Kyaw Naing Welcome

Wednesday, December 31, 2014

ဘဝအတွက် လုပ်သင့်သော ၂၇ ချက်



နောင်တကိုတာ နောင်မှတရတယ်လို့ ဆိုစကားကို လူကြီးတွေဆိုက ကြားဖူးပါတယ်။ ဒီစကားအတိုင်းမဖြစ်ချင်ရင်တော့ ယခုချက်ချင်းလုပ်သင့်သော ၂၇ချက်ကို လုပ်သင့်တယ်လို့ထင်ပါတယ်။
၀၁. ထမင်းစားနေချိန်မှာ ဖုန်းကိုခဏမေ့ထားပါ။
သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် အိမ်မှာပဲဖြစ်ဖြစ် အမြဲတမ်း ဖုန်းတစ်လုံးနဲ့ အချိန်ကုန်မနေဘူးလား။
မိသားစုအတွက် တန်ဖိုးရှိတဲ့အချိန်တွေအတွက် ဖုန်းကို ဘေးချထားလိုက်ပါ။
၀၂. ကီးမကိုက်တဲ့ သူငယ်ချင်းတွေနဲ့ အဆက်အသွယ်ဖြတ်ပါ။
သူတို့နဲ့ အတူတူသွားလာချိန်မှာ မပျော်ရင်တော့ သူတို့ကို အဆက်ဖြတ်ပါ။
သင့်မှာအချိန်ဆိုတာက အကန့်အသတ်မရှိသလို အားနာနေဖို့လည်း မလိုပါဘူး။ ကိုယ့်အတွက် အရေးကြီးတဲ့သူတွေအတွက် အချိန်ကို အလေးပေးပါ။
၀၃. မနက်စောစောထပြီး တခုခုလုပ်ပါ။
နေ့တိုင်း အလုပ်တွေများပြီး ကိုယ့်ရဲ့အချိန်ကော ရှိရဲ့လား။ မနက်စောစောထပြီး တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်ကို အသုံးချပြီး ကိုယ်လုပ်ချင်တာကို လုပ်ပါ။
၀၄. ငြင်းသင့်ရင် ငြင်းပါ။
မလုပ်ချင်တဲ့ အလုပ်(သို့) ကိစ္စကို မလုပ်ချင်တဲ့အခါ သတ္တိရှိရှိ ငြင်းလိုက်ပါ။ မလုပ်ချင်တဲ့အလုပ်ကိုလုပ်ရင် အဖြေကတော့ ပြောစရာမလိုပါ။
၀၅. နေတိုင်း စိတ်သစ်ကိုယ်သစ်နဲ့နေပါ။
အတိတ်မှာ ဖြစ်ခဲ့တဲ့ကိစ္စကို အတိတ်မှာသာ ထားခဲ့ပါ။ အတိတ်က အကြောင်းတွေကို အတွေးလွန်ရင် မျက်စိရှေ့မှာရှိတဲ့ အခွင့်အရေးကို လက်လွတ်သွားနိုင်ပါတယ်။
၀၆. မိသားစုကို ကျေးဇူးတင်ကြောင်း ပြောပါ။
မိသားစုကို ကျေးဇူးတင်စကား ပြောခဲ့တာ ဘယ်တုန်းကလဲ။ ပြောရမှာ ရှက်ပင်မဲ့ တတ်နိုင်သလောက် ပြောနိုင်အောင် ကြိုးစားပါ။
၀၇. ဓါတ်ပုံကို ကူးပါ။
ဖုန်းထဲမှာ ရှိတဲ့ဓါတ်ပုံတွေကို ဖုန်းထဲမှာပဲ မသိမ်းထားပဲနဲ့ ဓါတ်ပုံကူးပြီး ဓါတ်ပုံစာအုပ်ထဲမှာ ထည့်ပြီးသိမ်းထားပါ။
အသက်ကြီးလာတဲ့အခါမှာ သင့်အတွက် အရေးကြီးတဲ့ အရာတခုဖြစ်လာပါလိမ့်မယ်။
၀၈. ဆုံးဖြတ်တဲ့အခါ စိတ်ရှင်းရှင်းနဲ့ လိုချင်တာကို ရွေးပါ။
ဘဝမှာ ဆုံးဖြတ်ရခက်မဲ့ ကိစ္စတွေကို အများကြီး ကြုံရမှာပါ။ အဲဒီအခါမှာ ကိုယ်ကလုပ်ချင်တဲ့အရာကို စိတ်ရှင်းရှင်းနဲ့ ရွေးချယ်ပါ။
စဉ်းစားသင့်တာထက်ပိုပြီး စဉ်းစားဆုံးဖြတ်ရင် နောင်တရတတ်ပါတယ်။
၀၉. ကျောင်းက မိတ်ဆုံပွဲတွေကို မသွားပါနဲ့။
အဲဒီလောက်လဲ မခင်ခဲ့တဲ့သူတွေနဲ့တွေ့လည်း အချိန်ကုန်တာပဲ အဖတ်တင်ပါတယ်။ ကိုယ့်အတွက် တန်ဖိုးထားရမဲ့သူတွေက ဘယ်သူလဲဆိုတာ တွေးပါ။
၁၀. မိသားစု ဓါတ်ပုံရိုက်ပါ။
မိသားစုဝင်တွေ စုဖြစ်ရင် ဓါတ်ပုံရိုက်ဖို့မမေ့ပါနဲ့။ သင့်အတွက် အဖိုးမဖြတ်နိုင်တဲ့အရာ တခုအနေဖြင့် ကျန်ခဲ့မှာပါ။
၁၁. လုပ်မယ်ဆိုရင် ဆုံးသည့်တိုင်အောင်လုပ်ပါ။
ဒီအလုပ်ကို လုပ်မယ်လို့ ဆုံးဖြတ်လိုက်ရင် လက်တွေ့လုပ်မယ်ဆိုတဲ့စိတ်နဲ့လုပ်ပါ။
ဘယ်လောက်ပဲ အခက်အခဲတွေ တွေ့တွေ့အောင်မြင်ပါလိမ့်မယ်။
၁၂. ပိတ်ရက်မှာ ကောင်းကောင်းနားပါ။
ပိတ်ရက်မှာ အချိန်က ဘယ်လိုကုန်သွားမှန်းကို သိမှာမဟုတ်ပါ။ မလိုအပ်တဲ့ သတင်းတွေ၊ ဖုန်းတွေကို ပိတ်ပြီး နားအေးပါးအေး နားလိုက်ပါ။
၁၃. အသုံးအဆောင်ပစ္စည်းတွေကို တန်ဖိုးထားပါ။
ကိုယ်ကြိုက်လို့ဝယ်ထားပြီး သုံးနေတဲ့ပစ္စည်းလေးတွေကို သပ်သပ်ရပ်ရပ် သုံးပါ။ မလိုအပ်တဲ့ပစ္စည်းတွေကိုတော့ ဘာမှမထားပါနဲ့။
၁၄. ကျန်းမာရေးကို ဂရုစိုက်ပါ။
ကျန်းမာမှသာလျှင် လုပ်ချင်တာကို လုပ်လို့ရပါလိမ့်မယ်။
၁၅. ရာထူးတိုးအောင်လည်း ပြောပါ။
ကြိုးစားထားတဲ့ အလုပ်တခုအတွက် ကိုယ့်မှာ ခံစားခွင့်ရှိတယ်လို့ထင်တယ်ဆိုရင် သတ္တိရှိရှိ အထက်ကို တောင်းဆိုသင့်ပါတယ်။
၁၆. ပတ်ဝန်းကျင်နဲ့ ထိတွေ့နိုင်မဲ့နေရာကို ထားပါ။
အိမ်မှာပဲဖြစ်ဖြစ် ရပ်ကွက်ထဲမှာပဲဖြစ်ဖြစ် ပတ်ဝန်းကျင်နဲ့အမြဲ ထိတွေ့နေနိုင်မဲ့နေရာကို ရှိအောင်လုပ်ပါ။
၁၇. ခရီးသွားရင် ကပ်စီးမနဲပါနဲ့။
ကိုယ်ကအရမ်းသွားချင်တဲ့ခရီးမှာ ပိုက်ဆံကို ချွေတာနေတဲ့အလုပ်ကို မလုပ်ပါနဲ့။
ပိုက်ဆံထက် တန်ဖိုးရှိမဲ့အရာကို သင်ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။
၁၈. ကိုယ့်ရဲ့ ထင်မြင်ချက်ကို ရဲရဲတင်းတင်းပြောပါ။
အားနာလို့ မပြောခဲ့တဲ့စကားတွေကြောင့် ခံခဲ့ရပေါင်းလဲမနည်းတော့ပါ။ တခါတလေတော့ စိတ်ထဲမှာရှိတဲ့အတိုင်း ရဲရဲတင်းတင်းသာ ပြောလိုက်ပါ။
၁၉. ပုံလည်းဆွဲကြည့်ပါ။
ကိုယ်နဲ့ ဆန္ဒတွေ၊ ရင်ထဲမှာ ခံစားနေရတာတွေကို စာမဟုတ်ပဲ ပုံဆွဲပြီး သရုပ်ဖော်ကြည့်ပါ။ အတွေးအခေါ်အသစ်တွေလည်း ရလာနိုင်ပါတယ်။
၂၀. ယုံကြည်ချက်တွေ ဆုံးရှုံးသွားမဲ့နေရာကို ပစ်ထားလိုက်ပါ။
ကိုယ့်ရဲ့ ယုံကြည်ချက်တွေ ဆုံးရှုံးသွားစေမဲ့နေရာကနေ မြန်မြန်ထွက်ခွာသွားနိုင်အောင် ကြိုးစားပါ။ မကောင်းတဲ့နေရာမှာရှိနေလို့လဲ ဘာမှထူးလာမှာ မဟုတ်ပါ။
၂၁. စွန့်စားကြည့်ပါ။
များတယ်။နည်းတယ်။ကြီးတယ်။သေးတယ် မဆိုင်ပါ။ ကိုယ်ကလုပ်ချင်တယ်လို့တွေးထားတဲ့အရာကို စွန်းစားပြီးလုပ်ကြည့်ပါ။
အောင်မြင်တာ မအောင်မြင်တာထက် အတွေ့အကြုံကောင်းတွေ အများကြီးရပါလိမ့်မယ်။
၂၂. ပိုက်ဆံ နည်းနည်းစုပါ။
ဘဝမှာ ဘာဖြစ်လာမလဲဆိုတာကို ဘုရားမှလွဲ၍ ဘယ်သူမှမသိနိုင်ပါ။ တခုခုဖြစ်ရင်သုံးဖို့အတွက် ပိုက်ဆံကို ဆောင်ထားပါ။
၂၃. သူငယ်ချင်းကို တန်ဖိုးထားပါ။
အသက်တွေရလာရင် သူငယ်ချင်းရဲ့တန်ဖိုးကို သိလာပါလိမ့်မယ်။ သူငယ်ချင်းတွေကလည်း ကူညီပေးပါလိမ့်မယ်။
၂၄. Facebook သုံးနေတဲ့အချိန်ကို လျှော့ပါ။
ဘာရယ်လို့မဟုတ် Facebook ဖွင့်ကြည့်ပြီး အချိန်တွေဖြုန်းနေတဲ့သူတွေ အများကြီးပါ။ သတိထားပါ။
၂၅. သူတပါးရဲ့ အောင်မြင်မူကို အားပေးပါ။
သူငယ်ချင်းပဲဖြစ်ဖြစ် လုပ်ဖော်ကိုင်ဖက်ပဲဖြစ်ဖြစ် သူ့ရဲ့အောင်မြင်မူအတွက် ဂုဏ်ယူပါ။ အားပေးပါ။
မနာလိုမဖြစ်ပါနဲ့။ သူတော်လို့ အောင်မြင်တာပါ။ သူအောင်မြင်တာကို အားမပေးနိုင်တဲ့စိတ်ဓာတ်ရှိရင် ကိုယ်အတွက်ဆိုရင်လည်း အားပေးမဲ့သူရှိမည်မဟုတ်ပါ။
၂၆. ကိုယ်အတွက် အရေးကြီးသောသူအတွက် အချိန်ပေးပါ။
ကိုယ်ရဲ့အရေးကြီးသောသူအတွက် အချိန်လေးကို တနေ့နည်းနည်းပေးပါ။
၂၇. အချစ်ဆုံးသူငယ်ချင်းနဲ့ ဟက်ဟက်ပက်ပက် ရယ်လိုက်ပါ။
အချစ်ဆုံးသူငယ်ချင်းနဲ့တွေ့ပြီး ကျောင်းတုန်းကအကြောင်းပဲဖြစ်ဖြစ် ပြောချင်တာတွေကို ပြောပြီး ပျော်ပျော်ရွှင်ရွှင် လွတ်လွတ်လပ်လပ်နေလိုက်ပါ။
Credit to: Chelmo Team

Thursday, March 20, 2014

ကိုယ့်ပို့ချင်တဲ့ File က အကြီးကြီးတွေဖြစ်နေတာ။ Gmail ကနေလည်း ပို့လို့မရ



အားလုံးကြုံဖူးကြမှာပါ။ ကိုယ့်ပို့ချင်တဲ့ File က အကြီးကြီးတွေဖြစ်နေတာ။ Gmail ကနေလည်း ပို့လို့မရ ( Html view ကလည်း file size သေးသေးပဲ ပို့လို့ရတယ် ၊ standard view ကလည်း 25MB ထိပဲပို့လို့ရတယ် ) web sender တွေ ( yousendit.com , send6.com ) ကလည်း 50MB ထိပဲပို့လို့ရတယ်။ ပိုဆိုးတာက တခါတလေ အဲဒီ site ၂ ခုက register လုပ်ခိုင်းသေးတယ်။
              ကဲ ဘယ်လိုပို့ကြမလဲ?? ကျွန်တော်က ကျွန်တော်သိတဲ့ နည်းလမ်း ၃ ခုလောက်ပြောပြချင်တယ်။

              ပထမဆုံးနည်းလမ်းက web sender ကနေပို့မှာ။ ခုနကပြောခဲ့တဲ့ yousendit.com နဲ့ send6.com က အမြဲတမ်း မရဘူး။ register လည်းလုပ်ခိုင်းတက်တော့ ကျွန်တော်က နောက် web sender ကိုရှာရတော့တာပေါ့။ ကျွန်တော် ရှာတွေ့တဲ့ sender က ၁ file ကို 1GB ထိရတယ်။ အဲတော့ အိုကေတာပေါ့။ expire က ၇ ရက် ရမယ်။ သဘောက ပို့လိုက်တဲ့ File ကို ၁ ပတ် အတွင်းမှာ download ချရမယ်။ web sender ရဲ့  address ကတော့ www.transferbigfiles.com ။ အဲဒီကနေ step ၃ ဆင်နဲ့ အလုပ်လုပ်ရမယ်။ ၁ က ကိုယ်ပို့ချင်တဲ့ file ကြီးကြီးကို add လုပ်ပေးရမယ် ပြီးရင် step 2 က ကိုယ်ပို့ချင်တဲ့ သူရဲ့ address ကိုRecipient's Email: မှာထည့်ပေးရမယ်။ step 3 ကတော့ I certify that I own the rights to the file(s).. ရဲ့ ရှေ့မှာ အမှန်ခြစ်ထည့်ပေးရမယ်။ ပြီးရင် Send it ဆိုတာကို နိုပ်လိုက်ရင် OK သွားပြီးပေါ့။  လက်ခံဘက်မယ့်သူရဲ့ Email inbox ထဲမှာ DoNotReply ဆိုပြီးတော့ Mail တစ်စောင်ဝင်လာမယ်။ အဲဒီ mail ကိုဖွင့်လိုက်ရင် Download ချနိုင်တဲ့ Link ကို တွေ့ရမယ် အဲဒီ link ကနေ တဆင့်  ပို့ထားတဲ့ Large File
ကို download ချလိုက်ယုံပဲပေါ့။ ဒါဆိုရင် အဆင်ပြေသွားပြီ။ အဲ..ဒါပေမယ့် File size အကြီးကြီးကို ၁ ခါထည်း ပို့ရတဲ့ အတွက် အခက်အခဲရှိတယ် download ချရတဲ့ အချိန်လည်း အခက်အခဲရှိတယ်။ နောက်ပြီး web sender က တဆင့်ပို့တဲ့ အတွက် expire ကျော်သွားရင် အဲဒီ link က အသုံးမ၀င်တော့ဘူး။
အဲတော့ ကျွန်တော်က ဒုတိယ နည်းလမ်းကို ပြောပြမယ်။

                 ဒုတိယ နည်းလမ်းက online storage ကို သုံးမှာ။ online storage တွေဆိုရင် ကျွန်တော်တို့  မြန်မာနိုင်ငံမှာ လူသိများတာက mediafire ပါ။ ကျွန်တော်သတိထားမိတာတော့ mediafire ကနေ download ချဖို့ သိပ်မလွယ်ဘူးဗျ။ ကျွန်တော် မိတ်ဆက်ပေးချင်တဲ့ online storage web site ကတော့ drivehq.com ပါပဲ။ အဲဒီ site ကို ကျွန်တော့် ဆရာတစ်ယောက်က ပြောပြလို့သိတာပါ။ ကျွန်တော်စမ်းကြည့်တော့ သူက file site ဘယ်လောက်ထိပဲရမယ်လို့ Limit မပေးထားပါဘူး။ ဒါပေမယ့် free ကတော့ 1 GB ပဲရတယ်။ အိုကေ ခု free 1 GB ကို ခဏထားလိုက်။ ကျွန်တော်တို့ပိုမှာက 1 GB လောက်တော့ မရှိဘူးလို့ ထင်ပါတယ်။ အရင်ဦးဆုံး drivehq.com မှာ register လုပ်ရပါမယ်။ register လုပ်ပြီးရင်တော့ Activation Code ထည့်ရပါမယ်။ အဲဒီ code က register လုပ်တုန်းက ထည့်လိုက်တဲ့ email ထဲကိုရောက်သွားမှာ။ mail ထဲမှာပါတဲ့ link ကနေ သူ့ရဲ့ web ဆီကိုပြန်သွားလိုက်ရင် drivehq.com မှာ ကိုယ့် account ကိုမြင်ရမှာပါ။ ကျွန်တော်တို့ web browser ပေါ်မှာ explorer လိုမျိုး မြင်ရမှာပါ။ အဲတော့ folder အသစ်ဆောက်ရင်လည်း ဆောက်ပေါ့။ မဆောက်ချင်လည်း သူ့ default ပါတာပဲသုံးပါ။ folder တခုကိုရွေးပြီးတော့ upload ဆိုတာကို နိုပ်လိုက်ပါ( example, select my documents folder)။ browser ကနေ တဆင့် ကိုယ် တင်ချင်တဲ့ file ကို ရွေးပေးပါ။ တခါ upload လုပ်ရင် 5 files နဲ့ 2GB ထိ upload လုပ်ခွင့်ရှိပါတယ်။ ဒါပေမယ့် free storage ကတော့ 1 GB ပဲပေးထားတာ။ အဲတော့ ကျွန်တော်တို့ ရွေးပြီတော့ submit နဲ့ upload လုပ်ပါမယ်။ upload ပြီးသွားရင် my documents folder ထဲမှာ ကိုယ်တင်လိုက်တဲ့ file ကိုတွေ့ရမှာဖြစ်ပါတယ်။ ခုကျွန်တော်ပြောနေတဲ့ အဆင့်ထိက upload  လုပ်တာပဲရှိပါသေးတယ်။ ပို့တဲ့ အဆင့်မရောက်သေးပါဘူး။ ကျွန်တော်က share လုပ်တဲ့  သဘောလေး ပြောပြချင်ပါသေးတယ်။ drivehq ကနေ share လုပ်တဲ့ပုံစံက ကိုယ့်တင်ထားတဲ့ Folderရဲ့ location ကို share
လုပ်လိုက်တဲ့အချိန်မှာ link  တခုပေးမှာပါ။ အဲဒီလင့်ကို ပေးရမှာဖြစ်ပါတယ်။ share လုပ်ပုံလုပ်နည်းကတော့ ကိုယ့်တင်ထားတဲ့ folder ကို pointer ထောက်လိုက်ရင် share icon ( folder ကို လက်ပေါ်တင်ထားတဲ့ ပုံစံ) ပေါ်လာမှာပါ။ အဲဒါကို click ပေးရပါ့မယ်။ နောက်တဆင့်အနေနဲ့ ကိုယ်ပေး ချင်တဲ့ contact ကိုထည့်ပေးရမှာပါ။ drivehq မှာ register လုပ်ထားတဲ့သူ အချင်းချင်းလား..? ဒါမှမဟုတ် ကိုယ်ပေးချင်တဲ့သူရဲ့ email  ကိုထည့်ပေးရပါမယ်။ ပြီးလို့ share ကို နိုပ်လိုက်တယ်ဆိုရင်တော့ drivehq က Frame တခုပေးမှာ။ အဲဒီ frame ကို ကူးပြီးတော့ email နဲ့ပိုရင်လည်းရပါတယ်။ ဒါမှ မဟုတ် အဲဒီ frame ထဲမှာပါတဲ့ share link ကို ပေးရင်လည်းရပါတယ်။( ဥပမာ ဒီလိုမျိုးထွက်လာမှာပါ http://www.drivehq.com/sharing /ShareLogon.aspx?key=7076781/ifqsabr...)။ အဲလို လုပ်ပြီးရင် share လုပ်လိုက်တဲ့ folder  ကိုပြန်ကြည့်ရင် လက်ပုံစံလေးပြောင်းသွားမှာပါ။ အဲဒီlink ကိုလက်ခံရတဲ့သူဘက်မှာ share verify လုပ်ခိုင်းမှာပါ။ အဲဒီမှာ ဖြည့်ပေးရမယ့် email က ကိုယ့် email မဟုတ်ပါဘူး။ ပို့တဲ့သူက ပေးရမှာပါ။ ပို့တဲ့သူရဲ့ email ကိုထည့်ရမှာပါ။ ကျွန်တော်ပြောတာ ရှုပ်သွားပြီနဲ့တူတယ်။ ဒီလိုပါ။ အဲဒီမှာ email ထည့်ပေးရမယ်.. ထည့်ပေးရမယ့် email က drivehq မှာ register လုပ်ထားတဲ့သူရဲ့ email ကို ထည့်ရမှာပါ။ အကယ်၍
register လုပ်တုန်းက ထည့်လိုက်တဲ့ user123@gmail.comဆိုရင် verify လုပ်ဖို့ထည့်ရမယ့် email ကလည်း user123@gmail.com ကိုထည့်ရမှာပါ။ အဲလို verify လုပ်ပြီးရင်တော့ share ထားတဲ့ file တွေကို download ချလို့ရပါပြီ။

               နောက်တစ်နည်းကတော့ အလုပ်တော့ရှုပ်မယ်။ ဒါပေမယ့် အကောင်းဆုံးနည်းလမ်းလို့  ကျွန်တော်ကပြောချင်တယ်။ ပို့ချင်တဲ့ သူကလည်း အလုပ်ရှုပ်မှာဖြစ်သလို လက်ခံပေးရမယ့်သူဘက်ကလည်း အလုပ်ရှုပ်မှာပါ။ လွဲသွားရင် ဘာတခုမှ ရမှာမဟုတ်ပါဘူး။ ဒီနည်းလမ်းကို သိတဲ့သူတွေလည်း  သိမယ်လို့ထင်ပါတယ်။ ကျွန်တော်ကတော့ နားလည်သလို ပြန်မျှပေးသွားမှာပါ။ winrar software ကို
အသုံးပြုမယ့်နည်းလမ်းဖြစ်ပါတယ်။ လုပ်ရမယ့်နည်းလမ်းကိုပြောပြပါမယ်။ အရင်ဆုံး winrar ကိုတော့ install
လုပ်ပေးထားပါ။ ကိုယ်ပို့ချင်တဲ့ file တွေကို folder တခုထဲထည့်။ winrar တင်ထားလို့ folder ကို r-click နိုပ်လိုက်ရင် compress and email ဆိုတာကို click လုပ်ပေးပါ။ archive format မှာ rar ကိုရွေးပေးပါ။ နောက်ပြီး archive option မှာ create SFX archive ကို ရွေးပေးပါ။ အဲဒါမလုပ်ခင်မှာ တခုကြည့်ကြည့်ပါ။ archive name မှာ ****.rar ဖြစ်နေမှာပါ။ SFX ကို ရွေးလိုက်ပြီးတဲ့ အချိန်မှာ ****.exe လို့ပြောင်းသွားတာ တွေ့ရပါလိမ့်မယ်။ အဲဒါပြီးရင်တော့ အရေးကြီးဆုံး ပြောပါမယ်။ split to volumes, bytes ဆိုတာ ရှိပါတယ်။ အဲဒီကောင်က ဘာလုပ်ပေးတာလဲဆိုတော့ ကျွန်တော်တို့ compress လုပ်ချင်တဲ့ folder ကို အပိုင်းတွေ ကွဲသွားအောင် လုပ်ပေးမှာပါ။ အပိုင်းလိုက်ခွဲပေးမှာဖြစ်တဲ့အတွက် ကိုယ်ပိုင်းချင်သလောက်ကို ပိုင်းပေးရမှာပါ။ ဘယ်လောက်ထားမယ်ဆိုတာကို bytes နဲ့ ဖော်ပြပေးရမှာ။ 10MB ဖြစ်ဖို့အတွက်  10x1024x1024=10485760byte လို့ရိုက်ထည့်ပေးရမှာပါ။ အဲဒါဆို ချုံ့ထားတဲံ file ၁ ခုက 10MB  ဖြစ်သွားမှာပါ။ အကယ်၍ 37.9MB ရှိတဲ့ folder ကို ခွဲမယ်ဆိုရ် 10MB ၃ ခုနဲ့ 7.8MB ၁ ခုထွက်လာမှာ။ file name တွေရဲ့ အဆုံးမှာ ***.part-- ( --  က 01၊ 02၊ 03၊..) နဲ့ ဆုံးတာတွေတွေ့ရမှာပါ ။အဲဒီထွက်လာတဲ့ အပိုင်းတွေကို ပို့ရမှာပါ။ ပို့တဲ့အပိုင်းကတော့ဒီလောက်ပါပဲ။ လက်ခံတဲ့ဘက်က ကိုယ့်ဆီရောက်လာတဲ့ အပိုင်းလိုက်ဖြစ်နေတဲ့ file တွေကို ၁ နေရာထည်းမှာ စုထားဖို့လိုပါတယ်။ အဲဒီမှာ ***.part01 ကို double click
နိုပ်ပေးလိုက်တာနဲ့ ဘယ်နေရမှာ သိမ်းမှာပါဆိုတဲ့  location ရွေးပေးပြီး Install ကို နိုပ်ပေးလိုက်တာနဲ့ သူ့အလိုလို တပိုင်းပိုင်းပြီး တပိုင်းဖြည်ပေးသွားပါလိမ့်မယ်။ ကိုယ်ပေးလိုက်တဲ့  location မှာ သွားကြည့်မယ်ဆိုရင် ပို့ထားတဲ့ folder လိုက်ကြီးကို file အစုံအလင်ပါတာ တွေ့ရမှာပါ။ ဒါဆိုရင် အဆင်ပြေသွားပြီလို့ ဆိုရတော့မှာ။
အားလုံး File size ကြီးကြီးတွေနဲ့ နပန်းလုံးနိုင်ကြပါစေဗျာ။

Monday, March 17, 2014

facebook ရဲ့ account setting အကြောင်းအပိုင်း ( ၁ )

facebook ရဲ့ account setting အကြောင်းအပိုင်း ( ၁ )

facebook ရဲ့ အကောင့်  setting တွေကို ကျွမ်းကျွမ်းကျင်ကျင် နားလည်သဘောပေါက်လိုသူများအတွက်ပါ။ဒီနေ့ မှာတော့  general setting နှင့်  security အကြောင်းကိုနည်းနည်းလေးရှင်းပြပေးပါမယ်။ဒီအကြောင်းတွေကိုနားလည် သဘောပေါက်သွားပြီဆိုရင်မိတ် ဆွေ
တို့ တွေရဲ့ အကောင့် တွေဟာလုံခြုံမှု ရှိလာမှာဖြစ်သလို မသိနားနိုးနဲ့  ထိတ်လန့် ကြောက်ရွံ့ နေစရာမလိုတော့ ပါဘူးခင်ဗျာ။ဒီနေရာမှာ facebook ကို အသုံးပြုတာကြာတဲ့ မိတ်ဆွေတွေအနေနဲ့ ကတော့  သိပြီးသားဖြစ်ကောင်းဖြစ်မှာပါ။ဒါပေမယ့် အခြေခံကနေစပြီး အများသူငှာလေ့ လာနိုင်အောင် ယခုလိုဖော်ပြပေးလိုက်တာပါခင်ဗျာ။
ganeral account setting
---------------------------------------------------
ဒီအဆင့် မှာတော့ ရှင်းပြစရာထွေထွေထူးထူးမရှိပါဘူး။အောက်ကပုံလေးထဲကအတိုင်း

name = ဆိုတာကတော့ မိမိနာမည်ပါ။
username =ကတော့ မိမိအသုံးပြုနေတဲ့ အကောင့် နာမည်ပါ။ သူ့ ကိုသူငယ်ချင်းတွေကို မိမိလိပ်စာပေးတဲ့ နေရာမှာအသုံးပြုလို့ ရပါတယ်။
email = ကတော့ မိမိရဲ့ အီးမေးလိပ်စာပါ။
networks =ဆိုတာကတော့ သာမန်user တစ်ယောက်အနေနဲ့ မသုံးပါဘူး
language =ဆိုတာကတော့ ဘာသာစကားတွေပြောင်းတဲ့ နေရာပါ။ facebook ကိုမြန်မာလိုသုံးချင်သူများအတွက်ဆိုရင်တော့  အဲဒီနေရာမှာ မြန်မာလိုပြောင်းလဲသုံးစွဲလို့ ရပါတယ်။



Security setting
---------------------------------------
ဒီကောင်လေးကတော့ မိမိတို့ ရဲ့ အကောင့် လုံခြုံရေးအတွက်မဖြစ်မနေသိထားသင့် ပါတယ်။အောက်မှာ
အသေးစိတ်ကိုရှင်းပြပေးထားပါတယ်။
Secure browsing
-------------------------------------
ဒီကောင်လေးကိုတော့  virus ,spam , hacker တွေရန်မှကင်းဝေးအောင်အသုံးပြုပါတယ်။အောက်ကပုံလေးလိုမျိုး edit ကိုနိပ်ပြီးအမှန်လေးခြစ်ထားပေးရင်save change လုပ်ထားပေးရင် အကာအကွယ်တစ်ခုတော့ အထောက်အကူရပါတယ်။
login notification
----------------------------------
ဒီကောင်လေးကတော့ မိမိတို့  account ကို အသုံးပြုတိုင်း message လေးနဲ့ မိမိကိုသတိပေးပါတယ်။ ဒီနေရာမှာ အီးမေး message လိုချင်ရင် email message နေရာမှာ အမှန်ခြစ်ပေးထားရင် မိမိတို့ အကောင့် ကို ဝင်ရောက်တိုင်း မိမိရဲ့ အီးမေး ကို message ပို့ ပေးမှာဖြစ်ပါတယ်။
login apporvals
----------------------------
login apporvals လုပ်တယ်ဆိုတာကတော့  unknow browser တွေနဲ့ မိမိတို့ အကောင့် ကိုဝင်ရောက်မယ်ဆိုရင် မိမိ ခွင့် ပြု ချက်ရမှာသာ ဝင်ရောက်လို့ ရပါတယ်။ဒီနေရာမှာ မိမိက ကိုယ့် ရဲ့  password ကိုပြောပြပြီး တစ်ခြားသူငယ်ချင်းတစ်ယောက်ကို ဝင်ခိုင်းသည်ထားအုံး မိမိရဲ့ ခွင့် ပြုချက်မရရှိပါက ။မိမိအကောင့် ကို ဘယ်လိုမှဝင်ရောက်လို့ မရနိုင်ပါ။။တကယ်လို့ လုံခြုံရေး တိုးမြှင့် သည့် အခါမျိုး တွင်သုံးနိုင်ပါသည်။အောက်မှာပြထားသည့် ပုံလေးထဲကအတိုင်းအမှန်ခြစ်လေးပေးလိုက်ပါ။
ဒီနေရာမှာအောက်ကပုံလေးအတိုင်း get started ကိုနိပ်လိုက်ရင် မိမိတို့  account ကို login ဝင်တိုင်း ဖုန်းကနေ security code ရယူပြီးလုံခြုံရေးကိုနှစ်ထပ် ထပ်မံတိုးမြှင့် လို့ ရပါတယ်။
code generator
----------------------------------
code generator ဆိုတာကတော့ facebook application ကို code gerneate နဲ့  လုံခြုံ အောင် ပြုလုပ်ခြင်းပါ ။ အသုံးပြချင်တယ်ဆိုရင်တော့ အောက်ကပုံလေးတွေကိုကြည့် ပါ။
အသုံးပြုချင်တယ်ဆိုရင် set up ကိုနိုပ်ပါ။မိမိ password ကိုထည့် ပါ။ပြီးရင် sumbit ကိုနိပ်ပါ။
မိမိကြိုက်တဲ့  security code ကိုထည့် ပါ။
app password
---------------------------------
app password ဆိုတာကလည်းလုံခြုံရေး ကို ထပ်မံတိုးမြှင့် ထားတဲ့ ( special password ) ပါပဲ။ဒီကောင်လေးကို မိမိတို့  login ဝင်ရောက်တိုင်း တစ်ကြိမ်သာအသုံးပြုလို့ ရပါတယ်။login apporvals ကိုမိမိကအသုံးပြုထားတယ်ဆိုရင် တစ်ခါတစ်လေ အကောင့် ဟာ tempoary lock ကျတဲ့ အခါမျိုးမှာ app password နဲ့ ဝင်ရောက်လို့ ရပါတယ်။အသုံးပြုမယ်ပုံလေးကတော့ (

Account Settings > Security)
Find the App Passwords section and click Edit
Click the Generate app passwords link
Type in the name of the App and click Generate Password
Go to your app and use that password to log in

trusted contant
--------------------------------------
trusted contant ဆိုတာကတော့ မိမိရဲ့ အကောင့် lock out ကျသွားခဲ့ တဲ့ အခါမျိုးမှာ သူငယ်ချင်းတစ်ယောက်ယောက်ရဲ့ အကူအညီနဲ့ ပြန်လည်ရယူချင်ရင်ဒီမှာ မိမိသူငယ်ချင်းနာမည်ကို ရွေးထားပေးခြင်းအားဖြင့်  မိမိ အကောင့်  lock ကျတဲ့ အခါမှာ အကူအညီရနိုင်ပါတယ်။ကြိုတင်လုပ်ဆောင်သင့် တဲ့ အချက်ကလေးပါပဲ။အသုံးပြုမယဆိုရ်င choose trusted contants ကိုနိပ်ပြီးမိမိ သူငယ်ချင်းတွေကို add လုပ်ထားနိုင်ပါတယ်။
trusted browser
-----------------------------------
trusted browser ဆိုတာကတော့ မိမိရဲ့  facebook အကောင့် ကိုဝင်ရောက်ခဲ့ တဲ့ browser တွေကိုကြည့် ရှူ ပြီးခြေရာကောက်နိုင်ပါတယ်။ဖုန်းနှင့် ဝင်ရောက်သွား
တာလား Windows နှင့် ဝင်ရောက်တာလားဆိုတာကွဲကွဲပြားပြား သိနိုင်ပါတယ်။
Where You're Logged In
-----------------------------------------------
Where You're Logged In ဆိုတာကတော့  မိမိ အကောင့် ကိုအသုံးပြုနေတဲ့ နေရာ ရယ် windows ရယ် browser တွေကို တိတိကျကျ ခြေ ရာကောက် နိုင်ပါတယ်။ ( history လိုက်လို့ ရပါတယ်)
decative account
------------------------------------
decative account ကိုတော့ လုံးဝ(လုံးဝ) မနိပ်ပါနှင့် ခင်ဗျာ facebook ကြီးကလွမ်းသွားပါလိမ့် မယ်။
ဒီလိုလေးနော်ေိေိ

အသေးစိတ်က ပုံတွေ အများကြီးနဲ့မလို့ လင့်စ်ထဲကိုဘဲ ၀င်ရောက်ကြည့်ရှုလိုက်ပါခင်မျာ
http://servicebyart.blogspot.com/2014/03/facebook-account-setting.html

Thursday, March 13, 2014

သင့် websites အတွက် ကောင်းနိုးရာရာ ကုတ်လေးများ.......



ဒါကတော့ နောက်ခံဘက်ဂရောင်း အတွက်
ကုတ်လေးပါ..။
<style type="text/css">
body {
background-image: url(ဒီနေရာမှာ
ဘက်ဂရောင်းလင့်လေးထည့်ပါ
) ;
background-attachment:fixed;
background-repeat: no-repeat;
background-position:Bottom; }
</style>
အနီရောင်လေးတွေနေရာမှာ
စိတ်ကြိုက်ပြောင်းလို့ရပါတယ်...။
ဒါလေးကတော့ Text Box
အတွက်ကုတ်လေးပါ
<form method="post" action="">
<textarea name="comments" cols="60" rows="5">
စာတွေဒီနေရာမှာရိုက်ထည့်ပါ.....
</textarea><br>
</form>

.................................................................


ဒါလေးကတော့ box အတွက်ဖြစ်ပါတယ်
<table width=50% style="border:2px dotted hotpink;" cellpadding="4" cellspacing="4"><tr><td
style="border:2px dotted lightpink;"><font
size="1">ဒီနေရာမှာအကြောင်းအရာရေးပါ</td></tr></table>


<table width=50% cellpadding="6" cellspacing="2"
style="border:double 5px #9900FF,"><tr><td
style="border:double 5px #9900FF;">ဒီနေရာမှာအကြောင်းအရာရေးပါ</td></tr></table>


...............................................

ဒါလေးကတော့ သူ့ကိုနှိပ်လိုက်ရင်
စာမျက်နှာအပေါ်ဆုံးကိုရောက်သွားမယ့် ကုတ်လေးပါ
<div align="center">
<p id="top"><a href="#" temp_href="#"><img
src="
http://img140.imageshack.us/img140/5843/top1.png"
width="70" height="45" border="0" alt="Back to the Top"
title="အပေါ်သို့"></a></p>
စိမ်းရောင်လေးနဲ့
လင့်နေရာမှာတော့ မိမိကြိုက်တဲ့
ပုံစံပြောင်းထည့်လို့ရပါတယ်...။
..................................................................


ဒါကတော့ Flash ဖိုင်တွေကိုစာမျက်နှာမှာတင်မယ့်
ကုတ်လေးပါ
<embed
src=" ဒီနေရာမှာ *.swf
ဖိုင်ရှိတဲ့လင့်လေးထည့်ပေါ့
" ="" wmode="transparent"
allowfullscreen="true" allowscriptaccess="always"
height="300" width="460">

*.swf ဖိုင်ကိုအရင် upload တင်ရပါမယ် ပြီးတော့မှ ဖိုင်ရှိတဲ့လင့်ကိုထည့်ရမှာဖြစ်ပါတယ်။
အနီရောင် တွေနေရာမှာတော့လိုတဲ့ အရွယ်အစားကို
အစားထိုးပြောင်းလို့ရပါတယ်။
.............................................

ဒါကတော့ စာလုံးအရွယ်အစားနဲ့
အရောင်တွေအတွက်ပါ
<Font size ="2" color ="green">ဒီလိုလေးဖြစ်သွားပါမယ်</font>
<Font size ="3" color
="blue">ဒီလိုလေးဖြစ်သွားပါမယ်</font>
<Font size ="4" color
="yellow">ဒီလိုလေးဖြစ်သွားပါမယ်</font>

လိုအပ်တဲ့အရွယ်နဲ့ အရောင်ကို ကြိုက်သလိုပြန်ပြင်လို့ရပါတယ်။
ဒီလိုလေးဖြစ်သွားပါမယ်
ဒီလိုလေးဖြစ်သွားပါမယ်
ဒီလိုလေးဖြစ်သွားပါမယ်
.............................................

ဒါကတော့ လင့်ချိတ်တဲ့
ကုတ်လေးပဲဖြစ်ပါတယ်
<a href=" ဒီနေရာမှာ ပေးသွားစေချင်တဲ့
လင့်ကိုထည့်ပါ
"
target="_blank"> ဒီနေရာမှာက
မိမိဖေါ်ပြချင်တဲ့အကြောင်းအရာပေါ့
</a>


ဖေါ်ပြချင်တဲ့နေရာမှာ စာသားသက်သက်ရေးလဲရတယ် ဒါမှမဟုတ်
ဓာတ်ပုံလေးနဲ့ လုပ်လဲရပါတယ် ဓာတ်ပုံလေးနဲ့ ဖေါ်ပြမယ်ဆိုရင်တော့
ဒီလိုလေးပါ

<a href=" ဒီနေရာမှာ ပေးသွားစေချင်တဲ့ လင့်ကိုထည့်ပါ "
target="_blank"> <img style="width:
280px; height:50px;"
src=" ဒီနေရာမှာ ဓာတ်ပုံ လင့်လေးထည့်ပါ
"
alt=""/> </a>
ဒီလိုလေးပါ ကုတ်များအကြောင်း
.............................................

ဒါလေးကတော့ လင့် ကို ထောက်လိုက်ရင်
အရောင်ပြောင်းအောင်လုပ်တာပါ

<style
type="text/css"> <!-- A:link { text-decoration: none;
color:yellow
} A:visited { text-decoration: none; color:red} A:hover { text-decoration:
none; color:green } -->
</style>

Friday, February 28, 2014

အဝတ်သန့်ရသည့် အကြောင်းအရင်း



ညားခါစ လင်မယား နှစ်ဦး အိမ်သစ်ကို ပြောင်းနေပါတယ်။ မနက် စာ စားတိုင်း ဘေးအိမ် (အိမ်နီးချင်း) က အဝတ်ထွက်လှမ်းတာ ကို ပြတင်းပေါက် ကနေ အမြဲလှမ်းမြင်ရပါတယ်။ သူတို့ အဝတ် လှမ်းတာကို မြင်တိုင်း မယားဖြစ်သူက သူ့အမျိုးသား ကို အောက်ပါ အတိုင်း ရေရွတ်ပြောဆိုလေ့ ရှိပါတယ်။

"သူတို့ အဝတ်လျှော်တာ တစ်ထည်မှ မသန့်ရှင်းဘူး။ ဆပ်ပြာ ကောင်းကောင်း၊ ရေကောင်းကောင်း သုံးဖို့လိုတယ်"

ယောင်္ကျားဖြစ်သူကတော့ ဘာမှ ပြန်မပြောပဲ သူစားစရာရှိတာကိုသာ စားပါတယ်။ ဒီလိုနဲ့ တစ်လလုံး ဘေးအိမ်က လှမ်းတဲ့ အဝတ်ကို မနက် တိုင်း မြင်ပြီး အဝတ်စင်အောင် မလျှော်တတ်တာကိုပဲ ကြုံရင် ကြုံ သလို စကားထဲ ထည့်ပြောနေခဲ့မိပါတယ်။

တစ်ရက်ကျတော့ ထမင်းစားရင်း ပြတင်းပေါက် ကနေ လှမ်းကြည့်တော့ အိမ်နီးချင်းက အဝတ်တွေ သန့်ရှင်း အောင်လျှော် ဖွတ်ထားတာကို မယားဖြစ်သူက မြင်တွေ့ လိုက်ရပါတယ်။ ဒီတော့ အံ့သြစွာနဲ့ပဲ သူ့အမျိုးသားကို ယခုလို ပြောပါတယ်။

"ဟိုမှာတွေ့လား၊ အဝတ်တွေ သန့်သွားပြီ။ အဝတ်သန့်အောင် လျှော် နည်းကို ဘယ်သူသင်ပေးလိုက်လဲမသိဘူး။ အရင်ကလို မညစ်ပတ်တော့ဘူးပဲ"

ဒီတော့ အမျိုးသားက အောက်ပါအတိုင်းပြန်ပြောပါတယ်။

"အေး သန့်နေမှာမှာပေါ။ တစ်လလုံး ညစ်ပတ်နေတဲ့ ပြတန်းပေါက် မှန်ကို ငါမနေ့ညနေကပဲ သန့်ရှင်းရေး လုပ်ထားတာ"

--
--
သင်ခန်းစာ - လူတွေဟာ တစ်ခါတစ်ရံမှာ ကိုယ့်အမှားထက် သူများ အမှားကို ပိုမြင်ပြီး ထောက်ပြချင်ကြပါတယ်။ အကြောင်းကိစ္စ တစ်ခုကို ဝေဖန်ထောက်ပြဖို့ ဆုံးဖြတ်လိုက်တိုင်း မိမိဘက်က အမှားမရှိ အောင် အရင်ဆုံးဆင်ခြင် သုံးသပ်ရမှာပဲ ဖြစ်ပါတယ်။
-
Ref: knowledge-facts

အောင်ခမ်း ( ရိုးရာလေး )

Tuesday, January 14, 2014

...ခဲ့လျှင်..အဓိပ္ပါယ်ရတဲ့ ၀ါကျ



''Inversionနှင့်ရေးသော.. ၀ါကျများ"
  ...ခဲ့လျှင်..အဓိပ္ပါယ်ရတဲ့ ၀ါကျ
----------------------------------------
( Inversions in conditional sentence)

ကျောင်းတွေမှာ If..နဲ့စတဲ့ဝါကျတွေ သင်ခဲ့ကြရပါတယ်။Conditional sentence လို့ ခေါ်တာပေါ့။အဲဒီလိုဝါကျတွေမှာ If ရဲ့နောက်က had,should, wereစတဲ့စကားလုံးတွေလိုက်ရင် Inversion နဲ့ပြန်ရေးလို့ရပါတယ်။ ရေးနည်း ကတော့ရှင်းရှင်းလေးပါ။
If ကိုဖြုတ်ပစ်လိုက်ပြီး had, should, were တွေကို ၀ါကျရှေ့ဆုံး ပို့လိုက်ရုံ ပါပဲ။

* If I had remembered.ဆိုရင် Had I remembered လို့ပြောင်းပြန်လှန် ပေါ့ ..။အလားတူပဲ...
* If you should need a hand ဆိုရင်...Should you need a hand
* If I were you ဆိုရင် Were I you ဆိုပြီး ပြောင်းလိုက်တာပါပဲ။
ဒီဝါကျတွေက ..လုံးဝမဖြစ်နိုင်တော့တဲ့ အခြေအနေတစ်ရပ်ကို ပြန်ပြောတဲ့ အခါ သုံးပါတယ်။ဥပမာ....
If I weren't so tired, I would go there with you.
ငါသာ အရမ်းမပင်ပန်းဖူးသာဆိုရင် မင်းနဲ့ အဲဒီသွားဖြစ်မှာ။
(ဒါပေမယ့်..ပင်ပန်းနေလို့ မသွားဖြစ်တော့တဲ့ အဓိပ္ပါယ်ပါ။) Inversion နဲ့ ပြန်ရေးကြည့်ရအောင်။
Were I not so tired, I would go there with you. ပေါ့။
ကဲ...အောက်ကနမူနာတွေမှာ ပထမရေးထားတာက ရိုးရိုး။ဒုတိယ၀ါကျက Inversion နဲ့ ရေးထားတာပါ။

(1) If I had known it, I would have helped him.
Had I known it, I would have helped him.
အဲလိုမှန်းသိရင် ကူညီခဲ့တာပေါ့ကွာ။
(2) If I had known it was her birthday, I would have bought her a gift.
Had I known it was her birthday, I would have bought her a gift.
သူမရဲ့မွေးနေ့မှန်း သိခဲ့ရင် လက်ဆောင်ဝယ်ပေးခဲ့မိမှာ။
(3) If I were a doctor, I would be rich.
Were I a doctor, I would be rich.
ငါ..ဆရာဝန်ဖြစ်လို့ကတော့ ထောမှာပဲ။
(4) If you should have any questions, please feel free to contact me.
Should you have any questions, please feel free to contact me.
မေးစရာရှိလာခဲ့ရင် ငါ့ကို ဆက်သွယ်ဖို့ အားမနာပါနဲ့.။
(5) If I had known it before,I wouldn't have loved you.
Had I known it before,I wouldn't have loved you.
အစက ကြိုသိခဲ့ရင် မချစ်ခဲ့ပါဘူးကွာ။

မှတ်ချက်
----------
should", "were" "had" ပါတဲ့ မဖြစ်နိုင်တော့တဲ့ အခြေအနေကိုပြတဲ့ IF ၀ါကျကိုပဲ Inversion လုပ်လို့ ရတာပါ။should", "were" "had" မပါတဲ့ အခြား if ၀ါကျတွေကို Inversion မလုပ်ရ ပါ။"should", "were" and "had" မဟုတ်ပဲ INVERSION လုပ်ရင် မှားပါ တယ်။
ဥပမာ...
If I go to Pathein, I will visit my grandmother.
ပုသိမ်သွားရင် အဘွားဆီ အလည်ဝင်မယ်။......ဆိုတဲ့ဝါကျကို...
Go I to Pathein, I will visit my grandmother.လို့ မရေးရပါ။
If I have enough money, I will buy a car.
ငါ့မှာ ပိုက်ဆံ လုံလုံလောက်လောက်ရှိရင် ကားဝယ်မယ်။
ဒီဝါကျကိုလည်း Have I enough money, I will buy a car.လို့ မဆိုရ။

(၁၁) အငြင်းကြိယာဝိသေသန(စကားစု) ဖြင့်စသောဝါကျ
--------------------------------------------------------

တစ်ကယ်လို့ ၀ါကျတစ်ကြောင်းဟာအောက်ကအငြင်းကြိယာ ၀ိသေသန /စကားစု (negative adverbs and adverbial phrases) တွေနဲ့စခဲ့ရင်
Inversion နဲ့ ရေးရပါတယ်။
in no way, not since, never; never before; not only...but also; not until; no sooner; at no time; on no account; under no circumstances.
ဥပမာ..I have never felt such fear before. ဒီလိုမျိုး အရင်က တစ်ခါမှ မကြောက်ခဲ့ဖူးဘူး။ဒီဝါကျမှာ Never ရော Before ရောပါလို့ သူတို့ကို ရှေ့ထုတ်ပြီး Inversion နဲ့ ရေးကြည့်မယ်။
Never before have I felt such fear.ဆိုပြီး ဖြစ်သွားမယ်။
Never before က ရှေ့ရောက်သွားတော့ I have felt က have I felt ဆိုပြီး ပြောင်းပြန်ဖြစ်သွားတယ်။
အလားတူပဲ.. As soon as she put down the phone, it started to ring again. ဖုန်းကို ချပြီးပြီးချင်း ပြန်မြည်လာတယ်..။ဆိုတဲ့ဝါကျကို
No sooner had she put down the phone than it started to ring again. ဆိုပြီး ပြန်ရေးနိုင်တယ်။
ကဲ..နမူနာတွေ ကြည့်ရအောင်ပါ..။
ပထမ၀ါကျက ရိုးရိုး။ဒုတိယ၀ါကျက Inversion ပါ။

(1)He had never in his life seen a more repulsive creature.
Never in his life had he seen a more repulsive creature.
ပိုမိုရွံရှာစက်စုပ်ဖွယ်ကောင်းတဲ့ သတ္တ၀ါကို သူ့ဘ၀မှာ တစ်ခါမှ မမြင်ဖူးခဲ့။
(2) He not only spilled coffee everywhere but also broke my favorite vase.
Not only did he spill coffee everywhere, but he also broke my favorite vase.
သူကြောင့် နေရာအနှံ့ ကော်ဖီတွေ ဖိတ်ကျရုံသာမက ကျွန်တော့်အကြိုက်ဆုံး ပန်းအိုးလေးပါ ကွဲသွားတယ်။
(3) The princess was not only strikingly beautiful but also extremely intelligent.
Not only was the princess strikingly beautiful, but she was also extremely intelligent.
မင်းသမီးဟာ ပေါ်ပေါ်လွင်လွင် လှရုံသာမက အလွန်လည်း ညဏ်ထက်တယ်။
(4) I understood the meaning of that word much later.
Not until much later did I understand the meaning of that word.
တော်တော်ကြာပြီဆိုမှ အဲဒီစကားလုံးရဲ့အဓိပ္ပါယ် သိခဲ့တယ်။
(5) You should not let him out of your sight at any time.(or) Don't let him out of your sight even for a second.
At no time should you let him out of your sight.
သူ့ကို မျက်စိအောက်က ဘယ်တော့မှ အပျောက်မခံနဲ့။
(6) You should never lend him any money.
Under no circumstances should you lend him any money.
သူ့ကို ဘယ်တော့မှ ပိုက်ဆံမချေးသင့်ဘူး။
(7) The cyclist was in no way held responsible for the recent accident
In no way was the cyclist held responsible for the recent accident.
ပြီးခဲ့တဲ့ မတော်တဆမှုအတွက် စက်ဘီးစီးသမားမှာ ဘယ်နည်းနဲ့မှ တာဝန် မရှိပါဘူး။

ကဲ..နောက်ထပ် Inversion ၀ါကျ (၅)ခု နမူနာ ထပ်ဖော်ပြလိုက်ပါတယ်။
(1) Never had we heard such a fasicnating story.
(2) Never before had I seen such a beautiful tree.
(3) No sooner had he stepped outside than it started to rain.
(4) Under no circumstances should you leave your children unsupervised
(5) Under no circumstances will not prisoners be allowed to give interviews to the media .

ကဲဒီလောက်ဆို ...Inversionနဲ့ရေးတဲ့ နောက်ထပ်ဝါကျနှစ်မျိုး သိသွားပြီပေါ့။ ကိုယ့်ပိုင် ၀ါကျလေးတွေ ရေးပြီး လေ့ကျင့်ကြပါ ..။

.................................................................ကိုကိုထွန်း(ပုသိမ်)

3D

CCTV

My Target Computer Service

Name You can ask and contact any problem concern with computer (Good Service) To Contact Us
Kyaw Naing Computer Sale Service & Networking +959-----------
THE FATHER OF INDEPENDENCE First and the Last democratically elected PRIME MINISTER OF BURMA NLD ( NATIONAL LEAGUE FOR DEMOCRACY )
GENERAL AUNG SAN'S PAGE U NU'S PAGE DAW AUNG SAN SUU KYI'S PAGE