|
+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
Thursday, 21 January 2010 04:45
|
Wireless Network Security အမျိုးအစားများအကြောင်းသိကောင်းစရာ Security ဆိုတာကတော့ network မှာအရမ်းကိုအရေးကြီးတဲ့ အပိုင်းတစ်ခုဖြစ်မယ်ဆိုတာ စာဖတ်သူ တို့သိနေမယ်ထင်ပါတယ်။ ဒါကြောင့် အခုကျွန်တော်တို့တွေ ချိတ်ဆက်နေတဲ့ Wireless LAN Network ရဲ့ security အပိုင်းကို စာဖတ်သူတို့နားလည်သွားအောင်လို့ ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ wireless ကို ထုတ်လုပ်ထားတဲ့ technology တွေကတော့ အများကြီးပဲဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့တွေ ပုံမှန်ချိတ်ဆက်နေတဲ့ wireless LAN ဆိုတာကတော့ Wi-Fi လို့ခေါ်တဲ့ Wireless Network Technology ကို အသုံးပြုထားတာပဲ ဖြစ်ပါတယ်။ Wi-fi ရဲ့ အရှည်ကတော့ Wireless Fidilety လို့ခေါ်ပါတယ်။ Wi-fi ကို အဓိက အသုံးပြုထားတာကတော့ Wireless Local Area Network ရှိ ချိတ်ဆက်မှုပြုလုပ်တဲ့နေရာတွေမှာ အသုံးပြုတာ ပဲဖြစ်ပါတယ်။ IEEE မှ Wi-fi ကို standard သတ်မှတ်ထားတာကတော့ IEEE 802.11a, IEEE802.11b နှင့် IEEE802.11g တို့ပဲဖြစ်ပါတယ်။ Wi-fi Technology ကို အသုံးပြုပြီး network ချိတ်ဆက်မယ်ဆိုရင်တော့ Data တွေကို သယ်ယူသွားနိုင်တဲ့ပမာဏသည် 54Mbps ရှိမှာဖြစ်တယ်။ Wi-fi Network ချိတ်ဆက်ရာမှာ အသုံးပြုတဲ့ security တွေကတော့ - Service Set Identifier (SSID) MAC Filtering WEP WPA တို့ပဲဖြစ်ပါတယ်။ SSID (Service Set Indentifier) Wi-fi Network တွေချိတ်ဆက်ရာမှာ SSID ကို အသုံးပြုပြီးချိတ်ဆက်ကြပါတယ်။ အဲဒီလို ချိတ်ဆက်ရာမှာ Wireless client တွေသည် SSID channel ကိုရှာဖွေပြီး ချိတ်ဆက်ရတာဖြစ်ပါတယ် အဲဒီမှာ ကျွန်တော်တို့တွေသည် SSID channel အား broadcast လုပ်ထားတာကို disable ပြုလုပ်ခြင်းဖြင့် မိမိရဲ့ SSID ကို အခြား wireless client computer များမတွေ့နိုင်အောင် ပြုလုပ်နိုင်ပါတယ်။ MAC Filtering MAC Filtering ဆိုတာကတော့ ကျွန်တော်တို့တွေ အသုံးပြုနေတဲ့ Wired Network Card တွေမှာ ပါရှိတဲ့ MAC Address တွေကို ပိတ်ဆို့တဲ့ security ပဲဖြစ်ပါတယ်။ MAC ဆိုတာကတော့ (Media Access Control) လို့ခေါ်ပါတယ်။ MAC address သည် 48bits ဖြင့် အလုပ်လုပ်ပါတယ်။ ကျွန်တော်တို့တွေသည် Wireless Network ရှိ security မှာ MAC filtering ကို အသုံးပြုခြင်းဖြင့် မိမိရဲ့ wireless network အတွင်းသို့ အခွင့်မရှိတဲ့ user များဝင်ရောက်ခြင်းမပြုနိုင်အောင် ပြုလုပ်နိုင်ပါတယ်။ Wired Equivalent Privacy (WEP) Wired Equivalent Privacy လို့ခေါ်တဲ့ WEP ကတော့ Wireless Network ရဲ့ security protocol ပဲဖြစ်ပါတယ်။ WEP အလုပ်လုပ်ဆောင်တာကတော့ TKIP (Tempral Key Integrity Protocol) လုပ်ဆောင်ခြင်း နှင့် AES (Advance Encryption Standard) လုပ်ဆောင်ခြင်းဆိုပြီး အလုပ်လုပ်ဆောင်ပုံ (2)မျိုးရှိပါတယ်။ WEP သည် Wireless Security အတွက် Encryption လုပ်ဆောင်ရာတွင် 64bits နှင့် 128 bits encryption (2)မျိုး ရှိပါတယ်။ ထိုသို့ encryption လုပ်ဆောင်ရာတွင်လည်း hexa decimal number ဖြင့် encrypt လုပ်ခြင်းနှင့် ASCII ဖြင့် encrypt လုပ်ခြင်း (2)မျိုးရှိမှာဖြစ်ပါတယ်။ ကျွန်တော်တို့သည် ASCII ဖြင့် encryption ဖြင့် encryption လုပ်မယ်ဆိုရင် character letter များဖြင့် သတ်မှတ်နိုင်သည်။ ASCII 64 bit ကို အသုံးပြုရင် character 5လုံးအတိအကျပေးရမှာဖြစ်ပါတယ်။ ASCII 128bit ကို အသုံးပြုရင်တော့ character 13လုံးကိုအတိအကျပေးရမှာ ဖြစ်ပါတယ်။ Wi-fi Protected Access (WPA) Wi-fi Protected Access (WPA) ကဘဲ wireless network ရဲ့ security protocol ပဲဖြစ်ပါတယ်။ WPA မှာအမျိုးအစားခွဲခြားထားတာတွေရှိပါတယ်။ အဲဒါတွေကတော့ WPA, WPA2, WPA-PSK နှင့် WPA-PSK2 တို့ပဲ ဖြစ်ပါတယ်။ WPA နှင့် WPA version2 protocol ကတော့ RADIUS server နှင့်ချိတ်ဆက်ဖို့ရန်အတွက် အသုံးပြုထားတဲ့ procol ဖြစ်ပြီး WPA-PSK နှင့် WPA-PSK version 2 ကတော့ wi-fi client computer များနှင့်ချိတ်ဆက်ဖို့ရန်အတွက် အသုံးပြုတာဖြစ်ပါတယ်။ WPA က encryption အတွက်လုပ်ဆောင်ရာမှာ pre-share key ဖြင့်လုပ်ဆောင်ပါတယ်။ ကဲဒီလောက်ဆိုရင် wireless network နဲ့ပတ်သတ်တဲ့ security အကြောင်းကို နားလည်မယ်လို့ထင်ပါတယ်။ |
++++++++++++++++++++++++++++++++++++++++++++++++++++++++++++
Thursday, 21 January 2010 06:29
|
Authentication မှ Kerberos အကြောင်းသိကောင်းစရာ Kerberos ဆိုတာကတော့ Network Authentication Protocol ပဲဖြစ်ပါတယ်။ Kerberos အလုပ်လုပ် တာကတော့ Symmetric Cryptographic Algorithm ဖြင့် အလုပ်လုပ်ပါတယ်။ Kerberos ဆိုတဲ့နာမည်ကို ရရှိလာတာကတော့ Mythological three headed dog မှရရှိလာတာဖြစ်ပါတယ်။ Three headed ဆိုတာကတော့ client, server နှင့် trusted authority တို့ဖြစ်ပါတယ်။ အဲဒီ client, server နှင့် trusted authority ကိုတော့ Key Distribution Center (KDC) လို့ခေါ်ပါတယ်။ Key Distribution Center ဆိုတာကတော့ လျှို့ဝှက်ချက်တွေကို သိမ်းဆည်းပေးထားတဲ့နေရာဖြစ်ပါတယ်။ Kerberos Authentication အလုပ်လုပ်တဲ့ပုံစံကို ဥပမာအနေနဲ့ဖော်ပြရရင်တော့ ကျွန်တော်တို့မှာ Youth ဆိုတဲ့ Network တစ်ခုရှိမယ်ဗျာ၊ အဲဒီ network ထဲမှာ Domain Controller တစ်ခုရှိပါမယ်။ အဲဒီမှာ Su Su ဆိုတဲ့ user သည် Youth Network ထဲက Domain Controller ရဲ့ member တစ်ယောက်ဖြစ်ပါတယ်။ ဒါဆိုရင် Su Su မှာ Domain Controller က ချပေးထားတဲ့ password or share secret key ရှိပါမယ်။ Su Su ဆိုတဲ့ user က Youth Network ထဲက client computer login ၀င်တဲ့နေရာမှာ သူ့ရဲ့ user name နှင့် password ကိုထည့်ပြီး login ၀င်ပါမယ်။ Su Su စပြီး login ၀င်တဲ့နေရာမှာ client computer မှ password ကို clear text ဖြင့် Authentication Server (AS) ဆီ ပို့ဆောင်ပေးလိုက်ပါတယ်။ အဲဒီမှာ Authentication Server (AS) က Su Su ရဲ့ password ကို key generate လုပ်လိုက်ပြီး Windows Sever ရဲ့ database မှာမြင်တွေ့ပါတယ်။ အဲဒီအခါမှာ AS က client computer ရဲ့ database ကိုပြန်လည်၍ check လုပ်ပါတယ်။ client ရဲ့ database ကိုလည်း မြင်တွေ့ရပြီဆိုတာနဲ့ AS က message (2)ကို client computer ဆီသို့ပို့ဆောင်ပေးပါတယ်။ အဲဒီ message ကတော့ Ticket Granting Server (TGS) နှင့် Ticket Granting Ticket (TGT) တို့ဖြစ်ပါတယ်။ client computer မှာ အဲဒီ TGS နှင့် TGT တို့ကို လက်ခံရရှိချိန်မှာ Ticket Granting Server (TGS) message ကိုပြန်ပြီး decrypt လုပ်ပါတယ်။ TGS ကို decrypt လုပ်ပြီးတဲ့အခါမှာတော့ session key တွေကို လက်ခံရရှိပါတယ်။ Session key ဆိုတာကတော့ TGS နှင့် ဆက်သွယ်ဖို့ရန်အတွက် အသုံးပြုတဲ့ key ဖြစ်ပါတယ်။ Client computer မှ session key တွေလက်ခံရရှိတဲ့ အခါမှာ TGS ဆီသို့ message (2)ခုကို ထပ်မံပြန်လည်ပြီး client ဆီသို့ပို့ဆောင်ပါတယ်။ အဲဒီ message (2)ခုကတော့ client to server ticket နှင့် client/server session key တို့ဖြစ်ပါတယ်။ client မှ အဲဒီ client computer သည် server ဆီသို့ logon ၀င်ရောက်နိုင်သွားပြီဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ client computer ဆီသို့ server မှ service တွေကို ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။ ကဲဒါဆိုရင် Authentication Protocol တွေရဲ့အကြောင်းကို နားလည်မယ်လို့ထင်ပါတယ်။ ဒါကြောင့် ကျွန်တော်ရဲ့ Authentication protocol အကြောင်းကို ရပ်နားလိုက်ပါတော့မယ်။ |
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
Thursday, 21 January 2010 06:11
|
|
Internet Information Service (IIS) နှင့် သူ၏ security Internet Information Service (IIS) ဆိုတာကတော့ Microsoft ကနေထုတ်လုပ်ခဲ့တဲ့ Web server ပဲဖြစ်ပါတယ်။ Web server ဆိုတာကတော့ web page တွေကို store လုပ်ဖို့ရန် အတွက် အသုံးပြုရတဲ့ server ပဲဖြစ်ပါတယ်။ Web page တွေကို HTML (Hyper Text Markup Language) ဖြင့်ရေးသားပြီး web server တွေထဲမှာ ၀င်ရောက်သိမ်းဆည်းထားရပါတယ်။ အဲဒီလို HTML ဖြင့်ရေးသားထားတဲ့ web pages တွေကို သိမ်းဆည်းထားတဲ့ web server တွေသည် HTTP (Hyper Text Transfer Protocol) ကိုအသုံးပြုပြီး web page တွေကို သယ်ဆောင်သွားပေးရတာ ဖြစ်ပါတယ်။ ယနေ့မျက်မှောက်ခေတ်ကာလမှာဆိုရင် လူတိုင်းလူတိုင်းဟာ Internet ကိုအသုံးပြုလာ ကြပြီဖြစ်ပါတယ်။ ဒါပေမယ့် Internet ကိုအသုံးပြုတယ်ဆိုတာကလည်း Internet ပေါ်မှာရှိနေတဲ့ web server တွေမှာ သိမ်းဆည်းထားတဲ့ web page တွေကို ၀င်ရောက်ကြည့်ရှုနေခြင်းပဲ ဖြစ်ပါတယ်။ Microsoft ကထုတ်လုပ်ထားတဲ့ web server လို့ခေါ်တဲ့ Internet Information Service (IIS) ဟာဆိုရင်လည်း web page တွေသိမ်းဆည်းထားပေးတဲ့ server ပဲဖြစ်ပါတယ်။ ဒါကြောင့် microsoft မှထုတ်လုပ်ထားတဲ့ IIS လို့ခေါ်တဲ့ web server တွေမှာ web page တွေကို သိမ်းဆည်းထားရတဲ့အတွက်ကြောင့် အချို့သော web page တွေမှာပါရှိတဲ့ သတင်းအချက်အလက် တွေဟာဆိုရင် အင်မတန်မှအရေးကြီးတဲ့ သတင်းအချက်အလက်တွေပါရှိနိုင်ပါတယ်။ ဒီလိုအရေးကြီးလှတဲ့ သတင်းအချက်အလက်တွေကို computer hacker တွေဟာ ၀င်ရောက် ခိုးယူ တတ်ကြပါတယ်။ ဒါကြောင့် IIS မှာလည်း security ပိုင်းဆိုင်ရာ လုံခြုံမှုကိုတွေကို အသုံးပြုဖို့ အတွက် Authentication တွေကိုထားရှိရပါတယ်။ IIS မှာပါရှိတဲ့ လုံခြုံမှုပိုင်းဆိုရင် Authentication တွေကတော့ - Basic Access Authentication Digest Access Authentication Integrated Access Authentication .NET Passport Authentication တို့ပဲဖြစ်ပါတယ်။ Basic Access Authentication Basic Access Authentication ဆိုတာကတော့ IIS မှာပါရှိတဲ့ Authentication ဖြစ်ပါတယ်။ ၎င်း Basic Access Authentication ထုတ်လုပ်ထားရတာကတော့ web browser တွေမှာ username, password ဖြင့်လက်ခံနိုင်ရန်အတွက် ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ကျွန်တော်တို့သည် IIS ထဲမှာ web page တွေကို သိမ်းဆည်းရာ၌ Default Authentication ကတော့ Anonymous User Access ဖြစ်ပါတယ်။ Anonymous User Access ဆိုတာကတော့ ကျွန်တော်တို့ IIS ထဲမှာ သိမ်းဆည်းထားတဲ့ web page တွေကို client computer user များ request လုပ်ထားတဲ့အခါ မှာ မည်သူမဆို ၀င်ရောက်ကြည့်ရှုခွင့်ပေးထားတာ ဖြစ်ပါတယ်။ အကယ်၍ ကျွန်တော်တို့က IIS အတွက် security ကို အသုံးပြုမယ်ဆိုပါက Basic Access Authentication ကို ထားရှိမယ်ဆိုရင် user များ request လုပ်တဲ့အခါမှာ user name နှင့် password ကိုသိမှသာ web page အား access လုပ်ခွင့်ရရှိမှာဖြစ်ပါတယ်။ Basic Access Authentication သည် base 64 alogrithm ကို အသုံးပြုပြီး encryption ပြုလုပ်ပါတယ်။ ယနေ့ခေတ်မှာတော့ base 64 alogrithm ဟာဆိုရင် လုံခြုံမှုအားနည်းသွားပါပြီ။ ဒါကြောင့် ကျွန်တော်တို့ဟာ Basic Access Authentication ကို အသုံးပြုမယ်ဆိုရင် လုံခြုံစိတ်ချနိုင်မှု စိတ်မချရတော့ပါဘူး။ သို့သော် Basic Access Authentication ဟာဆိုရင် မည်သည့် web browser ကနေမဆို ၀င်ရောက် Access လုပ်နိုင်ပါတယ်။ ဥပမာပြောရရင်တော့ microsoft နဲ့ platform မတူတဲ့ ကွန်ပျူတာများမှ browser များကိုအသုံးပြုပြီး web page ကို Basic Access Authentication ဖြင့် access လုပ်မယ်ဆိုပါက access လုပ်ပိုင်ခွင့်ရှိမှာဖြစ်ပါတယ်။ Integrated Windows Authentication Integrated Windows Authentication ဆိုတာကတော့ Intranet လို့ခေါ်တဲ့ Local Area Network အတွင်းမှာချိတ်ဆက်အသုံးပြုတဲ့နေရာမှာ အသင့်တော်ဆုံးဖြစ်တဲ့ IIS ရဲ့ Windows Authentication ပဲဖြစ်ပါတယ်။ Integrated Windows Authentication ကိုစတင်ခဲ့တာကတော့ Microsoft Window 2000 ကနေစတင်ခဲ့တာပဲဖြစ်ပါတယ်။ Integrated Windows Authentication သည် Microsoft Window ကိုအသုံးပြုတဲ့ client နှင့် server များအတွက် လုံခြုံမှုပိုင်းဆိုင်ရာ Authentication ပဲဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ Internet Information Service (IIS) မှာ Integrated Windows Authentication ကို အသုံးပြုမယ်ဆိုရင် Microsoft ကိုအသုံးပြုထားတဲ့ client computer များသာလျှင်ပဲ user name နှင့် password ကို အသုံးပြုပြီး web page ကို acces လုပ်ခွင့်ရရှိနိုင်မှာဖြစ်ပါတယ်။ Integrated Windows Authentication အလုပ်လုပ်တာကတော့ NTLM (New Technology LAN Manager) protocol ဖြင့်အလုပ်လုပ်ပါတယ်။ ကျွန်တော်တို့တွေသည် Integrated Windows Authentication ကို Internet အတွင်းမှာပဲ အသုံးပြု လို့ရတာသည် HTTP proxy server တွေပေါ်မှာ အလုပ်မလုပ်နိုင်လို့ဖြစ်ပါတယ်။ Digest Access Authentication Digest Access Authentication ဆိုတာကတော့ IIS မှာရှိတဲ့ Authentication ပဲဖြစ် ပါတယ်။ Digest Access Authentication ဟာဆိုရင် MD5 (Message Digest Alogrithm 5) ကို အသုံးပြုထားတာဖြစ်ပါတယ်။ Web Server နှင့် Web user ကြားတွင် Digest Access Authentication သည် လုံခြုံစိတ်ချစွာဖြင့် access လုပ်နိုင်ရန်အတွက် ပြုလုပ်ပေးပါတယ်။ .NET passport Authentication .NET passport authentication ကတော့ ASP.NET လို့ခေါ်တဲ့ web application ကို အသုံးပြုထားတဲ့ Authentication ပဲဖြစ်ပါတယ်။ .NET passport သည် single sign-in (SSI) home နှင့် password ကို user တွေအတွက် ဖန်တီးထားပြီး လည်းကောင်း SSI name နှင့် password ကိုအသုံးပြု၍ user များသည် web server မှာရှိနေတဲ့ web page တွေကို access လုပ်လို့ရမှာဖြစ်ပါတယ်။ ကဲ.......... အခုဆိုရင် Microsoft Internet Information Service (IIS) မှာပါရှိတဲ့ Authentication တွေအကြောင်းကို နားလည်နိုင်မယ်လို့ ထင်ပါတယ်။ ဒါကြောင့် IIS ရဲ့ Authentication အကြောင်းကို ဒီမှာပဲအဆုံးသတ်လိုက်ပါတယ်။
|
+++++++++++++++++++++++++++++++++++++++++++++++++++++++++++
Thursday, 21 January 2010 04:43
|
Authentication မှ LM အကြောင်းသိကောင်းစရာ Authentication ဆိုတာကတော့ ဘယ်သူဘယ်ဝါဆိုတာကို ဆုံးဖြတ်ပေးတဲ့ လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့ computer network မှာတော့ ဘယ်သူ၊ ဘယ်ဝါဆိုတာကို ဆုံးဖြတ်ပေးတာကတော့ logon လုပ်တဲ့အပိုင်းမှာ လုပ်ဆောင်ပေးတာဖြစ်ပါတယ်။ ဥပမာအနေနဲ့ပြောရရင်တော့ user name နှင့် password ကို ရိုက်ထည့်ပြီး logon လုပ်လိုက်တာသည် Authentication လုပ်ငန်းစဉ်ကို လုပ်ဆောင်တာပဲ ဖြစ်ပါတယ်။ ဆိုလိုတာက user name သည် မိမိဘယ်သူ၊ ဘယ်ဝါဖြစ်ကြောင်း ပြောတာနှင့်တူပြီး၊ password ကတော့ မိမိကိုစစ်မှန်ကြောင်း ထောက်ခံပေးတာဖြစ်ပါတယ်။ အဲဒီမှာ Authentication လုပ်ငန်းစဉ်က မိမိ ရိုက်ထည့်လိုက်သော user name နှင့် password မှန်ကန်ပါက Authorize လုပ်ခိုင်းမှာဖြစ်ပြီး၊ မမှန်ကန်ပါက authorize လုပ်ခွင့်ပေးမှာမဟုတ်တော့ပါဘူး။ Authentication လုပ်ငန်းစဉ်ကို လုပ်ဆောင်ပေးတဲ့ protocol တွေကတော့ - LAN Manager (LM) New Technology LAN Manager (NTLM) New Technolgy LAN Manager V.2 (NTLM2) Kerberos စတဲ့ protocol တွေသည် Authentication process ကို လုပ်ဆောင်ပေးတဲ့ Authentication Protocol တွေပဲဖြစ်ကြပါတယ်။ LAN Manager (LM) အကြောင်း LM (LAN Manager) Authentication Protocol ကို LAN Manager ဒါမှမဟုတ် LANMAN လို့လဲ ခေါ်ကြပါတယ်။ ၎င်း protocol ကို IBM ကုမ္ပဏီကနေထုတ်လုပ်ခဲ့တာဖြစ်ပြီး Microsoft Operation System NT4.0 မှာ အသုံးပြုခဲ့တာဖြစ်ပါတယ်။ LM ကိုအသုံးပြုတာကတော့ password ကို encryption လုပ်ဖို့ရန်အတွက် အသုံးပြုခဲ့တာပဲဖြစ်ပါတယ်။ LM က password ကို encryption လုပ်ဖို့ရန်အတွက် "Hash" လို့ခေါ်တဲ့ Alogrithm ကိုဖန်တီးပြီး အလုပ်လုပ်တာဖြစ်ပါတယ်။ LM က password ကို Hash Alogrithm ကို သိမ်းဆည်းတဲ့ ပုံစံသည် "Seven- character chunks" ထဲမှာသိမ်းဆည်းတာဖြစ်ပါတယ်။ Seven-character chunks ဆိုတာက chunks တစ်မှာ character ကို "7" လုံးနဲ့သိမ်းတာကို ပြောတာဖြစ်ပါတယ်။ အကယ်၍ မိမိက password ကို သတ်မှတ်ရာမှာ character 7 လုံးမပေးပါက "0" သုညကိုအစားထိုးပြီး character ကို "7" လုံးဖြစ်သွားအောင် ပြုလုပ်ပြီး သိမ်းဆည်းပါတယ်။ အကယ်၍ character "7"လုံးကို သိမ်းဆည်းပြီး နောက်ထပ် chunk တစ်ခုဖြင့် ကျန် character တွေကို "7" ဖြစ်အောင်ပြုလုပ်ပြီး သိမ်းဆည်းပါတယ်။ LM Authentication Protocol သည် encryption ပြုလုပ်ဖို့ရန်အတွက် chunk တစ်ခုဆီကို 56-bit DES (Data Encryption Standard) အသုံးပြုပြီး encrypt ပြုလုပ်ပါတယ်။ |
+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
No comments:
Post a Comment
Thank you for visit to my page.