Kyaw Naing Welcome

Thursday, July 11, 2013

လူငယ်နှင့် အချိန်


လူငယ်နှင့် အချိန်

လူတစ်ယောက်၏ ဘ၀တွင် ပထမအရွယ်၊ ဒုတိယအရွယ်၊ တတိယအရွယ်ဟူ၍ အသက်အရွယ် အပိုင်းအခြား သုံးမျိုးရှိပါသည်။ ထိုအရွယ်သုံးပါးတွင် ပထမအရွယ်ဖြစ်သည့် လူငယ်ဘ၀သည် အရေးအကြီးဆုံး အချိန်ဖြစ်ပါသည်။ လူတစ်ယောက်အား အဆောက်အအုံ တစ်ခုအဖြစ် သဘောထားလျှင် လူငယ်ဘ၀သည် ထိုအဆောက်အအုံ၏ အခြေခံ အုတ်မြစ်တစ်ခု ဖြစ်သည်။ အုတ်မြစ်မခိုင်မာသော အဆောက်အအုံတစ်ခုသည် ခိုင်မြဲစွာ တည်တံ့နေစေရန် မစွမ်းသာပါ။ ထို့အတူ လူငယ်ဘ၀တွင် အခြေခံ မကောင်းခဲ့သော သူတစ်ယောက်သည်လည်း ဘ၀တစ်လျှောက်လုံးတွင် အောင်မြင်မှုများ ရနိုင်ရန် စွမ်းဆောင်နိုင်မည် မဟုတ်ပါ။ လူငယ်ဆိုသည်မှာ တစ်ချိန်တွင် တိုင်းပြည်၏ ဦးဆောင်သူများ ဖြစ်လာမည် ဖြစ်သည့်အတွက် လူငယ်များ၏ အနာဂတ်သည် တိုင်းပြည်၏ အနာဂတ်ပင် ဖြစ်သည်။

လူငယ်ဘ၀တွင် အရေးကြီးဆုံး အရာသည် အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရေးပင် ဖြစ်သည်။ အချိန်ဆိုသည်မှာ လူတစ်ယောက်အတွက် အစားထိုး ပြန်မရနိုင်သည့် အရာတစ်ခု ဖြစ်သည်။ လူငယ်ဘ၀သည် အချိန်ကို ပေါပေါများများ ရရှိနိုင်သည့် အရွယ်ဖြစ်ပြီး ထိုအချိန်တွင် မိမိ၏ တန်ဖိုးရှိသော အချိန်များကို ကောင်းမွန်အကျိုးရှိစွာ အသုံးချရမည့်အချိန် ဖြစ်ပါသည်။ လူငယ်ဘ၀တွင် အချိန်ကို ကောင်းမွန်စွာ အသုံးချနိုင်မည် ဆိုပါက အောင်မြင်မှုများကို ရရှိခံစားနိုင်ပါသည်။ ထို့အတူ လူငယ်ဘ၀တွင် ရရှိခဲ့သော အချိန်များကို တန်ဖိုးမဲ့စွာ ဖြုန်းတီးခဲ့ပါကလည်း တစ်ချိန်ချိန်တွင် နောင်တတရား၏ နှိပ်စက်မှုဒဏ်ကို ခံစားရပါလိမ့်မည်။ အချိန်ကို အကျိုးမဲ့ ဖြုန်းတီးခြင်းသည် မိမိဘ၀ကို မိမိလက်ဖြင့် ဖျက်ဆီးခြင်းပင် ဖြစ်သည်။ ယခုအခါတွင် လူငယ်အတော်များများသည် မိမိ၏ တန်ဖိုးရှိသော အချိန်များကို ဘ၀တိုးတက်ရေးအတွက် အကျိုးရှိစွာ အသုံးပြုရမည့်အစား အကျိုးမဲ့ ကိစ္စရပ် များစွာတွင် ဖြုန်းတီးပစ်လျက် ရှိနေသည်ကို ၀မ်းနည်းစွာ မြင်တွေ့ရလျက် ရှိသည်။ လူတိုင်းလူတိုင်းသည် မိမိကံကြမ္မာ မိမိဖန်တီးရသည်သာ ဖြစ်သည်။ ထို့အတွက် အချိန်ကို တန်ဖိုးရှိစွာ အသုံးပြုခြင်း မပြုခြင်းသည်လည်း မိမိ၏ ဆုံးဖြတ်ချက်အတိုင်းသာ ဖြစ်သည်။ အချိန်ကို ကောင်းမွန်အကျိုးရှိစွာ အသုံးချနိုင်ခဲ့ပါက ထိုအတွက် တန်ဖိုးကို ခံစားရမည် ဖြစ်သလို မိမိ ဖြုန်းတီးခဲ့သော အချိန်များအတွက် နှမြောတသ နေရမည်ကလည်း မိမိသာ ဖြစ်သည်။

အချိန်လွန်မှရသော နောင်တသည် ကောင်းကျိုးတစ်စုံတစ်ရာ မရှိနိုင်ပါ။ ကုန်ဆုံးသွားသည့် အချိန်များကို အစားထိုး ပြန်ရနိုင်မည်လည်း မဟုတ်ပါ။ ထို့ကြောင့် လူငယ်များ အနေဖြင့် ကမ္ဘာပေါ်တွင် ထိပ်တန်းအဆင့် ရောက်နေသည့် ရောက်ခဲ့သည့် သူတိုင်းသည် အချိန်ကို တန်ဖိုးရှိစွာ အသုံးချခဲ့သူများ ဖြစ်သည်ဆိုသည့် အချက်ကို သတိပြုရင်း အချိန်၏ တန်ဖိုးကို နားလည်သဘောပေါက်လာကာ အကျိုးရှိစွာ အသုံးချကြပါရန် kyawnaingwin.blogspot.com  တိုက်တွန်းရေးသား အပ်ပါသည်။

 

No comments:

Post a Comment

Thank you for visit to my page.

3D

CCTV

My Target Computer Service

Name You can ask and contact any problem concern with computer (Good Service) To Contact Us
Kyaw Naing Computer Sale Service & Networking +959-----------
THE FATHER OF INDEPENDENCE First and the Last democratically elected PRIME MINISTER OF BURMA NLD ( NATIONAL LEAGUE FOR DEMOCRACY )
GENERAL AUNG SAN'S PAGE U NU'S PAGE DAW AUNG SAN SUU KYI'S PAGE