Kyaw Naing Welcome

Tuesday, June 18, 2013

သိက္ခာနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးမှု


သိက္ခာနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးမှု

Photo
7Day News Journal

လင်းသိုက်ညွန့်(မြန်မာ့မြေ)
(၁)
စာရေးသူ လှည်းတန်းလမ်းဆုံကို နေ့စဉ်လိုလိုရောက်ဖြစ်သည်။ အထူးသဖြင့် စာသမားဖြစ်၍ တစ်နေ့ တစ်နေ့..ဂျာနယ်သုံး လေးစောင်လောက် ပုံမှန်ဖတ်ဖြစ်ရာ လှည်းတန်းမှ ဂျာနယ်ဆိုင်များမှာပင် အ၀ယ်များသည်။ ဒီနေ့လည်း ခါတိုင်းလိုပင်ဝယ်နေ ကျ ဂျာနယ်ဆိုင်မှာ ဂျာနယ်ဝယ်ပြီး ထွက်အလာ..ဂျာနယ်ဖိုးပေးဖို့ ပိုက်ဆံထုတ်တုန်းက အိတ်ထဲမှ ငါးထောင်တန်တစ်ရွက်ကို မှားထုတ်မိ၍ လက်ထဲမှာ ယောင်ပြီးကိုင်ထားတုန်း အခြားလက်တစ် ဖက်မှာလည်း စာအုပ်တွေ မနိုင်မနင်းနဲ့မို့ ရုတ်တရက် လက်မှ ပိုက်ဆံလွတ်ကျသွားသည်။ ဒါနဲ့ စာရေးသူလည်း ပိုက်ဆံကိုပြန်ကောက်ဖို့ နောက်ကိုလှည့်ကြည့်တော့ ဘာမှမတွေ့။ ဒါနဲ့ စာရေးသူလည်း လေတိုက်သွားလို့လား၊ ဘာလားဆိုပြီးဟိုဟိုဒီဒီလျှောက်ကြည့်နေတုန်း၊မီးပွိုင့်နီနေလို့ ရပ်ထားတဲ့ဘတ်စ် ကားပေါ်ကဒရိုင်ဘာကြီးတစ်ယောက်ကခပ်လှမ်းလှမ်းကဦးထုပ်နဲ့ကောင်လေးတစ်ယောက်ကိုလှမ်းပြပြီး“ဟိုကောင်လေးကောက် သွားတာ၊ မြန်မြန်လိုက် မြန်မြန်လိုက်”လို့ပြောလို့ လှမ်းကြည့်တော့ ကောင်လေးတစ်ယောက်။ သုတ်သုတ်၊သုတ်သုတ်နှင့် လျှောက်သွားတာတွေ့ရသည်။ ဒါနဲ့၊ စာရေးသူလည်း ခုနကပြောသည့် ဒရိုင်ဘာကြီးကို “ရပါတယ်ဗျာ၊ နေပါစေ၊ မလိုက်တော့ ပါဘူး”လို့လှမ်းပြောပြီးသက်ပြင်းကိုသာ ချလိုက်ရသည်။ အမှန်စင်စစ်၊ စာရေးသူ ပိုက်ဆံကျသွားသည့်အချိန်က တကယ့်ခဏ လေးရှိသေးသည်။ ပြီးတော့ စာရေးသူက ရှေ့က၊သူက နောက်က။ စာရေးသူဆီက ပိုက်ဆံလွတ်ကျသွားသည်ကို မတွေ့စရာ အကြောင်းမရှိ။ သူကဘယ်လိုပဲ ခပ်သုတ်သုတ် လျှောက်သွားသွား။ စာရေးသူက လိုက်တောင်းဖို့ ခွန်အားမရှိ။ ပိုက်ဆံကို နှမြောလို့မဟုတ်။ သူ့အစားရှက်လွန်းလို့။ ကိုယ့်လူမျိုးတွေရဲ့ စိတ်ဓာတ်ရေးရာနဲ့ပတ်သက်၍ ယူကျုံးမရဖြစ်လွန်းလို့။ ငွေလေး ငါးထောင်ကိုတောင် အချောင်လိုချင် မက်မေ နေလျှင် ရှေ့ဆက် ဘယ်လိုဆက် လုပ်ကြပါ့မလဲ။ ကျွန်တော်တို့တစ် တွေရဲ့  Attitude (သဘောထား/ အမူအကျင့်)တွေက ရင်လေးစရာ။
(၂)
နိုင်ငံတစ်နိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ် Human Resource ဖွံ့ဖြိုးတိုးတက်မှုအတွက် နိုင်ငံသားများ၏ အမူအကျင့်တွေ
ကောင်းမွန်နေဖို့ အထူးအရေးကြီးသည်။ စွမ်းဆောင်ရည် Perfor-mance တို့၊ ကျွမ်းကျင်မှု Skill တို့ကနောက်ထားဦး။ အရင် ဆုံးအမူအကျင့်တွေ အခြေခံကောင်းအောင် ပြုပြင်ကြရမည်။ နို့မို့ဆိုလို့ကတော့ ဘာကျွမ်းကျင်မှု၊ ဘာနည်းပညာပဲ ထပ်ထည့် ထည့် အချည်းနှီး။ ဒီဘက်ခေတ်ကုမ္ပဏီကြီး တော်တော်များများက အလုပ်သမားရှာဖွေခန့်ထားရေး Recruit-ment and Selection လုပ်ကြသောအခါ အရင်ကလို စွမ်းဆောင်ရည်ကောင်းတဲ့သူကျွမ်းကျင်သူ သက်သက်ကို မရွေးကြတော့။ အဲဒီ့ အစား အမူအကျင့်ကောင်းတဲ့သူကို အရင်ရွေးပြီးပြီးမှကျွမ်းကျင်သူဖြစ်လာအောင်စွမ်းဆောင်ရည်ကောင်းလာအောင်သင်ကြား ပေး၊ လေ့ကျင့်ပေးသည်။
(၃)
အရင်တုန်းက သောက်ရေအိုးစင်ကလေးတွေမှာ အခုဆို ခွက်တွေကို သံကြိုးနဲ့ချည်ထားရ တာတွေ၊ ဘုရားက အလှူခံပုံးတွေ ကိုတောင် သော့အထပ်ထပ် ခတ်ထားရတာတွေ၊ ခုနကလို ငွေလေး ငါးထောင်လောက်ကိုတောင် အချောင်လိုချင် တပ်မက် စိတ်ရှိ လာတာတွေဟာ နိုင်ငံနဲ့ လူမျိုးရဲ့ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုး တက်မှု National Human Resource Development အတွက် ကောင်းသောအလားအလာများ မဟုတ်။ အားလုံးကိုတော့မဆိုလို။ အဖိုးတန်ပစ္စည်း၊ ငွေကြေးတွေ ကောက်ရသော်လည်း ပိုင်ရှင်ထံ အရောက်ပြန်လည်အပ်နှံပေးကြ သည့် မြန်မာလူမျိုးတွေရှိနေသေး သည်က ဒုနှင့်ဒေး။ သို့သော် ဒီလို စိတ်ဓာတ်အမူအကျင့်တွေ စာရေး သူတို့ လူ့အဖွဲ့အစည်းမှာ ပိုမိုအားကောင်းရှင်သန်လာအောင် ကြိုး ပမ်းကြရ ဦးမည်။
(၄)
ကျွန်တော်တို့ မျှော်မှန်းသည့်အတိုင်း နိုင်ငံနှင့်လူမျိုး ခေတ်မီဖွံ့ဖြိုးတိုးတက်လာရေးအတွက် စာရေးသူတို့ရဲ့ အချောင်လို ချင်စိတ်တွေ၊ ရေသာခိုစိတ်တွေ၊ အလွယ်လိုက်လိုစိတ်တွေကိုပြုပြင်ကာ၊အမူအကျင့်ကောင်းတွေကို မွေးမြူကြဖို့ များစွာ များစွာလိုပါသေးသည်။ စာရေးသူတို့၏ ဂုဏ်သိက္ခာများက ငါးထောင်တန်သလား၊ ငါးသိန်း တန်သလား၊ငါးသန်းတန်သလား၊ ဘယ်လောက်တန်သလဲ၊ စာရေး သူတို့၏ လုပ်ရပ်များက မှတ်ကျောက်တင်နေမည်ဖြစ်ပါသည်။
 

No comments:

Post a Comment

Thank you for visit to my page.

3D

CCTV

My Target Computer Service

Name You can ask and contact any problem concern with computer (Good Service) To Contact Us
Kyaw Naing Computer Sale Service & Networking +959-----------
THE FATHER OF INDEPENDENCE First and the Last democratically elected PRIME MINISTER OF BURMA NLD ( NATIONAL LEAGUE FOR DEMOCRACY )
GENERAL AUNG SAN'S PAGE U NU'S PAGE DAW AUNG SAN SUU KYI'S PAGE