဆေးပေးပါတယ်။ မိမိ Rule နဲ့ ကိုက်ညီမှုရှိတဲ့ Application Service တွေကို Allow လုပ်ခွင့်ပေးပြီး မိမိရဲ့ Rule နဲ့ ကိုက်ညီမှုမရှိတဲ့ Application Service တွေကိုတော့ Disallow လုပ်ပစ်လိုက်ပါတယ်။ Application Filter Firewall သည် OSI Sever Layer ထဲက Application Layer မှာ အလုပ်လုပ်ပါတယ်။

State-Full Multi Layer Filter Firewall
State-Full Filter Firewall ဆိုတာကတော့--- Pocket Filter Firewall, Circuit Filter Firewall နှင့် Application Filter Firewall (၃)ခုကို ပေါင်းစပ်ထားတဲ့ Firewall ကြီး တစ်ခု ဖြစ်ပါတယ်။ ၎င်း State-Full Filter Firewall သည် မိမိရဲ့ ACL ပေါ် မူတည်ပြီး Allow လုပ်ခွင့်ပေးထားတဲ့ Application Service, Pocket နှင့် Source Address, Destination Address တို့ကို Allow လုပ်ခွင့်ပေးပြီး မိမိရဲ့ Rule နဲ့မကိုက်ညီတဲ့အရာတွေ အားလုံးကိုတော့ Disallow လုပ်ပစ်လိုက်ပါတယ်။
ကဲ--- Firewall ဆိုတာ ဘာလဲလို့နားလည်သွားပြီ---နောက်ပြီး Firewall တွေ အမျိုးအစား ဘယ်နှစ်မျိုးရှိတယ်ဆိုတာလဲသိပြီ--- နောက်ပြီး --- Firewall တွေ ဘယ်လိုအလုပ်လုပ်တယ်ဆိုတာလဲ သိသွားပြီဖြစ်လို့ Firewall အကြောင်းကို ဒီမှာရပ်နား ခွင့်ပြုပါ။

Monday, June 17, 2013

Warren Buffet ရဲ့ စကားစုများ

Warren Buffet ရဲ့ စကားစုများ

ဝင်ငွေနဲ့ ပါတ်သက်ပြီး
“ ဝင်ငွေလမ်းကြောင်း တစ်ခုတည်းအပေါ် မမှီခိုဘဲ
နောက်လမ်းကြောင်း တစ်ခု ရင်းနှီးဖန်တီးပေးရမယ်။ ”

သုံးစွဲတာနဲ့ ပါတ်သက်ပြီး
“ ခင်ဗျား တကယ်အသုံးမဝင်တဲ့ အရာတွေ
ဝယ်ရင် တစ်နေ့ ကျရင် အသုံးဝင်တဲ့ အရာတွေ ထုတ်ရောင်းရလိမ့်မယ်။ ”

စုဆောင်းမှုနဲ့ ပါတ်သက်ပြီး
“ သုံးလို့ ပိုတဲ့ဟာကို မစုနဲ့ ၊ စုလို့ ပိုတဲ့ဟာကို သုံး ”

စွန့် စားကြည့်တဲ့အခါ
“ ရေအတိမ်အနက်ကို သိချင်ရင် ဘယ်တော့မှ ခြေစုံနှစ်ပြီး မစမ်းနဲ့ ”

ရင်းနှီးမြုပ်နှံတဲ့အခါ
“ ခြင်းတစ်ခြင်းထဲမှာပဲ ကြက်ဥတွေ အကုန်လုံး မထည့်နဲ့ ”

မျှော်လင့်ချက်ထားတဲ့အခါ
“ ရိုးသားမှု ဆိုတာ တန်ဖိုးအရမ်းကြီးတဲ့ လက်ဆောင်ဖြစ်လို့ 
တန်ဖိုးမရှိတဲ့ လူတွေဆီက မမျှော်လင့်နဲ့ ၊ ”
“ စိတ်မှာ အသိဥာဏ်နည်းရင်
ရိုင်းတယ်။
စိတ်ထဲမှာ အသိဥာဏ်များရင်
ယဉ်ကျေးတယ်။ ”

- အရှင်ဆန္ဒာဓိက ( ရွှေပါရမီတောရ )

ကွန်ပျူတာမှာလိုအပ်သည့် Software များကို ဒီမှာရှာပါ..


ကွန်ပျူတာမှာလိုအပ်သည့် Software များကို ဒီမှာရှာပါ..
http://img1.blogblog.com/img/icon18_wrench_allbkg.png

Sunday, June 16, 2013

မြန်မာတွေ အောင်မြင်ဖို့

မြန်မာတွေ အောင်မြင်ဖို့

by Kyalmin8@gmail.com on Saturday, June 16, 2013 at 9:54am
ပထမဆုံးခေါင်းစဉ်ပေးဖြစ်တာလေးနဲ့ စကားဦးစပါရစေ။ ဒီခေါင်းစဉ်ကို
မြန်မာတွေအောင်မြင်ဖို့လို့ ပေးဖြစ်တာက စာရေးဆရာ
လင်းသိုက်ညွန့်(မြန်မာ့မြေ)ရဲ့ ‘မြန်မာတွေအောင်မြင်ဖို့’
စာအုပ်ရဲ့ခေါင်းစဉ်လေးကိုသဘောကျတာနဲ့ ခေါင်းစဉ် မြင်တာနဲ့ သတိပြုစေချင်၊
ဖတ်ကြည့်စေချင်လို့ ဒီခေါင်းစဉ်ကိုပေးဖြစ်တာပါ။

ဒီဆောင်းပါးမှာပါတဲ့ အကြောင်းအရာတွေက လည်း စာရေးဆရာ လင်းသိုက်ညွန့်(မြန်မာ့မြေ)ရဲ့
‘မြန်မာတွေအောင်မြင်ဖို့’ စာအုပ်မှာပါတဲ့ အချက်အလက် တော်တော်များများနဲ့
ကျွန်တော်ဖတ်ထားတာတွေကို ရေးသားထားတာပဲဖြစ်ပါတယ်။ ကျွန်တော်ဟာ
မြန်မာမိသားစုအသင်းဝင်ဖြစ်နေတာ တော်တော်ကြာနေပါပြီ။
တော်တော်ကြာနေသည့်တိုင် ဖိုရမ်မှာ အကျိုးရှိတာ ဘာမှမလုပ်ဖြစ်သေးတာ
စဉ်းမိပါတယ်။ ဖိုရမ်ကနေယူတာတွေတာများနေတာ၊ ပြန်ပေးတာက အလွန်နည်းပါတယ်။
သူများတွေ အားတတ်သရော ကူညီနေကြ ပေမယ့် ကိုယ်ကတော့ မအားတာနဲ့ (အကောင်းဆုံး
အကြောင်းပြချက်ပေါ့ ) မျက်နှာလွဲခဲပစ်နေတာများပါတယ်။ ဖိုရမ်ကို
နေ့တိုင်းဝင်တယ်၊ စာတွေဖတ်တယ်။ ပြီးတော့
ဒီအတိုင်းတိတ်တိတ်လေးပြန်ထွက်ခဲ့တယ်။ လိုရင်းပဲပြောတော့မယ်ဗျာ။
အခုဒီဆောင်းပါးလေးက ကျွန်တော်ရုံးကပြန်လာတာနဲ့
(ဖိုရမ်ကိုကျေးဇူးဆပ်ချင်လို့) မနားမနေကြိုးစားရေးထားတာလေးပါ။
ဒီဆောင်းပါးလေးကိုဖတ်ပြီးတော့
တစ်စုံတစ်ရာအကျိုးကျေးဇူးရရှိမယ်ဆိုရင်ဖြင့် ကျွန်တော့်အနေနဲ့
ဝမ်းသာမဆုံးဖြစ်မိမှာပါ။
လောကမှာ လူရယ်လို့ဖြစ်လာရင် အောင်မြင်ချင်တယ်၊ ချမ်းသာချင်တယ်။
အောင်မြင်အောင်၊ ချမ်းသာအောင် လုပ်ဖို့က အပြောကလွယ်တယ်၊ လက်တွေ့ကတော့
နည်နည်းခက်ခဲပါတယ်။ ဒါပေမယ့် ဘ၀မှာအောင်မြင်ချင်တယ်၊ ချမ်းသာချင်ရင်တော့
ခိုင်မာတဲ့စိတ်ဓါတ်၊ ထက်သန်တဲ့လုံ့လ၀ိရိယတို့ကို
ပညာဥာဏ်နဲ့ပေါင်းစပ်ရပါမယ်။ ဒါမှ လိုချင်သော ပန်းတိုင်ကိုရောက်မှာပါ။
အောင်မြင်မှုဆိုတာကလည်း လွယ်လွယ်နဲ့မရနိုင်ပါဘူး။ လွယ်လွယ်နဲ့ရနေတာလည်း
မှန်ကန်တဲ့ အောင်မြင်မှုမဖြစ်နိုင်ပါဘူး။ အခုရေတွင်းတူး၊
အခုရေကြည်သောက်ချင်လို့မရနိုင်ပါဘူး။ ခက်ခဲမှုတွေနဲ့ရလာတဲ့ အောင်မြင်မှု
ရေကြည်တစ်ပေါက်ဟာ အလွယ်တကူရလာတဲ့ မိုးပေါ်ကရေထက် အရသာပိုရှိပါတယ်။
တရုတ်စကားပုံတစ်ခုရှိပါတယ်။ နောက်ဆုံးပန်းတိုင်ဟာ
ခြေလှမ်းတစ်လှမ်းကစခဲ့တာတဲ့။ ဒါကြောင့် ကျွန်တော်တို့ခြေလှမ်းတွေကို
အခုပဲစလိုက်ပါစို့ …..။

စားပြီးဗိုက်လေး မလုပ်သေး၊ ဆာလွန်းသေးသည် နားဦးမည်၊ စောသေးတယ်ဟ နားဦးမှ၊
မိုးကချုပ်မည် တော်ဦးမည်၊ နေကပူတော့ သိပ်ပင်ပန်း၊ ချမ်းအေးလွန်းသည်
ကွေးဦးမည်၊ သည်လိုလူစားမကြီးပွား ဟူ၍လောကနိတိမှာ
အတိအလင်းညွှန်ကြားပြသဆုံးမထားပါတယ်။ ဒီလို ပျင်းရိပြီး
မဟုတ်တဲ့အကြောင်းပြချက်တွေနဲ့ဆင်ခြေပေး၊ ဘ၀ကို ရေစုန်မျော၊
လုံ့လ၀ိရီယနဲ့အားမစိုက်ဘဲ ဘိုင်ထေး-ဘေးထိုင်နေရင်တော့
ဘ၀မှာဆုံးရှုံးမှုတွေနဲ့သာ တွေ့ကြုံခံစားရမှာပါ။ အောင်မြင်ခြင်းရဲ့
ဆန့်ကျင်ဖက်ဟာလည်း ရှုံးနိမ့်ခြင်းပါပဲ။

♦ ဘ၀တွင် ရှုံးနိမ့်ရခြင်းတရား(၁၀)ပါးရှိပါတယ်။

၁။ ဘ၀တွင် တိကျပြတ်သားသော ရည်မှန်းချက်မရှိခြင်း။
၂။ အဆိုးမြင်ခြင်း၊ အပြုသဘော မဆောင်ခြင်း။
၃။ အတတ်ပညာမဲ့ခြင်း၊ အတတ်ပညာမဆည်းပူးခြင်း။
၎။ ဆုံးဖြတ်ချက်မချတတ်ခြင်း။
၅။ လူမှုဆက်ဆံရေး ညံ့ဖျင်းခြင်း။
၆။ ပြင်းပြထက်သန်သော စိတ်ထားမရှိခြင်း။
၇။ အယုံလွယ်ခြင်း၊ အယုံလွန်ခြင်း၊ အားနာတတ်ခြင်း။
၈။ ကြောက်ရွံ့ခြင်း၊ ရိုးရာအစွဲအလန်းကြီးခြင်း။
၉။ ရတာထက်ပိုသုံးခြင်း။
၁၀။ အမြင်သူဌေးဖြစ်လိုခြင်း။

ကိုယ့်ရဲ့ဘ၀မြင့်မားလာဖို့နဲ့စွမ်းဆောင်ရည်မြင့်မားလာဖို့
လုပ်ဆောင်စရာနည်းလမ်းများစွာထဲမှ လက်တွေ့အသုံးချ လို့ရမယ့်
နည်းလမ်းအချို့ကိုတင်ပြပေးပါမယ် ….
♦ မိမိကိုယ်ကိုယ် စီမံခန့်ခွဲခြင်း (Self Manangement)

ယနေ့ခေတ်ဟာ ပြိုင်ဆိုင်မှုတွေ အရှိန်မြင့်လာတာနဲ့အတူ စီမံခန့်ခွဲမှု
(Management) ဆိုတဲ့ ဝေါဟာရဟာ နေရာ တကာမှာ ခေတ်စားလာပါတယ်။ Marketing
Management , Account Management , Human Resources Manage- ment
စသည်ဖြင့် Management ဆိုတဲ့ စကားလုံးဟာ တော်တော့်ကို
လူကြိုက်များလာပါတယ်။ တကယ်တော့ ကုမ္ပဏီ တစ်ခုမှာ ကုမ္ပဏီတစ်ခုလုံးကို
ထိန်းကျောင်းဖို့ MD(Managing Director) ရှိသလို ကိုယ်ရဲ့ဘ၀မှာလည်း
ကိုယ့်ကိုယ်ကို ထိန်းကျောင်းဖို့ MD ရှိပါတယ်။ အဲ့ဒီ MD ကတော့
ကိုယ်ကိုယ်တိုင်ပါပဲ။ ကိုယ့်ရဲ့ဘ၀ကို
ကိုယ်ကိုယ်တိုင်စီမံခန့်ခွဲနိုင်မှသာ ဘ၀ရဲ့အောင်မြင်မှုအသီးအပွင့်တွေကို
ခံစားရမှာပါ။


♦ မိမိကိုယ်ကိုယ် စွမ်းဆောင်ရည်မြင့်မားအောင် ဘယ်လိုလုပ်မလဲ

လူတစ်ယောက်ရဲ့ဘ၀မှာအခြေအနေ မြင့်မားသည်ဖြစ်စေ၊ နိမ့်ကျသည်ဖြစ်စေ၊
ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည် ဖြစ်စေ၊
ကိုယ့်ရဲ့စွမ်းဆောင်ရည်(Performance)
ကတော့အမြဲမြင့်မားနေဖို့လိုအပ်ပါတယ်။ ဆရာဝန်ကြီးပဲဖြစ်ဖြစ်၊ဆိုက်ကား
သမားပဲဖြစ်ဖြစ်၊ ကုမ္ပဏီပိုင်ရှင်ပဲဖြစ်ဖြစ်၊ စာရေးလေးပဲဖြစ်ဖြစ်
ကိုယ်လုပ်နေရတဲ့လုပ်ငန်းနယ်ပယ်မှာ ကိုယ့်အတိုင်းအတာနဲ့
ကိုယ်စွမ်းဆောင်ရည် မြင့်မားနေဖို့လိုပါတယ်။ စွမ်းဆောင်ရည်မြင့်မားမှသာ
မိမိရဲ့လုပ်ငန်းနယ်ပယ်မှာ အောင်မြင်မှုရရှိပြီး ဘ၀အဆင့်အတန်းလည်း
အချိန်တိုအတွင်းမှာ အဆင့်ဆင့်မြင့်မားတိုးတက်လာနိုင်ပါတယ်။

စွမ်းဆောင်ရည်လို့ပြောတဲ့နေရာမှာ တကယ်တမ်းလုပ်ကြစတမ်းဆိုတော့
စွမ်းဆောင်ရည်မြင့်မားလာအောင် ဘယ်ကဘယ်လို စလုပ်ရမှန်းမသိကြတာများပါတယ်။
Performance နဲ့ပါတ်သက်ပြီး ကမ္ဘာ့ Management ဂုရုကြီးများ အကြားမှာ
အထူးရေပန်းစားကျော်ကြားတဲ့ Equation လေးတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ -

Quote:
စွမ်းဆောင်ရည် = လုပ်နိုင်စွမ်း x လုပ်ဆောင်စိတ် x အခွင့်အလမ်း
Performance = Ability x Motivation x Opportunity
လူတစ်ယောက်ရဲ့စွမ်းဆောင်ရည်(Performance) ကိုလိုချင်ရင်
လုပ်နိုင်စွမ်း(Ability)၊ လုပ်ဆောင်လိုစိတ်(Motivation)၊
လုပ်ဆောင်နိုင်ရန်အခွင့်အလမ်း(Opportunity) စတဲ့ကိန်းရှင်သုံးလုံးကို
မြှောက်ရမယ်လို့ ဒီညီမျှခြင်းကဆိုပါတယ်။ ဒီနေရာမှာ ကိန်းသုံးလုံးကို
ပေါင်းမထားဘဲ မြှောက်ထားတာကို အထူးသတိပြုရပါမယ်။ အမြှောက်ရဲ့သဘောက
ကိန်းတစ်လုံးသုညဖြစ်ရင် ကျန်တဲ့ကိန်းတွေဘယ်လောက်ပဲများများ ရလဒ်က
သုညဖြစ်မယ်ဆိုတဲ့သဘောပါ။ ဥပမာ - အသင်ဟာ
သင်ယူလိုစိတ်(Motivation)လည်းအပြည့်ရှိတယ်၊
သင်ယူနိုင်စွမ်း(Ability)လည်းအပြည့်ရှိတယ်။ ဒါပေမယ့်
သင်ယူနိုင်ခွင့်(Opportunity) မရှိဘူးဆိုရင်တော့ အသင့်ရလဒ်က ၁၀၀ x ၁၀၀ x
ဝ = ၀ ဆိုတဲ့အတိုင်း Performance Result က ဘာမှထွက်မလာနိုင်တဲ့သဘောပေါ့။
ဒီကိန်းတွေရဲ့အမြှောက်သဘောအရ လိုနေတဲ့ သင်ယူခွင့်ဟာ အနည်းငယ် ရရုံမျှ
အသင့်ရဲ့ သင့်ရဲ့ စွမ်းဆောင်ရည်(Performance) ဟာလည်း မြင့်တက်လာတာ
တွေ့ရမှာပါ။ ၁၀၀ x ၁၀၀ x ၅၀ = ၅၀၀၀၀၀ ပေါ့ဗျာ။ ဒါကြောင့်မို့
ကိုယ်ရဲ့စွမ်းဆောင်ရည်ကိုမြင့်မားအောင်ဆောင်ရွက်ချင်တဲ့ သင့်အနေနှင့်လည်း
ဒီကိန်းရှင် သုံးလုံးကို စနစ်တကျ ထိန်းညှိဆောင်ရွက်တတ်ကြဖို့
လိုအပ်ပါတယ်။
♦ ဘ၀စီမံကိန်း(Life Plan) စနစ်တကျချပါ။

ဘ၀ကိုရေစုန်မျောနေတာထက် စနစ်တကျ Plan နဲ့ကြိုးပမ်းနေတဲ့ သူတွေက
စွမ်းဆောင်ရည်မြင့်မားရေးအတွက် များစွာအဓိကကျပါတယ်။ မိမိကိုယ်ကိုယ်
စီမံခန့်ခွဲမှု(Self Management) ဆိုတဲ့နေရာမှာ ရှေးဦးစွာ အောင်မြင်ဖို့
စီမံကိန်း (Plan) ချရပါမယ်။ ကြီးကြီးမားအောင်မြင်မှုတိုင်းမှာ Plan
မရှိဘဲ၊ မတော်တဆအောင်မြင်ဖြစ်ထွန်း လာတယ်ဆိုတာ လုံးဝ (လုံးဝ)မရှိပါဘူး။
ယခုထိပ်တန်းအောင်မြင်နေတဲ့သူတွေအားလုံးမှာ မအောင်မြင်ကတည်းက
အခုလိုအောင်မြင်လာအောင် အခိုင်အမာ စီမံကိန်း(Plan)တွေရှိခဲ့ပါတယ်။
ဒါကြောင့်မို့် ကောက်ချက်ချနိုင်တာက Plan ရှိတဲ့သူတိုင်း
အောင်မြင်မယ်လို့ ရာနှုန်းပြည့်မဆိုနိုင်ပေမယ့်
အောင်မြင်တဲ့သူတိုင်းကတော့ Plan ရှိတယ် ဆိုတာပါပဲ။ ဒါကြောင့်မို့
ဘ၀မှာအောင်မြင်ချင်ရင် တော့ Plan ရှိရပါမယ်။

“Fail to plan is plan to fail” တဲ့။ အဓိပ္ပါယ်က Plan လုပ်ရန်ပျက်ကွက်တာဟာ
ကျဆုံးဖို့အတွက် Plan ဆွဲနေ ခြင်းပါတဲ့။ ကဲမိတ်ဆွေမှာလည်း Plan
တစ်ခုခုချပြီးပြီဆိုပါတော့။ အဲဒီ Plan
ကိုအကောင်အထည်မဖော်(Implementation) မလုပ်ရင်တော့ ဘာမှထူးလာမှာ
မဟုတ်ပါဘူး။ Plan တစ်ခုကို စပြီးအကောင်အထည်ဖော်ရင်တော့ အဲ့ဒီ Plan အတွက်
သက်ဆိုင်တဲ့ လုပ်ဆောင်မှု(Action) တွေ စဉ်ဆက်မပြတ် လုပ်ဆောင်ရပါမယ်။
နောက်ပြီး လုပ်ဆောင်မှုတွေကိုလည်း မှန်ကန်တဲ့လမ်းကြောင်း(Right Track)
ပေါ်မှာ ရှိမရှိ အမြဲမပြတ် ဆန်းစစ်(Check) ရပါမယ်။ တကယ်လို့
ကိုယ့်ရဲ့လုပ်ဆောင်ချက်တွေဟာ မူလချမှတ်ထားတဲ့ Plan နဲ့
မကိုက်ညီတော့ဘူးဆိုရင် မူလ Plan ကိုအောင်မြင်စေဖို့ လိုအပ်သလို
ပြန်လည်ပြင်ဆင်မှုတွေ လုပ်ရပါမယ်။ ဥပမာ အသင်ဟာ ငါးနှစ်အတွင်း သိန်းငါးရာ
အမြတ် ကျန်အောင် Plan ချထားတယ် ဆိုပါစို့။ ဒီ Plan အရ အသင်ဟာ တစ်နှစ်ကို
သိန်းတစ်ရာ မြတ်အောင်လုပ်ရပါမယ်။ တကယ့်လက်တွေ့မှာ
သိန်းတစ်ရာမမြတ်ဘူးဆိုရင်တော့ Plan ကို လိုအပ်သလို ပြုပြင်ရင်ပြုပြင်၊
ဒါမှမဟုတ် လိုအပ်တဲ့ Action တွေကို ထပ်မံဆောင်ရွက်
စသဖြင့်လုပ်ဆောင်ရပါမယ်။ ကိုယ်ချမှတ်ထားတဲ့ Plan တွေ လက်တွေ့မှာ အကောင်
အထည်ပေါ်လာဖို့၊ အောင်မြင်လာဖို့ဆိုရင် ကိုယ့် Plan အတွက်လိုအပ်တဲ့
ရင်းမြစ်(Resources) တွေဖြစ်တဲ့ ငွေကြေး၊ အချိန်စတာတွေကိုလည်း လိုအပ်သလို
ထပ်မံဖြည့်ဆည်းရပါမယ်။


ဒါကြောင့် အချုပ်အားဖြင့် Plan တစ်ခုချပြီးပြီဆိုတာနဲ့ ချထားတဲ့ Plan ကို
အောင်မြင်ဖို့ Action တွေ အဆက် မပြတ်လုပ်ဆောင်၊ Action တွေကို
မှန်ကန်မှုလမ်းကြောင်းပေါ်မှရှိရဲ့လားလို့ ဆန်းစစ်၊
ရင်းမြစ်တွေကိုလိုအပ်သလို ထပ်မံ ဖြည့်ဆည်းမယ်ဆိုရင်တော့ အသင်ရဲ့ Plan
ဟာအောင်မြင်မှာ မလွဲဧကန်ပါပဲ။ မိမိနိုင်ငံ၊ မိမိလူမှုပါတ်ဝန်းကျင်၊
မိမိဘ၀မှာ အောင်မြင်ထင်ရှားတဲ့ အမှတ်သညာ(Good Brand) ဖြစ်ချင်ရင်ဖြင့်
စနစ်တကျ Plan တွေချပြီး ဇွဲရှိရှိ၊ စိတ်အားသန်သန်ဖြင့်
အောင်မြင်အောင်ကြိုးစားရပါမယ်။
♦ အဆိုးမမြင်၊ အပြုသဘောဆောင်ခြင်း။

1 Plus 1 Equal to Greater Than 2 (1+1=>2) တစ်နဲ့တစ်ပေါင်းခြင်းဟာ
အမြဲတမ်း နှစ်ထက်ပိုရမယ် ဆိုတဲ့မူကို လက်ကိုင်ထားတဲ့သူဟာ အရာရာတိုင်းကို
အကောင်းမြင်ပြီး အောင်မြင်မှုကိုပဲ ရှေးရှုနေတတ်ကြတယ်။ သူတို့ ဘ၀မှာ
မဖြစ်နိုင်ဘူး(Impossible)ဆိုတာ မရှိဘူး။ Impossible စကားလုံးကိုတောင်
အကောင်းမြင်ပြီး “I am possible” (ငါဟာဖြစ်နိုင်တယ်) ဆိုတာပဲရှိပါတယ်။
“မဖြစ်နိုင်ဘူးဆိုတာမရှိဘူး၊ မဖြစ်သေးတာပဲရှိတယ်” ဆိုတဲ့စကားကိုပဲ
ကရားရေလွှတ် တတွတ်တွတ်ရွတ်ဆိုနေကြတဲ့သူတွေပါ။ နောက်ပြီး
အကောင်းမြင်စိတ်(Positive Mind Set) ရှိတဲ့လူရဲ့
နောက်ထပ်ဝိသေသလက္ခဏာတစ်ခုကတော့ စိတ်ခံစားမူစွမ်းရည်(Emotional Skil) ဟာ
သာမန်လူတွေထက် ပိုကဲ ပါတယ်။ သူတို့ဟာ ပြိုင်ဘက်တွေ ပျက်စီးရာ
ပျက်စီးကြောင်းကို ဘယ်တော့မှမလုပ်ပါဘူး။ အဲဒီအစား ပြိုင်ဘက်တွေနဲ့
ပူးပေါင်းပြီး အောင်မြင်မှုအသီးအပွင့်တွေကို အတူတကွ စားသုံးတတ်ကြပါတယ်။
အချင်းချင်းနှစ်ဦးနှစ်ဖက်အကျိုးရှိတဲ့ Win-Win Relationship တွေနဲ့
အောင်မြင်မှုတွေ ရယူတတ်ကြပါတယ်။ လူတစ်ယောက်ရဲ့ အောင်မြင်မှုဟာ
ထိုလူရဲ့ထားရှိတဲ့ စိတ်နေစိတ်ထား(Mind-Set) နဲ့လည်း အများကြီး
သက်ဆိုင်ပါတယ်။

♦ ကိုယ်ထူကိုယ်ထလေ့လာသင်ယူမှု(Self Learning) အလေ့အကျင့်ပြုလုပ်ပါ။

ဒီဘက်ခေတ်မှာတော့ ကျောင်းသင်ပညာရေး(Formal Learning) အပြင် အလွတ်ပညာရေး
(Informal Learning) ဟာ လူတစ်ဦးချင်းစီရဲ့ စွမ်းဆောင်ရည်မြင့်မားရေးအတွက်
များစွာအရေးပါလာပါတယ်။ သူငယ်တန်း၊ တက္ကသိုလ်ပညာရေး မှသည်
ဘွဲ့တစ်ဘွဲ့ရအောင် သင်ကြားလားခဲ့တဲ့ Formal Learning Education
လမ်းကြောင်းဟာ Self Development Process အတွက်
အဓိကပင်မလမ်းကြောင်းကြီးဖြစ်ပါတယ်။ တစ်ချို့က မဟာဘွဲ့၊ ဒေါက်တာဘွဲ့စတဲ့
ဘွဲ့လွန်ပညာရေးတွေ ကို အဆင့်ဆင့်သင်ကြားပြီး Self Development Process
ကို ပိုမိုအားကောင်းအောင် ဆောင်ရွက်ကြပါတယ်။ မိမိတို့လုပ်ငန်းခွင်
အသက်မွေးဝမ်းကျောင်းအလုပ်နဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ လူမှုဘ၀ထဲက
ကိုယ့်အတွက်တစ်ခုခု အသိပညာသုတတိုးအောင် စဉ်ဆက်မပြတ် သင်ယူနေကြရတာ
Informal Learning ပဲဖြစ်ပါတယ်။ ဥပမာ - လုပ်ငန်းခွင် ထဲမှာ
ကိုယ့်ထက်တော်တဲ့သူ တစ်ယောက်ယောက်ကိုတွေ့တာနဲ့ သူ့ဆီက
ထူးချွန်ထက်မြက်မှုကို ကိုယ့်ဆီကို ကူးစက် အောင်
ချက်ချင်းလေ့လာသင်ယူခြင်းအားဖြင့် ကိုယ့်ရဲ့စွမ်းဆောင်ရည်ကို စဉ်ဆက်မပြတ်
တိုးတက်နေအောင် ဆောင်ရွက် နိုင်ကြပါတယ်။ ဒါကိုပဲ ဘ၀တစ်လျှောက်လုံး
စဉ်ဆက်မပြတ်လေ့လာသင်ယူမှု(Life Long Learning)လို့ ခေါ်ဆိုနေကြ ခြင်းပါ။
အထူးသဖြင့် Formal Education ထက် Informal Education ဟာ
ဘ၀မှာအောင်မြင်မှုတွေရရှိဖို့အတွက် အဓိက အဆုံးအဖြတ်ပေးနိုင်ပါတယ်။
ကမ္ဘာကျော်စကားလေးတစ်ခွန်းရှိပါတယ်။ ‘Every one can teach, guide and
coach for you. But ever one cannot learn for you’ တဲ့။ ဆိုလိုတာက
ဘယ်သူမဆို သင့်အတွက် သင်ပေး၊ လမ်းညွှန်ပေး၊ နည်းပြ ပေးလို့ရတယ်။ ဒါပေမယ့်
ဘယ်သူကမှ သင့်ကိုယ်စားသင်ယူပေးလို့မရဘူးတဲ့။
ဒါကြောင့်ဖွံ့ဖြိုးတိုးတက်မှုအားလုံးဟာ ကိုယ့် ဘာသာ ကိုယ်လုပ်တဲ့အရာတွေ
‘All Development is self development’ လို့ဆိုပါတယ်။
♦ စာဖတ်ပါ (Reading)

ဟိုး ကမ္ဘာဦးအစကတည်းက ယနေ့အချိန်အထိ
လူသားတွေရဲ့ဘ၀ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရိုးရှင်းဆုံးနဲ့ အထိရောက်ဆုံး
ဆောင်ရွက်နိုင်တဲ့နည်းက စာဖတ်ခြင်းပါ။ ဘယ်လုပ်ငန်းနယ်ပယ်မှာပဲဖြစ်ဖြစ်
စာမဖတ်တဲ့သူတွေထက် စာဖတ်တဲ့သူတွေဟာ အမြဲနှာတစ်ဖျားသာနေတာကို
တွေ့ကြရပါလိမ့်မယ်။ ယနေ့ လက်ရှိနယ်ပယ်အသီးသီးမှာ ကမ္ဘာကြီး ကို
ဦးဆောင်နေသူတိုင်းဟာ စာဖတ်နာတဲ့ စာဂျပိုး(Book Worm) တွေဖြစ်ပါတယ်။
ဘ၀ကိုနည်းလမ်းတကျ ဖွံ့ဖြိုးတိုးတက် ဖို့ သုတစာပေကိုသာမက ရသစာပေကိုပါ
စနစ်တကျဖတ်ရှုဖို့ အထူးလိုအပ်ပါတယ်။ သုတစာပေက ဘ၀ကို ထိပ်တန်းရ အောင်
ကြိုးစားတဲ့နေရာမှာ တောင်တက်ကရိယာသဖွယ် ဆောင်ရွက်ပေးသလို ရသစာပေက
တောင်ပေါ်ကပြုတ်ကျတာနဲ့ အလားသဏ္ဍာန်တူတဲ့ အဆိုးလောကဓံတွေနဲ့ကြုံတွေ့တဲ့အခါ
ကျွန်တော်တို့ကိုခံနိုင်ရည်ရှိအောင် သင်ကြားပေးပါတယ်။ သုတစာပေရော
ရသစာပေပါဖတ်ခြင်းအားဖြင့် ထိပ်ဆုံးဘ၀ရောက်အောင်အထောက်အကူပြုစေမှာပါ။
ဒါကြောင့် ကမ္ဘာ့ ထိပ်တန်း ပုဂ္ဂိုလ်ကြီးတွေရဲ့ ပါးစပ်ဖျားမှာ - “Today
Reader, Tomorrow Leader” (ယနေ့စာဖတ်သူဟာ မနက်ဖြန် ခေါင်းဆောင်)
ဆိုတဲ့စကားလေး ရေပန်းစားလာတာ မဟုတ်ပါလား။

♦ သင်တန်းတက်ပါ (Training)

သင်တန်းဆိုတာကတော့ တိုးတက်လိုသူတွေရဲ့ဘ၀မှာ အမြဲတွေ့နေကြရမှာပါ။
အသက်ကြီးလာလို့၊ ရာထူးကြီး လာလို့ သင်တန်းမတက်ရတော့ဘူးဆိုတာ မရှိပါဘူး။
အမှန်က ဘ၀မြင့်မားလေလေ သင်တန်းတက်ရတာတွေများလာ လေလေပါ။
သင်လည်းစွမ်းဆောင်ရည်မြင့်မားလာအောင် သင့်လျော်ပြီး အကျိုးရှိမယ့်
သင်တန်းတစ်ခုခုကိုတက်ဖို့ စီစဉ် လိုက်ပါတော့။

♦ TV ကြည့်ပါ၊ Internet သုံးပါ။

TV ကြည့်တဲ့နေရာမှာ ဖျော်ဖြေရေးဆိုတာထက်
ဖျော်ဖြေရေးနဲ့ပညာရေးပေါင်းစပ်ပြီး Edutainment ပုံစံမျိုး
အသုံးချတတ်ဖို့ လိုပါတယ်။ ကြည့်တတ်ရင် TV Channel တွေမှာ
လေ့လာသင်ယူစရာတွေ အများကြီးပါ။ ချက်နည်း၊ ပြုတ်နည်းကအစ Specking,
Listening Skill တက်လာအောင် English တွေကြည့်တာမျိုးအထိ
ဆောင်ရွက်လို့ရပါတယ်။ ဟိုးအရင်က အကြောင်းအရာတစ်ခုသိချင်ပြီဆိုရင်
စာအုပ်တွေ၊ စာကြည့်တိုက်တွေမှာ မွှေနောက်ရှာဖွေမှသာ သိရှိနိုင်ပါ တယ်။
ယနေ့ခေတ်မှာတော့ Internet တက်ပြီး Google မှာ
ကိုယ်သိချင်တဲ့စာလုံးလေးရိုက်ထည့်လိုက်တာနဲ့ စက္ကန့်ပိုင်း အတွင်း
ကိုယ်သိချင်တဲ့အကြောင်းအရာကို ခဏတွင်းချင်း သိနိုင်ပါတယ်။ ဒါကြောင့်မို့
အင်တာနက်ခေတ်မှာ အင်တာနက် အခြေပြုသင်ယူမှု (Web-based Learning)
လုပ်နိုင်သူတွေဟာ စွမ်းဆောင်ရည်မြင့်မားလာကြပါတယ်။

♦ ဆွေးနွေးပွဲများ၊ ဟောပြောပွဲများကိုတက်ရောက်ပါ။

ဒီဘက်ခေတ်မှာဘာသာရပ်စုံ၊ လုပ်ငန်းနယ်ပယ်စုံအတွက် ဆွေးနွေးပွဲတွေ၊
ဟောပြောပွဲ တွေကို တော်တော် များများပြုလုပ်လာကြပါပြီ။ ဒါဟာ
ကျွန်တော်တို့ရဲ့လူအဖွဲ့အစည်းအတွက် ကောင်းတဲ့ပြောင်းလဲမှုပါ။
ကိုယ့်ရဲ့စွမ်းဆောင် ရည်မြှင့်တင်မြင့်မားလိုနေသူတွေအတွက် သက်ဆိုင်ရာ
ဆွေးနွေးပွဲ၊ ဟောပြောပွဲတွေကို မကြာခဏတက်ရောက်ပြီး Performance
မြင့်မားလာအောင်ဆောင်ရွက်သင့်ကြပါတယ်။
♦ လူမှုအပေါင်းအသင်း(Social Relationship) ကောင်းပါစေ

ကျွန်တော်တို့နေ့စဉ်ထိတွေ့ဆက်ဆံပါတ်သတ်နေရတဲ့ အပေါင်းအသင်း
အသိုင်းအ၀ိုင်းကလည်း ကျွန်တော်တို့ရဲ့
တစ်ကိုယ်ရည်ဖွံ့ဖြိုးတိုးတက်မှု(Self
Development)အတွက်များစွာသက်ရောက်မှုရှိပါတယ်။ မင်္ဂလာတရားတော်လာ
‘အသေ၀နာစဗလာနံ’ ဆိုတဲ့အတိုင်း၊ ‘တံငါနားနီးတံငါ မုဆိုးနားနီးမုဆိုး’
ဆိုတဲ့ စကားအတိုင်း အရည်အသွေးရှိတဲ့ အပေါင်း အသင်းတွေနဲ့
ဆက်ဆံပါတ်သက်နေတဲ့သူဟာ အရည်အသွေးမရှိတဲ့ အပေါင်းအသင်းတွေနဲ့
ဆက်ဆံပါတ်သက်နေတဲ့သူ တွေထက် Self Development ဖြစ်ဖို့များပါတယ်။
ကိုယ့်ထက်အရည်အသွေးရှိတဲ့၊ ဆက်ဆံရေးပြေပြစ်ကောင်းမွန်တဲ့
အပေါင်းအသင်းတွေနဲ့ ဆက်ဆံပြောဆိုပေါင်းသင်းရာကနေ သူတို့အရည်အသွေး၊
ထူးချွန်ထက်မြက်မှုတွေ ကိုယ့်ဆီကို ကူးစက်လာနိုင်သလို၊ သူတို့ဆီကလည်း
ကိုယ်ကပြန်လည်သင်ယူနိုင်ပါတယ်။ ဘ၀မှာ သင်ယူမှု (Learning) ဆိုတာ ဘယ်တော့မှ
ပြီးတယ်ဆိုတာမရှိပါဘူး။ ဒါကြောင့်မို့ Life Long Learning
လို့ပြောကြတာပါ။

“ဂဏန်း၊ ပုတ်သင်၊ ၀ါးပင်၊ လိပ်မျိုး၊ နွားသိုး၊ ခွေးအ၊ ဤခြောက်ဝ
လူတွင်မပေါင်းရ၊ ပေါင်းမိသူက လောက၀ယ် ဂုဏ်ငယ်ပျက်လေစွ” လို့ လောကနိတိမှာ
မှတ်သားဖွယ်တွေ့ရှိနိုင်ပါတယ်။ (ကိုယ်ဦးဆောင်တဲ့နောက်ကိုလည်းမလိုက်၊
သူကလည်းဦးမဆောင်နိုင်ဘဲ ဆန့်ကျင်ရာလားတတ်သော ဂဏန်းလိုလူ၊ ပြောသမျှကို
အယုံလွယ်၊ အယုံလွန်ပြီး ကောင်းသည် ဆိုးသည်ကို မခွဲခြားတတ်ဘဲ
ခေါင်းညိတ်ဖို့သာတတ်သော ပုတ်သင်ကဲ့သို့လူ၊ မိမိအပေါ်သစ္စာမစောင့်စည်းဘဲ
ကိုယ်ကျိုးအတွက်လေတိုက်ရာယိမ်းတတ်သော ၀ါးပင်ကဲ့သို့လူ၊ဘယ်သူသေသေ
ငတေမာရင်ပြီးရောလို့စိတ်ထားတတ်ပြီး ကိုယ်ကျိုးစိးပွားကိုသာ သိတတ်၊
ကိုယ်ဖက်ကိုယ်ယက်တဲ့ လိပ်နဲ့တူသောလူ၊ အရာရာကို မစူးစမ်းမဆင်ခြင်ပဲ
ကမူးရူးထိုးနဲ့ မိုက်ရူးရဲဆန်တတ်သော နွားသိုးနဲ့တူသောလူ၊
အမြဲတမ်းကောက်ကျစ်စဉ်းလဲပြီး မိမိအပေါ်ကို မလိုတမာစိတ်ရှိနေသော
ခွေးအလိုလူမျိုးတို့ကိုလည်း ရှောင်ကြဉ်ရပါမယ်။
ဒီလိုလူမျိုးတွေနဲ့ပေါင်းမိရင်တော့ မိမိဂုဏ်သရေကို ထိခိုက်စေနိုင်ပါတယ်။)
♦ ကိုယ့်ကိုယ်ကိုယ် စမတ်ကျအောင်နေပါ။ ယုံကြည်မှုရှိပါ၊

ကျွန်တော်တို့ နေ့စဉ်ဘ၀မှာ လုပ်ငန်းတာဝန်တွေ
ရှင်သန်လှုပ်ရှားဆောင်ရွက်ကြတဲ့နေရာမှာ ကိုယ့်ကိုယ်ကိုယ် စမတ်ကျအောင်
နေထိုင်တတ်ဖို့ဟာ ဘ၀မှာအောင်မြင်မှုတွေရနိုင်ဖို့အတွက် အလွန်အရေးပါပါတယ်။
နေ့စဉ်လူမှုရေး၊ စီးပွားရေး လုပ်ငန်းတွေကို ဆောင်ရွက်ကြတဲ့နေရာမှာ
တစ်ယောက်နဲ့တစ်ယောက်စစတွေ့တွေ့ခြင်းမှာ ၀တ်စားဆင်ယင်မှု၊ ရုပ်လက္ခဏာတွေနဲ့
ဆုံးဖြတ်လေ့ရှိပါတယ်။ စမတ်ကျနသပ်ရပ်မှုဟာ လူတစ်ဦးတစ်ယောက်စီရဲ့
ပင်ကိုယ်ရုပ်လက္ခဏာတွေ နဲ့ သိပ်ပြီးမဆိုင်လှပါဘူး။ အဲဒါထက် လူတစ်ဦးစီရဲ့
ဝတ်စားဆင်ယင်မှု၊ ကိုယ်ဟန်အမှုအရာ၊ ပြောပုံဆိုပုံ၊ နေပုံထိုင်ပုံတွေနဲ့ သာ
များစွာသက်ဆိုင်ပါတယ်။ အနောက်တိုင်းဝတ်စုံပဲဝတ်ဝတ်၊
မြန်မာဝတ်စုံပဲဝတ်ဝတ်၊ ခေတ်ပေါ်လူငယ်စတိုင်ပဲဝတ်ဝတ်၊ ကိုယ်နဲ့ Fitting
ကျပြီး သပ်သပ်ရပ်ရပ် စမတ်ကျအောင် ဂရုပြုဝတ်ဆင်ပါ။ နောက်ပြီး ၀တ်ဆင်မယ့်
အ၀တ်အစားကို ရွေးချယ်တဲ့နေရာမှာ ကိုယ်သွားမယ့်နေရာဌာန၊
ပွဲလမ်းသဘင်နဲ့ကိုက်ညီမယ့် အ၀တ်အစားမျိုးကို ရွေးချယ်ဝတ်ဆင်တတ်ရ ပါမယ်။
တစ်ဦးနဲ့တစ်ဦး အပြန်အလှန်စကေားပြောဆိုဆက်ဆံကြတဲ့ နေရာမှာလည်း
ကာလဒေသအလိုက် တိုးတိုးတစ်မျိုး၊ ကျယ်ကျယ်တစ်ဖုံ ပြောဆိုတတ်ရပါမယ်။
နောက်ပြီး စမတ်ကျလိုသူတိုင်း အထူးသတိပြုရမှာက အခေါ်အဝေါ်ပါ။ လူပေါင်းစုံ၊
အသက်အရွယ်အဆင့်အတန်းအလိုက် ယဉ်ကျေးစွာပြောဆိုဆက်ဆံ ဆောင်ရွက်ခြင်းဖြင့်
ပိုမိုစမတ်ကျပြီး ကိုယ်ရဲ့အဆင့်အတန်းကို တက်စေပါတယ်။
နောက်စကားပြောတဲ့အခါမှာ စကားကို ပီပီသသ၊ ရဲရဲတင်းတင်းနဲ့ ပုံမှန်
ပြောဆိုပါ။ ယောက်ကျားဖြစ်နေပါလျှက် မိန်းကလေးလို ချွဲနွဲ့ပြောဆိုတာမျိုး၊
ကလေးကလားဆန်တာမျိုး မပြောမိအောင် ဂရုစိုက်ရပါမယ်။

ဘယ်နေရာပဲသွားသွား၊ ဘာပဲလုပ်လုပ်
ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိနေဖို့ကလည်း အရေးကြီးပါတယ်။ ကိုယ့်
ကိုယ်ကိုယ် မယုံရဲဖြစ်နေသူ၊ ရှက်ကိုးရှက်ကန်းဖြစ်နေသူတစ်ယောက်ဟာ ဘယ်လိုမှ
စမတ်မကျနိုင်ဘူးဆိုတာကတော့ အသေအချာပါပဲ။ နောက်ပြီး လောကမှာလိုက်နာရမယ့်
ထုံးတမ်းစဉ်လာများနဲ့ ကျင့်ဝတ်များကိုလည်း သင်ယူရပါမယ်။
သူတစ်ပါးပြောဆိုနေတာကို စိတ်ဝင်းတစားနားထောင်တတ်ခြင်းဟာလည်း
စမတ်ကျခြင်းရဲ့ ၀ိသေသလက္ခဏာတစ်ရပ်ပါပဲ။
ကမ္ဘာကျော်စကားပြောအကောင်းဆုံးဆိုတဲ့ပုဂ္ဂိုလ်တွေဟာ တစ်ချိန်တည်းမှာပဲ
နားအထောင်းဆုံးပုဂ္ဂိုလ်တွေ ဖြစ်နေတယ် ဆိုတာကိုလည်းတွေ့ရမှာပါ။
သင်လည်းစမတ်ကျအောင် အာရုံစိုက်နားထောင်ကြည့်လိုက်ပါ။
စမတ်ကျတဲ့သူဖြစ်ချင်ရင် လျှောက်တဲ့ ခြေလှမ်းတိုင်းမှာ
ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနဲ့ လမ်းလျှောက်ရပါမယ်။
ဆောင့်ကြွားဆောင့်ကြွားပုံစံမျိုးမဟုတ်ပဲ
ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိတဲ့ပုံစံမျိုးနဲ့
မားမားမတ်မတ်လမ်းလျှောက်ရပါမယ်။ တစ်ကိုယ်ရည်သန့်ရှင်းမှုကလည်း
စမတ်ကျဖို့အတွက်များစွာ အရေးပါပါတယ်။ ခြေသည်းလက်သည်း၊ မုတ်ဆိတ်မွှေးက အစ
စမတ်ကျကျသန့်ရှင်းနေဖို့လိုပါတယ်။ နောက်အရေးကြီးတာက ခံတွင်းနံ့ပါ။
တကယ်လို့ အသင်ဟာ ခံတွင်းနံ့ဆိုးစေတဲ့
အစားအစာမျိုးတွေကိုကြိုက်နှစ်သက်တယ်ဆိုရင် ပီကေ၊ငုံဆေး စတာမျိုးတွေကို
ဆောင်ထားသင့်ပါတယ်။
♦ အားမနာပါနဲ့

အားနာလျှင် အားပါ၏ဟုဆိုသည်။ အားနာတတ်သူများသည်ကိုယ်ဘက်က အားအင်များ
ပေးလိုက်ရသည်။ အားနာတတ်ခြင်းနှင့် ငဲ့ကွက်တတ်ခြင်းခြင်းဟာ
ကြောက်ခြင်းတစ်မျိုးဖြစ်လို့ မိမိရဲ့အကျိုးစီးပွားကို ပျက်စီးစေပါတယ်။
အဖက်ဖက်မှာ အားနာတဲ့လူတစ်ယောက်ဟာဘယ်သောအခါမှ အောင်မြင်ကြီးပွားမှာ
မဟုတ်ပါဘူး။ အားနာပါတယ်ဆိုတဲ့ စကားဟာ ရေရှည်မှာဆက်ဆံရေးကို
ဖျက်ဆီးခြင်းဖြစ်ပါတယ်။ လောက၌ ကိုယ်ကပေးစရာလျှင်ပေးရသလို ကိုယ်က
ရစရာရှိလျှင်လည်း ရအောင်တောင်းယူရမည်ဖြစ်တယ်။ မှတ်သားထားဖို့က အသင်ရဲ့
အားနာတတ်ခြင်းဟာ အသင့်ရဲ့ ကိုယ်ရည်ကိုယ်သွေး ညံ့နေသေးတာကို
ဖော်ပြနေခြင်းပဲ ဖြစ်ပါတယ်။

လူတစ်ယောက်အောင်မြင်လာဖို့ဟာ ချက်ချင်းလုပ်၊ ချက်ချင်းအောင်မြင်လာမှာ
မဟုတ်ပါဘူး။ ကိုယ့်ရဲ့ ဥာဏ်စွမ်း၊ ၀ိရိယစွမ်းတွေနဲ့
အစွမ်းကုန်ကြိုးစားပါမှ အောင်မြင်မှာပါ။ အခုရေတွင်းတူး
အခုရေကြည်သောက်ဖို့မလွယ်ပါဘူး။ အဲဒါကြောင့်
လူတော်တစ်ယောက်ချက်ချင်းဖြစ်ဆိုတာလည်း ဒီလိုပါပဲ။
လူတော်တစ်ယောက်မဖြစ်သေးသော်လည်း လူတော် တစ်ယောက်ဖြစ်အောင်ကြိုးစားနေတဲ့သူ
တော့ဖြစ်ရမှာပေါ့နော်။ လူတစ်ယောက်အောင်မြင်ဖို့
နည်းလမ်းတွေအများကြီးရှိတဲ့ အထဲက အထက်ဖော်ပြပါ အချက်တွေက
လက်တွေ့ကျင့်ကြံနိုင်တဲ့ အချက်အလက်တွေပဲဖြစ်ပါတယ်။ ကျွန်တော်ကတော့
လူတစ်ယောက်အောင်မြင်နေတာဟာ သူ့အကျိုးစီးပွားရေးအတွက်ပဲ အောင်မြင်နေတာကို
အောင်မြင်တယ်လို့ မဆိုလိုချင် ပါဘူး။ လူပါတ်ဝန်းကျင်
အကျိုးစီးပွားရေးအတွက်ပါ အောင်မြင်နေတဲ့လူမျိုးကိုသာ
အောင်မြင်တယ်လို့မြင်ပါတယ်။ဒါကြောင့် ကျွန်တော်တို့တွေလည်း
ကိုယ့်အတွက်အောင်မြင်အောင်ကြိုးစားနေသလို ကိုယ့်ပါတ်ဝန်းကျင်အတွက်ပါ
အကျိုးရှိစွာ အောင်မြင်နေသော လူတော်တွေဖြစ်အောင် ကြိုးစားကြပါစို့။
အောင်မြင်တဲ့ ပန်းတိုင်ရောက်အောင် ကျွန်တော်တို့ ခြေလှမ်း တွေကို
စလှမ်းလိုက်ကြပါစို့။
kyalmin8@gmail.com from  Myanmarfamily forum
You might also like:

Saturday, June 15, 2013

Security


PDF
Print
E-mail

Monday, 08 February 2010 09:20
Certificate Authority (CA) အကြောင်းသိကောင်းစရာ
ကျွန်တော်အခုဖော်ပြပေးမယ့် အကြောင်းလေးကတော့ Certificate Authority (CA) အကြောင်းလေးပဲဖြစ်ပါတယ်။ CA
ဆိုတာကတော့ Digital Certificate ကို အသုံးပြုထားတဲ့ လုံခြုံမှုပိုင်းဆိုင်ရာ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ CA ဟာ PKI
လို့ခေါ်တဲ့ Public Key Infrastructure Cryptography နည်းလမ်းကိုအသုံးပြုပြီး လုံခြုံမှုပိုင်းဆိုင်ရာ Security ကို
ပြုလုပ်ထားတာပဲဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ Certificate Authority Service ကို အသုံးပြုမယ်ဆိုရင် Certificate
Authority Server ကိုထိုင်ပေးရမှာဖြစ်ပါတယ်။ Certificate Authority လို့ခေါ်တဲ့ CA Server ကို ထိုင်ထားမယ်ဆိုရင် CA
Server ထဲမှာ Digital Certificates တွေကို သိမ်းဆည်းပေးထားမှာဖြစ်ပါတယ်။ ၎င်း Digital Certificates တွေထဲမှာတော့
Public Key များရှိနေမှာဖြစ်ပါတယ်။ Certificate Authority Server ကို အဓိက အနေနဲ့ပြုလုပ်ပေးထားတာကတော့ Web
Server, Mail Server နှင့် VPN Servcer အစရှိတဲ့ Server တွေရဲ့ လုံခြုံမှုပိုင်းဆိုင်ရာမှာ အသုံးပြုနိုင်အောင်
ပြုလုပ်ထားတာဖြစ်ပါတယ်။ Certificate Authority (CA) Server မှာ အမျိုးအစား (4)မျိုးရှိမှာဖြစ်ပါတယ်။
အဲဒါတွေကတော့
- Enterprise Root CA
- Enterprise Sub-ordinate CA
- Stand-alone Root CA
- Stand-alone Sub-ordinate CA တို့ပဲဖြစ်ပါတယ်။

Enterprise Root CA

Enterprise Root CA ဆိုတာကတော့ Active Directory Database ဖြင့် တွဲဖက်အသုံပြုရတဲ့ Server ပဲဖြစ်ပါတယ်။
Enterprise Root CA Server ကို ပြုလုပ်တော့မယ်ဆိုရင်တော့ Server တစ်လုံးထဲပဲပြုလုပ်လို့ရမှာဖြစ်ပါတယ်။ သို့သော်
Enterprise Root CA သည် Sub-ordinate CA Server ကို ဖန်တီးလို့ရပါတယ်။

Enterprise Sub-ordiante CA

Enterprise Sub-ordinate CA ဆိုတာကတော့ Enterprise Root CA Server မှချပေးတဲ့ Certificate တွေကို
အလိုအလျောက် လက်ခံသိမ်းမည်းထားပြီး မိမိထဲမှာရှိတဲ့ Certificate တွေကို အခြား user နှင့် computer များကို Access
လုပ်ခိုင်းတာဖြစ်ပါတယ်။

Stand Alone Root CA

Stand Alone Root CA ကိုအသုံးပြုမယ်ဆိုရင်တော့ Active Directory Infrastructure မဟုတ်တဲ့ နေရာမျိုးမှာ
Stand Alone Root CA ကို အသုံးပြုလို့ရပါတယ်။ ဆိုလိုချင်တာကတော့ Active Directory မရှိလဲ Stand Alone
အနေဖြင့် CA Server ကို အသုံးပြုလို့ရမှာဖြစ်ပါတယ်။ အထက်မှာဖော်ပြခဲ့တဲ့ Enterprise Root CA ဆိုတာကတော့
Active Diretory Infrastructure ရှိမှသာလျှင် အသုံးပြုလို့ရမှာပဲဖြစ်ပါတယ်။

Stand-alone Subordinate CA

Stand-alone Subordinate CA ဆိုတာကတော့ Stand Alone Root CA Server ကနေရာချပေးတဲ့ Certificate
တွေကိုလက်ခံသိမ်းဆည်းထားပေးပြီး အလိုအလျောက် အခြား user များနှင့် client computers များကို
ပြန်လည်သတ်မှတ်ပေးတဲ့ server ပဲဖြစ်ပါတယ်။ Stand-alone subordinate CA Server ကို အသုံးပြုမယ်ဆိုရင်တော့
Stand-alone Root CA Server ရှိမှသာလျှင် အသုံးပြုလို့ရမှာဖြစ်ပါတယ်။ ကဲဒါဆိုရင် CA လို့ခေါ်တဲ့ Certificate
Authority Server အကြောင်းကို သိရှိနားလည်မယ်လို့ ထင်ပါတယ်။



+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++



PDF
Print
E-mail
User Rating: / 0
PoorBest 
Thursday, 21 January 2010 04:45
Wireless Network Security အမျိုးအစားများအကြောင်းသိကောင်းစရာ
Security ဆိုတာကတော့ network မှာအရမ်းကိုအရေးကြီးတဲ့ အပိုင်းတစ်ခုဖြစ်မယ်ဆိုတာ
စာဖတ်သူ တို့သိနေမယ်ထင်ပါတယ်။ ဒါကြောင့် အခုကျွန်တော်တို့တွေ ချိတ်ဆက်နေတဲ့ Wireless LAN

Network ရဲ့ security အပိုင်းကို စာဖတ်သူတို့နားလည်သွားအောင်လို့ ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

wireless ကို ထုတ်လုပ်ထားတဲ့ technology တွေကတော့ အများကြီးပဲဖြစ်ပါတယ်။ ဒါပေမယ့်

ကျွန်တော်တို့တွေ ပုံမှန်ချိတ်ဆက်နေတဲ့ wireless LAN ဆိုတာကတော့ Wi-Fi လို့ခေါ်တဲ့ Wireless

Network Technology ကို အသုံးပြုထားတာပဲ ဖြစ်ပါတယ်။ Wi-fi ရဲ့ အရှည်ကတော့ Wireless Fidilety

လို့ခေါ်ပါတယ်။ Wi-fi ကို အဓိက အသုံးပြုထားတာကတော့ Wireless Local Area Network ရှိ

ချိတ်ဆက်မှုပြုလုပ်တဲ့နေရာတွေမှာ အသုံးပြုတာ ပဲဖြစ်ပါတယ်။ IEEE မှ Wi-fi ကို standard

သတ်မှတ်ထားတာကတော့ IEEE 802.11a, IEEE802.11b နှင့် IEEE802.11g တို့ပဲဖြစ်ပါတယ်။ Wi-fi

Technology ကို အသုံးပြုပြီး network ချိတ်ဆက်မယ်ဆိုရင်တော့ Data တွေကို

သယ်ယူသွားနိုင်တဲ့ပမာဏသည် 54Mbps ရှိမှာဖြစ်တယ်။ Wi-fi Network ချိတ်ဆက်ရာမှာ အသုံးပြုတဲ့

security တွေကတော့ -

Service Set Identifier (SSID)
MAC Filtering
WEP
WPA
တို့ပဲဖြစ်ပါတယ်။
SSID (Service Set Indentifier)

Wi-fi Network တွေချိတ်ဆက်ရာမှာ SSID ကို အသုံးပြုပြီးချိတ်ဆက်ကြပါတယ်။ အဲဒီလို

ချိတ်ဆက်ရာမှာ Wireless client တွေသည် SSID channel ကိုရှာဖွေပြီး ချိတ်ဆက်ရတာဖြစ်ပါတယ်

အဲဒီမှာ ကျွန်တော်တို့တွေသည် SSID channel အား broadcast လုပ်ထားတာကို disable ပြုလုပ်ခြင်းဖြင့်

မိမိရဲ့ SSID ကို အခြား wireless client computer များမတွေ့နိုင်အောင် ပြုလုပ်နိုင်ပါတယ်။

MAC Filtering
MAC Filtering ဆိုတာကတော့ ကျွန်တော်တို့တွေ အသုံးပြုနေတဲ့ Wired Network Card

တွေမှာ ပါရှိတဲ့ MAC Address တွေကို ပိတ်ဆို့တဲ့ security ပဲဖြစ်ပါတယ်။ MAC ဆိုတာကတော့ (Media

Access Control) လို့ခေါ်ပါတယ်။ MAC address သည် 48bits ဖြင့် အလုပ်လုပ်ပါတယ်။

ကျွန်တော်တို့တွေသည် Wireless Network ရှိ security မှာ MAC filtering ကို အသုံးပြုခြင်းဖြင့် မိမိရဲ့

wireless network အတွင်းသို့ အခွင့်မရှိတဲ့ user များဝင်ရောက်ခြင်းမပြုနိုင်အောင် ပြုလုပ်နိုင်ပါတယ်။


Wired Equivalent Privacy (WEP)
Wired Equivalent Privacy လို့ခေါ်တဲ့ WEP ကတော့ Wireless Network ရဲ့ security

protocol ပဲဖြစ်ပါတယ်။ WEP အလုပ်လုပ်ဆောင်တာကတော့ TKIP (Tempral Key Integrity Protocol)

လုပ်ဆောင်ခြင်း နှင့် AES (Advance Encryption Standard) လုပ်ဆောင်ခြင်းဆိုပြီး အလုပ်လုပ်ဆောင်ပုံ

(2)မျိုးရှိပါတယ်။  WEP သည် Wireless Security အတွက် Encryption လုပ်ဆောင်ရာတွင် 64bits နှင့်

128 bits encryption (2)မျိုး ရှိပါတယ်။ ထိုသို့ encryption လုပ်ဆောင်ရာတွင်လည်း hexa decimal

number ဖြင့် encrypt လုပ်ခြင်းနှင့် ASCII ဖြင့် encrypt လုပ်ခြင်း (2)မျိုးရှိမှာဖြစ်ပါတယ်။

ကျွန်တော်တို့သည် ASCII ဖြင့် encryption ဖြင့် encryption လုပ်မယ်ဆိုရင် character letter များဖြင့်

သတ်မှတ်နိုင်သည်။ ASCII 64 bit ကို အသုံးပြုရင် character 5လုံးအတိအကျပေးရမှာဖြစ်ပါတယ်။ ASCII

128bit ကို အသုံးပြုရင်တော့ character 13လုံးကိုအတိအကျပေးရမှာ ဖြစ်ပါတယ်။


Wi-fi Protected Access (WPA)
Wi-fi Protected Access (WPA) ကဘဲ wireless network ရဲ့ security protocol

ပဲဖြစ်ပါတယ်။ WPA မှာအမျိုးအစားခွဲခြားထားတာတွေရှိပါတယ်။ အဲဒါတွေကတော့ WPA, WPA2,

WPA-PSK နှင့် WPA-PSK2 တို့ပဲ ဖြစ်ပါတယ်။ WPA နှင့် WPA version2 protocol ကတော့ RADIUS

server နှင့်ချိတ်ဆက်ဖို့ရန်အတွက် အသုံးပြုထားတဲ့ procol ဖြစ်ပြီး WPA-PSK နှင့် WPA-PSK version 2

ကတော့ wi-fi client computer များနှင့်ချိတ်ဆက်ဖို့ရန်အတွက် အသုံးပြုတာဖြစ်ပါတယ်။ WPA က

encryption အတွက်လုပ်ဆောင်ရာမှာ pre-share key ဖြင့်လုပ်ဆောင်ပါတယ်။ ကဲဒီလောက်ဆိုရင်

wireless network နဲ့ပတ်သတ်တဲ့ security အကြောင်းကို နားလည်မယ်လို့ထင်ပါတယ်။





++++++++++++++++++++++++++++++++++++++++++++++++++++++++++++




PDF
Print
E-mail
User Rating: / 0
PoorBest 
Thursday, 21 January 2010 06:29
Authentication မှ Kerberos အကြောင်းသိကောင်းစရာ
Kerberos ဆိုတာကတော့ Network Authentication Protocol ပဲဖြစ်ပါတယ်။ Kerberos အလုပ်လုပ် တာကတော့
Symmetric Cryptographic Algorithm ဖြင့် အလုပ်လုပ်ပါတယ်။ Kerberos ဆိုတဲ့နာမည်ကို ရရှိလာတာကတော့
Mythological three headed dog မှရရှိလာတာဖြစ်ပါတယ်။ Three headed ဆိုတာကတော့ client, server နှင့်
trusted authority တို့ဖြစ်ပါတယ်။ အဲဒီ client, server နှင့် trusted authority ကိုတော့ Key Distribution Center
(KDC) လို့ခေါ်ပါတယ်။ Key Distribution Center ဆိုတာကတော့ လျှို့ဝှက်ချက်တွေကို
သိမ်းဆည်းပေးထားတဲ့နေရာဖြစ်ပါတယ်။ Kerberos Authentication အလုပ်လုပ်တဲ့ပုံစံကို ဥပမာအနေနဲ့ဖော်ပြရရင်တော့
ကျွန်တော်တို့မှာ Youth ဆိုတဲ့ Network တစ်ခုရှိမယ်ဗျာ၊ အဲဒီ network ထဲမှာ Domain Controller တစ်ခုရှိပါမယ်။
အဲဒီမှာ Su Su ဆိုတဲ့ user သည် Youth Network ထဲက Domain Controller ရဲ့ member တစ်ယောက်ဖြစ်ပါတယ်။
ဒါဆိုရင် Su Su မှာ Domain Controller က ချပေးထားတဲ့ password or share secret key ရှိပါမယ်။ Su Su ဆိုတဲ့
user က Youth Network ထဲက client computer login ၀င်တဲ့နေရာမှာ သူ့ရဲ့ user name နှင့် password ကိုထည့်ပြီး
login ၀င်ပါမယ်။  Su Su စပြီး login ၀င်တဲ့နေရာမှာ client computer မှ password ကို clear text ဖြင့်
Authentication Server (AS) ဆီ ပို့ဆောင်ပေးလိုက်ပါတယ်။ အဲဒီမှာ Authentication Server (AS) က Su Su ရဲ့
password ကို key generate လုပ်လိုက်ပြီး Windows Sever ရဲ့ database မှာမြင်တွေ့ပါတယ်။ အဲဒီအခါမှာ AS က
client computer ရဲ့ database ကိုပြန်လည်၍ check လုပ်ပါတယ်။ client ရဲ့ database ကိုလည်း မြင်တွေ့ရပြီဆိုတာနဲ့
AS က message (2)ကို client computer ဆီသို့ပို့ဆောင်ပေးပါတယ်။ အဲဒီ message ကတော့ Ticket Granting
Server (TGS) နှင့် Ticket Granting Ticket (TGT) တို့ဖြစ်ပါတယ်။ client computer မှာ အဲဒီ TGS နှင့် TGT တို့ကို
လက်ခံရရှိချိန်မှာ Ticket Granting Server (TGS) message ကိုပြန်ပြီး decrypt လုပ်ပါတယ်။ TGS ကို decrypt
လုပ်ပြီးတဲ့အခါမှာတော့ session key တွေကို လက်ခံရရှိပါတယ်။ Session key ဆိုတာကတော့ TGS နှင့်
ဆက်သွယ်ဖို့ရန်အတွက် အသုံးပြုတဲ့ key ဖြစ်ပါတယ်။ Client computer မှ session key တွေလက်ခံရရှိတဲ့ အခါမှာ TGS
ဆီသို့ message (2)ခုကို ထပ်မံပြန်လည်ပြီး client ဆီသို့ပို့ဆောင်ပါတယ်။ အဲဒီ message (2)ခုကတော့ client to
server ticket နှင့် client/server session key တို့ဖြစ်ပါတယ်။ client မှ အဲဒီ client computer သည် server ဆီသို့
logon ၀င်ရောက်နိုင်သွားပြီဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ client computer ဆီသို့ server မှ service တွေကို
ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။
ကဲဒါဆိုရင် Authentication Protocol တွေရဲ့အကြောင်းကို နားလည်မယ်လို့ထင်ပါတယ်။ ဒါကြောင့် ကျွန်တော်ရဲ့
Authentication protocol အကြောင်းကို ရပ်နားလိုက်ပါတော့မယ်။



++++++++++++++++++++++++++++++++++++++++++++++++++++++++++++++



PDF
Print
E-mail
User Rating: / 0
PoorBest 
Thursday, 21 January 2010 06:11
Internet Information Service (IIS) နှင့် သူ၏ security
Internet Information Service (IIS) ဆိုတာကတော့ Microsoft ကနေထုတ်လုပ်ခဲ့တဲ့ Web
server ပဲဖြစ်ပါတယ်။ Web server ဆိုတာကတော့ web page တွေကို store လုပ်ဖို့ရန် အတွက်

အသုံးပြုရတဲ့ server ပဲဖြစ်ပါတယ်။ Web page တွေကို HTML (Hyper Text Markup Language)

ဖြင့်ရေးသားပြီး web server တွေထဲမှာ ၀င်ရောက်သိမ်းဆည်းထားရပါတယ်။ အဲဒီလို HTML

ဖြင့်ရေးသားထားတဲ့ web pages တွေကို သိမ်းဆည်းထားတဲ့ web server တွေသည် HTTP (Hyper Text

Transfer Protocol) ကိုအသုံးပြုပြီး web page တွေကို သယ်ဆောင်သွားပေးရတာ ဖြစ်ပါတယ်။

ယနေ့မျက်မှောက်ခေတ်ကာလမှာဆိုရင် လူတိုင်းလူတိုင်းဟာ Internet ကိုအသုံးပြုလာ ကြပြီဖြစ်ပါတယ်။

ဒါပေမယ့် Internet ကိုအသုံးပြုတယ်ဆိုတာကလည်း Internet ပေါ်မှာရှိနေတဲ့ web server တွေမှာ

သိမ်းဆည်းထားတဲ့ web page တွေကို ၀င်ရောက်ကြည့်ရှုနေခြင်းပဲ ဖြစ်ပါတယ်။ Microsoft

ကထုတ်လုပ်ထားတဲ့ web server လို့ခေါ်တဲ့ Internet Information Service (IIS) ဟာဆိုရင်လည်း

web page တွေသိမ်းဆည်းထားပေးတဲ့ server ပဲဖြစ်ပါတယ်။ ဒါကြောင့် microsoft မှထုတ်လုပ်ထားတဲ့

IIS လို့ခေါ်တဲ့ web server တွေမှာ web page တွေကို သိမ်းဆည်းထားရတဲ့အတွက်ကြောင့် အချို့သော

web page တွေမှာပါရှိတဲ့ သတင်းအချက်အလက်  တွေဟာဆိုရင် အင်မတန်မှအရေးကြီးတဲ့

သတင်းအချက်အလက်တွေပါရှိနိုင်ပါတယ်။ ဒီလိုအရေးကြီးလှတဲ့ သတင်းအချက်အလက်တွေကို 

computer hacker တွေဟာ ၀င်ရောက် ခိုးယူ တတ်ကြပါတယ်။ ဒါကြောင့် IIS မှာလည်း security

ပိုင်းဆိုင်ရာ လုံခြုံမှုကိုတွေကို အသုံးပြုဖို့ အတွက် Authentication တွေကိုထားရှိရပါတယ်။ IIS မှာပါရှိတဲ့

လုံခြုံမှုပိုင်းဆိုရင် Authentication တွေကတော့ -

Basic Access Authentication
Digest Access Authentication
Integrated Access Authentication
.NET Passport Authentication
တို့ပဲဖြစ်ပါတယ်။

Basic Access Authentication
Basic Access Authentication ဆိုတာကတော့ IIS မှာပါရှိတဲ့ Authentication ဖြစ်ပါတယ်။

၎င်း Basic Access Authentication ထုတ်လုပ်ထားရတာကတော့ web browser တွေမှာ username,

password ဖြင့်လက်ခံနိုင်ရန်အတွက် ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ကျွန်တော်တို့သည် IIS ထဲမှာ web

page တွေကို သိမ်းဆည်းရာ၌ Default Authentication ကတော့ Anonymous User Access

ဖြစ်ပါတယ်။ Anonymous User Access ဆိုတာကတော့ ကျွန်တော်တို့ IIS ထဲမှာ သိမ်းဆည်းထားတဲ့

web page တွေကို client computer user များ request လုပ်ထားတဲ့အခါ မှာ မည်သူမဆို

ဝင်ရောက်ကြည့်ရှုခွင့်ပေးထားတာ ဖြစ်ပါတယ်။ အကယ်၍ ကျွန်တော်တို့က IIS အတွက် security ကို

အသုံးပြုမယ်ဆိုပါက Basic Access Authentication ကို ထားရှိမယ်ဆိုရင် user များ request

လုပ်တဲ့အခါမှာ user name နှင့် password ကိုသိမှသာ web page အား access

လုပ်ခွင့်ရရှိမှာဖြစ်ပါတယ်။ Basic Access Authentication သည် base 64 alogrithm ကို အသုံးပြုပြီး

encryption ပြုလုပ်ပါတယ်။  ယနေ့ခေတ်မှာတော့ base 64 alogrithm ဟာဆိုရင်

လုံခြုံမှုအားနည်းသွားပါပြီ။ ဒါကြောင့် ကျွန်တော်တို့ဟာ Basic Access Authentication ကို

အသုံးပြုမယ်ဆိုရင် လုံခြုံစိတ်ချနိုင်မှု စိတ်မချရတော့ပါဘူး။ သို့သော် Basic Access Authentication

ဟာဆိုရင် မည်သည့် web browser ကနေမဆို ၀င်ရောက် Access လုပ်နိုင်ပါတယ်။

ဥပမာပြောရရင်တော့ microsoft နဲ့ platform မတူတဲ့ ကွန်ပျူတာများမှ browser များကိုအသုံးပြုပြီး web

page ကို Basic Access Authentication ဖြင့် access လုပ်မယ်ဆိုပါက access

လုပ်ပိုင်ခွင့်ရှိမှာဖြစ်ပါတယ်။


Integrated Windows Authentication
Integrated Windows Authentication ဆိုတာကတော့ Intranet လို့ခေါ်တဲ့ Local Area

Network အတွင်းမှာချိတ်ဆက်အသုံးပြုတဲ့နေရာမှာ အသင့်တော်ဆုံးဖြစ်တဲ့ IIS ရဲ့ Windows

Authentication ပဲဖြစ်ပါတယ်။ Integrated Windows Authentication ကိုစတင်ခဲ့တာကတော့

Microsoft Window 2000 ကနေစတင်ခဲ့တာပဲဖြစ်ပါတယ်။ Integrated Windows Authentication သည်

Microsoft Window ကိုအသုံးပြုတဲ့ client နှင့် server များအတွက် လုံခြုံမှုပိုင်းဆိုင်ရာ Authentication

ပဲဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ Internet Information Service (IIS) မှာ Integrated Windows

Authentication ကို အသုံးပြုမယ်ဆိုရင် Microsoft ကိုအသုံးပြုထားတဲ့ client computer များသာလျှင်ပဲ

user name နှင့် password ကို အသုံးပြုပြီး web page ကို acces လုပ်ခွင့်ရရှိနိုင်မှာဖြစ်ပါတယ်။

Integrated Windows Authentication အလုပ်လုပ်တာကတော့ NTLM (New Technology LAN

Manager) protocol ဖြင့်အလုပ်လုပ်ပါတယ်။ ကျွန်တော်တို့တွေသည် Integrated Windows

Authentication ကို Internet အတွင်းမှာပဲ အသုံးပြု လို့ရတာသည် HTTP proxy server တွေပေါ်မှာ

အလုပ်မလုပ်နိုင်လို့ဖြစ်ပါတယ်။


Digest Access Authentication
Digest Access Authentication ဆိုတာကတော့ IIS မှာရှိတဲ့ Authentication ပဲဖြစ် ပါတယ်။

Digest Access Authentication ဟာဆိုရင် MD5 (Message Digest Alogrithm 5) ကို

အသုံးပြုထားတာဖြစ်ပါတယ်။ Web Server နှင့် Web user ကြားတွင် Digest Access Authentication

သည် လုံခြုံစိတ်ချစွာဖြင့် access လုပ်နိုင်ရန်အတွက် ပြုလုပ်ပေးပါတယ်။


.NET passport Authentication
.NET passport authentication ကတော့ ASP.NET လို့ခေါ်တဲ့ web application ကို

အသုံးပြုထားတဲ့ Authentication ပဲဖြစ်ပါတယ်။ .NET passport သည် single sign-in (SSI) home နှင့်

password ကို user တွေအတွက် ဖန်တီးထားပြီး လည်းကောင်း SSI name နှင့် password ကိုအသုံးပြု၍

user များသည် web server မှာရှိနေတဲ့ web page တွေကို access လုပ်လို့ရမှာဖြစ်ပါတယ်။
ကဲ.......... အခုဆိုရင် Microsoft Internet Information Service (IIS) မှာပါရှိတဲ့

Authentication တွေအကြောင်းကို နားလည်နိုင်မယ်လို့ ထင်ပါတယ်။ ဒါကြောင့် IIS ရဲ့ Authentication

အကြောင်းကို ဒီမှာပဲအဆုံးသတ်လိုက်ပါတယ်။






+++++++++++++++++++++++++++++++++++++++++++++++++++++++++++



PDF
Print
E-mail
User Rating: / 0
PoorBest 
Thursday, 21 January 2010 04:43
Authentication မှ LM အကြောင်းသိကောင်းစရာ
Authentication ဆိုတာကတော့ ဘယ်သူဘယ်ဝါဆိုတာကို ဆုံးဖြတ်ပေးတဲ့ လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့

computer network မှာတော့ ဘယ်သူ၊ ဘယ်ဝါဆိုတာကို ဆုံးဖြတ်ပေးတာကတော့ logon လုပ်တဲ့အပိုင်းမှာ
လုပ်ဆောင်ပေးတာဖြစ်ပါတယ်။ ဥပမာအနေနဲ့ပြောရရင်တော့ user name နှင့် password ကို ရိုက်ထည့်ပြီး logon
လုပ်လိုက်တာသည် Authentication လုပ်ငန်းစဉ်ကို လုပ်ဆောင်တာပဲ ဖြစ်ပါတယ်။ ဆိုလိုတာက user name သည်
မိမိဘယ်သူ၊ ဘယ်ဝါဖြစ်ကြောင်း ပြောတာနှင့်တူပြီး၊ password ကတော့ မိမိကိုစစ်မှန်ကြောင်း ထောက်ခံပေးတာဖြစ်ပါတယ်။
အဲဒီမှာ Authentication လုပ်ငန်းစဉ်က မိမိ ရိုက်ထည့်လိုက်သော user name နှင့် password မှန်ကန်ပါက Authorize
လုပ်ခိုင်းမှာဖြစ်ပြီး၊ မမှန်ကန်ပါက authorize လုပ်ခွင့်ပေးမှာမဟုတ်တော့ပါဘူး။ Authentication လုပ်ငန်းစဉ်ကို
လုပ်ဆောင်ပေးတဲ့ protocol တွေကတော့ -
LAN Manager (LM)
New Technology LAN Manager (NTLM)
New Technolgy LAN Manager V.2 (NTLM2)
Kerberos စတဲ့ protocol တွေသည် Authentication process ကို လုပ်ဆောင်ပေးတဲ့ Authentication Protocol
တွေပဲဖြစ်ကြပါတယ်။

LAN Manager (LM) အကြောင်း
LM (LAN Manager) Authentication Protocol ကို LAN Manager ဒါမှမဟုတ် LANMAN လို့လဲ ခေါ်ကြပါတယ်။
၎င်း protocol ကို IBM ကုမ္ပဏီကနေထုတ်လုပ်ခဲ့တာဖြစ်ပြီး Microsoft Operation System NT4.0 မှာ
အသုံးပြုခဲ့တာဖြစ်ပါတယ်။ LM ကိုအသုံးပြုတာကတော့ password ကို encryption လုပ်ဖို့ရန်အတွက်
အသုံးပြုခဲ့တာပဲဖြစ်ပါတယ်။ LM က password ကို encryption လုပ်ဖို့ရန်အတွက် "Hash" လို့ခေါ်တဲ့ Alogrithm
ကိုဖန်တီးပြီး အလုပ်လုပ်တာဖြစ်ပါတယ်။ LM က password ကို Hash Alogrithm ကို သိမ်းဆည်းတဲ့ ပုံစံသည် "Seven-
character chunks" ထဲမှာသိမ်းဆည်းတာဖြစ်ပါတယ်။ Seven-character chunks ဆိုတာက chunks တစ်မှာ
character ကို "7" လုံးနဲ့သိမ်းတာကို ပြောတာဖြစ်ပါတယ်။ အကယ်၍ မိမိက password ကို သတ်မှတ်ရာမှာ character 7
လုံးမပေးပါက "0" သုညကိုအစားထိုးပြီး character ကို "7" လုံးဖြစ်သွားအောင် ပြုလုပ်ပြီး သိမ်းဆည်းပါတယ်။ အကယ်၍
character "7"လုံးကို သိမ်းဆည်းပြီး နောက်ထပ် chunk တစ်ခုဖြင့် ကျန် character တွေကို "7" ဖြစ်အောင်ပြုလုပ်ပြီး
သိမ်းဆည်းပါတယ်။ LM Authentication Protocol သည် encryption ပြုလုပ်ဖို့ရန်အတွက် chunk တစ်ခုဆီကို 56-bit
DES (Data Encryption Standard) အသုံးပြုပြီး encrypt ပြုလုပ်ပါတယ်။




+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++





3D

CCTV

My Target Computer Service

Name You can ask and contact any problem concern with computer (Good Service) To Contact Us
Kyaw Naing Computer Sale Service & Networking +959-----------
THE FATHER OF INDEPENDENCE First and the Last democratically elected PRIME MINISTER OF BURMA NLD ( NATIONAL LEAGUE FOR DEMOCRACY )
GENERAL AUNG SAN'S PAGE U NU'S PAGE DAW AUNG SAN SUU KYI'S PAGE