ငါးကိုတစ်ပတ်လျှင် အနည်းဆုံး သုံးကြိမ်ခန့် စားသုံးပေးခြင်းဟာ
ရော ဂါဖြစ်ပွားမှုတွေကိုကာ ကွယ်ပေးနိုင် ပါတယ်။
အထူးသဖြင့်
အိုမီဂါ၃အဆီ ဓာတ်ြွကယ်ဝနေတဲ့ ငါးတွေကို ပိုစား သုံးပေးသင့်ပါတယ်။ ငါးတွေဟာ
ပရိုတင်း၊
ဗီတာမင်ဒီ၊ ဇင့်
နဲ့သံဓာတ် တြွေကယ်ဝစွာ ပါဝင်နေပါတယ်။ ကောင်းကျိုးတွေကိုဖော်ပြ လိုပါ တယ်။
၁။ အဆီပါငါးတွေကို စားသုံး ပေးခြင်းဟာ နှလုံးရောဂါ
ဖြစ်ပွားမှုနှုန်း ကို ကျဆင်းစေတဲ့ triglycerides
တွေကို ရရှိစေတဲ့အတွက်
နှလုံးရောဂါ ကို ကာကွယ်နိုင်ပါတယ်။
၂။ငါးကရတဲ့ အဆီတွေဟာ သွေးခဲခြင်းကို လျော့ပါးစေပြီး နှလုံး
ခုန်စည်းချက် မမှန်ခြင်းကို သက်သာ စေပါတယ်။
၃။ငါးကရတဲ့ မပြည့်ဝဆီတွေဟာ ဦးနှောက်က ဆဲလ်တွေကို ဖွံ့ဖြိုးစေပါ
တယ်။ တစ်ပတ်ကို ငါးကို အနည်းဆုံး
သုံးကြိမ်
စားသုံးပေးရင် အယ်ဇိုင်းမား ရောဂါနဲ့ မှတ်ဥာဏ်ချို့ယွင်းခြင်းတွေ ကို
ကာကွယ်ပေးနိုင်ပါတယ်။
၎။အိုမီဂါ၃အဆီဓာတ်ဟာ ဦးနှောက်တွင်းမှာ serotonin ဆိုတဲ့ ဓာတုပစ္စည်းကို တက်စေတဲ့အတွက်
စိတ်ကျဝေဒနာကို သက်သာစေနိုင်ပါ တယ်။
၅။ အခွံမာအနွယ်ဝင် ငါးတွေဖြစ် တဲ့ ဂုံး၊ ကျောက်ပုစွန်နဲ့
ကဏန်းတွေ ဟာ ကင်ဆာကို
ကာကွယ်နိုင်တဲ့
စီလီနီယမ်ဓာတ်တွေြွကယ်ဝစွာ ပါဝင်နေပါတယ်။
၆။ ငါးစားသုံးခြင်းဟာ သွေးတွင်း သကြားဓာတ်ကို
ထိန်းညှိပေးနိုင်ပါ တယ်။
၇။ ငါးစားသုံးခြင်းဟာ အဆစ် အမြစ်ရောင်ရောဂါနဲ့မိမိခုခံအား
စနစ်ကို မိမိကိုယ်ခန္ဓာက
တိုက်ထုတ်တဲ့ ရောဂါ
လက္ခဏာတွေကို လျော့ပါး သက်သာစေပါတယ်။
No comments:
Post a Comment
Thank you for visit to my page.