Kyaw Naing Welcome

Showing posts with label ကျန်းမာရေး. Show all posts
Showing posts with label ကျန်းမာရေး. Show all posts

Monday, January 13, 2014

မြန်မာလူမျိုးများကိုသွေးတိုးစေသောအကြောင်းရင်းများ




=============================

အငန်စားရင် သွေးတိုးတယ်ဆိုတာ မှန်ပါတယ်။ သတ်မှတ်ချက်အရ လူတစ်ယောက်ဟာ  ဆား (Salt Sodium)တစ်နေ့ခြောက်ဂရမ်(လက်ဖက်ရည်ဇွန်းတစ်ဇွန်း) ပဲစားသင့်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံ မှာသုတေသနတွေအရ ပျှမ်းမျှအားဖြင့်လူတစ်ယောက်က တစ်နေ့ဆားကိုးဂရမ်စားနေတာကို တွေ့ ရပါတယ်။ဒါ့ကြောင့် ဆားလျှော့စားဖို့လိုပါတယ်။ပြီးတော့ မြန်မာလူမျိုးတွေနေ့စဉ်စားလေ့ရှိတဲ့ ငါးပိ ၊ ငါး ခြောက်၊ ငံပြာရည်တို့ကိုလည်း လျှော့စားဖို့လိုပါတယ်။ သွေးတိုးဖြစ်စေတဲ့တခြားအကြောင်းတွေ ကတော့ စိတ်ဖိစီးမှုများတာ၊ဆေးတွေအနေနဲ့စတီးရွိုက်ဟော်မုန်းဆေးတွေသောက်တာဖြစ်ပါတယ်။ဒီ နေရာမှာပြောလိုတာကဆေးဆိုင်တွေကအဆစ်အမြစ်ကိုက်တာသက်သာအောင်ပေးတဲ့စပ်ဆေး တွေ ထဲမှာ Dexamethasone ဆိုတဲံစတီးရွိုက်တွေပါ ပါတယ်။
ဒီဆေးတွေကိုကြာကြာသောက်ရင်ဆီးချို၊အရိုးပါး၊သွေးတိုးကိုဖြစ်စေနိုင်ပါတယ်။တိုင်းရင်းဆေး၊အကိုက်အခဲပျောက်ဆေးတွေ ၊ နွယ်ချိုပါတဲ့လျှက်ဆားတွေကလည်းမကြာခဏသောက်ရင်သွေးတိုးကိုဖြစ်စေ သလို NSAIDsအကိုက်အခဲပျောက်ဆေးတွေများများသောက်တာကလည်းခန္တာကိုယ်ထဲမှာဆားနဲ့ရေ ကိုစွဲပြီးထိန်းထားတာကိုဖြစ်စေတဲ့အတွက်သွေးတိုးစေနိုင်ပါတယ်။အမျိုးသမီးတွေသောက်တဲ့ ပဋိသန္ဓေ တားဆေးတွေကလည်း ကြာလာရင်သွေးတိုးစေနိုင်ပါတယ်။ နောက်တစ်ချက်ကသွေးတိုးရောဂါ၊ဆီးချို ရောဂါ၊နှလုံးသွေးကြောကျဉ်းတာ ၊ သွေးတွင်းအဆီများတာ၊လေဖြတ်တာ ၊ကင်ဆာဖြစ်တာနဲ့အ၀လွန် တာတွေကတစ်ခုနဲ့တစ်ခုဆက်စပ်မှုရှိပြီး ဒီရောဂါတွေကိုကူးစက်ခြင်းကြောင့် မဟုတ်သောရောဂါများ (NCD) လို့ ခေါ်ပါတယ်။ ဒါတွေက 21ရာစုမှာ အဖြစ်များ နေပါတယ်။ ဒီရောဂါတွေ ဖြစ်စေတဲ့အဓိက      အကြောင်းရင်းက ကျန်းမာရေးနဲ့ မညီညွတ်တဲ့ဘ၀ နေထိုင်စားသောက်မှုပုံစံကြောင့်ပါ။ အဆီအအိမ့်၊ အချို၊အငန်ပါတဲ့ အစားအသောက်အစာများတာ ၊ ကိုယ်လက်လှုပ်ရှားမှုမရှိတာ၊ဆေးလိပ်သောက်တာ ၊ ဆေးရွက်ကြီးငုံတာ ၊ အရက်ကိုအန္တရာယ်ရှိလောက်တဲ့ ပမာဏသောက်တာ ၊ စိတ်ဖိစီးမှုများတာစတဲ့ အချက်တွေကြောင့်ဖြစ်တတ်တာကြောင့်ဒီရောဂါတွေမဖြစ်အောင်ဒီအချက်တွေကိုရှောင်ဖို့၊တစ်နေ့ကိုနာရီဝက်နဲ့တစ်ပတ်ငါးရက်လေ့ကျင့်ခန်းလုပ်ဖို့၊ဟင်းသီးဟင်းရွက်များများစားပေးဖို့လိုပါတယ်။သွေးတိုးရှိနေပြီဆိုရင်လည်းရောဂါကိုထိန်းနိုင်အောင်အငန်လျှော့စားရပါမယ်။အဆီအအိမ့်ကိုလျော့စားရပါမယ်။အုန်းနို့ကိုလျော့စားရပါမယ်။ဟင်းသီးဟင်းရွက်ကိုများများစားပေးရပါမယ်။လေ့ကျင့်ခန်းကိုမှန်မှန် လုပ် ပေးသင့်ပါတယ်။သွေးပေါင်မှန်မှန်ချိန်ပေးရပါမယ်။

တွဲဖက်ပါမောက္ခဦးကိုကို
အထွေထွေရောဂါအထူးကူဆရာဝန်ကြီး
သွေးတိုးရောဂါရခြင်းနှင့်နောက်ဆက်တွဲဆိုးကျိုးဖြစ်မလာနိုင်အောင်
===================================
ဆေးဝါးကုထုံးနဲ့ပက်သက်ပြီးပြောရရင်တစ်ကမ္ဘာလုံးကတွေ့ရှိချက်တွေအပေါ်အခြေခံပြီးမှထွက်ပေလာတဲ့သဘောတူညီချက်တစ်ရပ်ကိုပြောပြချင်ပါတယ်။ဒါကတော့”သွေးပေါင်ကျရေးသည်သာပဓာန၊မည်သည့်ဆေးဝါးသုံးသည်ကအဓိကမကျပါ”တဲ့။ဒီနေ့ကုနေတဲ့သွေးပေါင်ချိန်ကနောင်10နှစ်၊နှစ်20ကြာလာရင်နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်မလာနိုင်အောင်လို့ကုသနေရတာပါ။ပြင်းထန်တဲ့အဆင့်ကိုမဆိုလိုပါဘူး။အဲဒီတော့ဈေးကြီးလွန်းတဲ့ဆေးတွေ၊အမွှန်းတင်လွန်းတဲ့ဆေးတွေမသောက်ရလို့လည်းအရမ်းကြီးဝမ်းနည်းနေဖို့မလိုပါဘူး။လူထုအခြေပြုလေ့လာစမ်းစစ်မှုတွေအရသွေးဖိအားကို2mmHgလျှော့ချနိုင်ရင်နှလုံးသွေးကြောရောဂါဖြစ်ပွားမှုကို7%၊လေဖြတ်တာကို10%၊လျှော့ချနိုင်တာကိုတွေ့ရပါတယ်။အဲဒီတော့အရေးကြီးတာကLifeStyleပြောင်းလဲမှုတွေကိုစွဲစွဲမြဲမြဲလုပ်ပါ။သက်ဆိုင်ရာကျွမ်းကျင်သူဆရာဝန်တွေညွှန်ကြားတဲ့ကိုယ်နဲ့သင့်လျှော်တဲ့ဆေးတွေကိုမှန်မှတ်မှီဝဲမယ်ဆိုရင်တော့နောက်ဆက်တွဲဆိုးကျိုးတွေမဖြစ်အောင်ရာခိုင်နှုန်းအတော်များများကိုယ့်ဘက်မှာရှိနေတယ်လို့ဆိုရမှာပါပဲ။ဆေးဝါးကုသမှုပိုင်းမှာတော့ဆရာတို့ဘက်ကအတော်လေးစဉ်းစားရပါတယ်။ဆိုလိုတာကပထမဆုံးစတွေ့တဲ့အချိန်မှာသွေးပေါင်ကျဆေးပေး။မပေးပေါ့။Cost effectiveဆိုတဲ့စကားလေးရှိပါတယ်။တန်ရဲ့လားးပေါ့။ပြောခဲ့သလိုသွေးတိုးကုမယ်ဆိုတာနောက်ဆက်တွဲပြသနာဆိုးကျိုးရောဂါတွေဖြစ်မလာအောင်ကုတာ၊အဲဒါတွေဖြစ်လာရင်လူမှုရေး၊စီးပွားရေးထိခိုက်လာမယ်။အဓိကကတော့ငွေကြေးကုန်ကျများလာမယ်။အဲဒါကိုမဖြစ်စေချင်လို့အခုအခါထိုက်သင့်သလောက်ငွေကြေးကုန်ကျခံပြီးကုသမှုခံယူနေရတာ၊တကယ်လို့များအဲဒီနောက်ဆက်တွဲဆိုးကျိုးတွေဖြစ်လာဖို့အလားအလာအလွန့်အလွန်နည်းသူတစ်ယောက်အတွက်ဆိုရင်တော့အခုကုနေတဲ့ဆေးဖိုးကသူ့အတွက်Cost effective မဖြစ်တော့ဘူးပေါ့။အဲဒီတော့ထုံးစံအတိုင်း Guideline
တွေပေါ်လာပြန်တာပေါ့။NICE Guidline လေးကလက်တွေ့ကျတဲ့အဲ
ဒါလေးကိုဗဟုသုတဖြစ်အောင်ထည့်ပြောပြပါမယ်။
ဆေးခန်းမှာတိုင်းတဲ့သွေးပေါင်ချိန်အပေါ်သွေး160နဲ့160အထက်၊အောက်သွေး100နဲ့100အထက်ရှိသူနဲ့ဆေးခန်းမှာတိုင်းတဲ့သွေးပေါင်ချိန်အပေါ်သွေး180နဲ့180အထက်၊အောက်သွေး110နဲ့
110အထက်ရှိသူတွေဆိုရင်ဘယ်အသက်အရွယ်မှာပဲဖြစ်ဖြစ်သွေးပေါင်ကျဆေးပေးသင့်ပါတယ်။ဆေးခန်းမှာချိန်တဲ့သွေးပေါင်ချိန်ပေါ်သွေး140နဲ့140အထက်၊အောက်သွေး90နဲ့90အထက်၊ရှိသူတွေ
ဆိုရင်တော့အသက်80နှစ်အောက်နှလုံးသွေးကြောကျဉ်းရောဂါရှိမယ်ဒါမှမဟုတ်ဆီးချိုနဲ့တွဲနေမယ်။ဒါမှမဟုတ် Target Organ Damageတွေရှိနေမယ်။ဒါမှမဟုတ်နောင် 10နှစ်ကြာမှာနှလုံးသွေးကြောရောဂါအန္တရာယ်ဖြစ်နိုင်ခြေ(တွက်လို့ရပါတယ်)20%အထက်ဖြစ်နေမယ်ဆိုရင်တော့သွေးပေါင်ကျဆေးစပေးသင့်တယ်လို့ဆိုထားပါတယ်။သွေးတိုးရောဂါရှိသူတွေရဲ့သွေးဖိအားကိုဘယ်လောက်မှာထားရမလဲဆိုတာကဒါလည်းတုတ်ထမ်း၊ဓားထမ်းပြောနေကြပါပဲ။ပိုကောင်းစေချင်တဲ့စေတနာတွေကြောင့်ပါ။ယေဘုယျအားဖြင့်အများလက်ခံထားတဲ့ရှိတဲ့ရှိသင့်တဲ့သွေးဖိအားကသွေးတိုး+ဆီးချိုဒါမှမဟုတ်ကျောက်ကပ်ရောဂါရှိရင်130/80mmHgအောက်၊အဲဒါတွေမရှိရင်140/80mmHg အောက်မှာရှိနေရင်လုံလောက်ပြီးကျေနပ်စရာကောင်းနေပါပြီတဲ့။သွေးတိုးတာကို
ကုသမှုခံယူနေသူတွေကရှိရမယ့်သွေးဖိအားမှာရှိနေရဲ့လားဆိုတာကိုယ့်ဘာသာကိုယ်ဆန်းစစ်ကြဖို့လိုပါတယ်။အနောက်တိုင်းနဲ့အရှေ့တိုင်းလူတွေမှာရှိသင့်တဲ့သွေးဖိအားကမတူလောက်ဘူးဆိုရင်သုတေသနလုပ်ငန်းတွေကိုကိုယ့်လူမျိုးတွေအတွက်ကျယ်ကျယ်ပြန့်ပြန့်လုပ်ရပါလိမ့်မယ်။ငိုအားထက်ရယ်အားသန်ရတဲ့ဖြစ်ရပ်ကတော့ဒီGuidelineထုတ်တဲ့အင်္ဂလန်နိုင်ငံမှာတောင်ရှိသင့်တဲ့သွေးဖိအားကိုရောက်အောင်ထိန်းထားနိုင်တာကသွေးတိုးရောဂါရဲ့30%ပဲရှိပါသတဲ့။

Sunday, December 15, 2013

သွေးတိုးရောဂါတိုက်ဖျက်ရေး WHO ဆော်သြ



ဒီကနေ့ မှာ ကျရောက်တဲ့ ကမ္ဘာ့ ကျန်းမာရေးနေ့မှာ အဖြစ်များပြီး အဓိက သေဆုံး မှုဖြစ်စေတဲ့ သွေးတိုးရောဂါ ကာကွယ်ရေး ၀ိုင်းဝန်း ကြိုးပမ်းကြဖို့ ကုလသမဂ္ဂ အဖွဲ့ကြီးကနေ နှိုးဆော် လိုက်ပါတယ်။ နှလုံးရောဂါ လေဖြတ်တာနဲ့ သေဆုံးမှုတွေကို အဓိကဖြစ်စေတဲ့ ဒီသွေးတိုးရောဂါကို ကမ္ဘာပေါ်က အသက် ၂၅ နှစ်အထက် လူစုစုပေါင်းရဲ့ သုံးပုံတပုံမှာ ခံစားနေရပြီလို့ သတိပေးလိုက်ပါတယ်။ ၂၅ နှစ်လို ငယ်ရွယ်တဲ့အချိန်ကနေစပြီး ၃ ယောက်မှာ တယောက်နှုန်းနဲ့ အတော်လေးဖြစ်လာနေတဲ့ ဒီရောဂါကို ဖြစ်နေကြတဲ့ကာယကံရှင်တွေ ကိုယ်တိုင်က သူတို့မှာ ဖြစ်နေမှန်းမသိကြတာ အများကြီးရှိပြီး နိုင်ငံတကာ ကျန်းမာရေး အသိုင်းအ၀ိုင်းအနေနဲ့ ဒါကိုဝိုင်းဝန်းကူညီဖို့ အခုလို တိုက်တွန်းလိုက်တာပါ။ အပြည့်စုံကို ဗွီအိုအေသတင်းထောက် Carol Pearson ရဲ့ သတင်းလွှာကို ကိုဝင်းမင်းက တင်ပြထားပါတယ်။ 

လူ့ခန္ဓာကိုယ်ထဲက ခန္ဓာကိုယ်အစိတ်အပိုင်း အားလုံးကို နှလုံးကနေ တဆင့် အောက်စီဂျင် ပါတဲ့သွေးတွေကို ပေးပို့ရတာမို့ နှလုံးဟာ အသက်ရှင်ဖို့ အသက်သွေးကြော ဖြစ်နေပါ တယ်။ သွေးတိုးတယ်ဆိုတာကတော့ ဒီနှလုံးကသွေးတွေကို သွေးကြော ကနေပို့ရာမှာ နှလုံးသွေးကြော နံရံတွေမှာ ဖြစ်ပေါ်လာတဲ့ ဖိအားတွေ ပုံမှန်ထက် များပြားလာတာကို ဆိုလိုတာပါ။ ဒီသွေးတိုးတာ ရှိမရှိကို ဆေးခန်းတိုင်းမှာရှိတဲ့ လက်မောင်းမှာပတ်တိုင်းတဲ့ သွေးပေါင်ချိန်တိုင်း ကိရိယာနဲ့တိုင်းရင် နှလုံးက သွေးညစ်ထုတ်တဲ့အချိန်မှာဖြစ်တဲ့ ဖိအားကို အထက်သွေးလို့ခေါ်ပြီး နှလုံးက ပြန်လျှော့လိုက်တဲ့အချိန်မှာဖြစ်တဲ့ ဖိအားကိုတော့ အောက်သွေးလို့ခေါ်ကြတာပါ။ အမေရိကန်နိုင်ငံ မယ်ရီလန်းတက္ကသိုလ်ဆေးကျောင်းက ဒေါက်တာ စတီဗင်ဟားဗက် က ခုလိုပြောပြပါတယ်။

“အထက်သွေး ၁၁၅ အထက်နဲ့ အောက်သွေး ၇၅ ထက်ကျော်သွားတာနဲ့ ဘယ်အဆင့်မှာမဆို အန္တရာယ်များသွားပါပြီ။ ဒါ့အပြင် အထက်သွေး ၁၁၅ ထက် ၂၀ မီလီမီတာတဆင့်စီ ကျော်တိုင်းကျော်တိုင်း ဒီအန္တရာယ်က နှစ်ဆစီ တိုးတိုးသွားတာပါ။”

အခုလို အထက်သွေးနဲ့အောက်သွေး ပုံမှန်ထက်မြင့်တက်သွားတာကို သွေးတိုးတာလို့ ခေါ်ကြတာပါ။ အမေရိကန်နိုင်ငံ Cleveland ဆေးရုံက ဒေါက်တာ ဂျော့တောမက်စ် ကလည်း -

“သွေးတိုးတာဖြစ်လာတာနဲ့ သွေးကြောတွေရဲ့ နံရံတွေမှာ ဖိအားတွေများလာပါတယ်။ ဒီသွေးကြောတွေက ဦးနှောက် နှလုံးနဲ့ ကျောက်ကပ်တွေကို သွေးပို့ပေးရတာဆိုတော့ ဒီအင်္ဂါ အစိတ်အပိုင်းတွေ ပျက်စီးသွားစေဖို့၊ အထူးသဖြင့်တော့ ကျောက်ကပ်ရောဂါတွေ ဖြစ်ဖို့နဲ့ လေဖြတ်တာတွေ ဖြစ်ဖို့ အန္တရာယ်များသွားပါတော့တယ်။”

တကယ်တော့ အခုလို သွေးတိုးတာဖြစ်လာရင် နှလုံးကနေ သွေးထုတ်လွှတ်နိုင်ဖို့ ပုံမှန်ထက်ပို အလုပ်လုပ်ရလေ့ရှိပါတယ်။ ဒါကြောင့်မို့ နှလုံးကြွက်သားတွေက မနိုင်ဝန်ထမ်းပြီး အားနည်းသွားရကာ နှလုံးဖောက်တာ၊ သို့မဟုတ် နှလုံးပျက်တာ ဖြစ်သွားရတာပါ။ ဒီသွေးတိုးရောဂါ ဖြစ်ရတဲ့အကြောင်းရင်းတွေကိုတော့ ၉၅ % မသိရပါဘူး။ ဒါပေမဲ့ ဖြစ်ဖို့အန္တရာယ်ပိုကြီး သွားစေတဲ့အချက်တွေကိုတော့ သိထားပါတယ်။ တခုကတော့ အသက်ကြီးလာတာနဲ့အမျှ သွေးကြောတွေ မာလာတာဖြစ်ပါတယ်။ နောက် မျိုးရိုးဗီဇနဲ့လည်း ပတ်သက်နေတာမို့ မိသားစုထဲမှာ သွေးတိုးဖြစ်တာရှိရင် ဖြစ်ဖို့အန္တရာယ် ပိုများသွားပါတော့တယ်။ ဒါ့အပြင် ၀တာ၊ ဆေးလိပ်သောက်တာနဲ့ ဆား အစားများတာကြောင့်လည်း သွေးပေါင်ချိန် ပိုတက်သွားစေပါတယ်။ ဒေါက်တာ ဂျော့တောမတ်စ် ကပဲ ဆား စားတာနဲ့ပတ်သက်ပြီး ခုလို ပြောပါတယ်။

“ဆား စားတဲ့အကြောင်းကို လူနာတွေ မေးတဲ့အခါကျတော့ သူတို့က ဆားမထည့်ဘဲစားတယ်လို့ ပြောကြတယ်ဗျ။ ဒါက ကောင်းပါတယ်။ ဒါပေမဲ့သတိထားရမှာက စားဖို့အသင့်လုပ်ထားပြီးသား အစားအစာတွေထဲမှာက ဒီ ဆား၊ ဒါမှမဟုတ် ဆိုဒီယမ်တွေက အများကြီးပါနေတယ်ဗျ။”

တကယ်တော့ လူ့ခန္ဓာကိုယ်မှာက တနေ့ကို ဆား ၁၅၀ မီလီဂရမ်ပဲ လိုတာပါ။ ဒါပေမဲ့ အမေရိကန်တွေကတော့ ဆိုင်တွေက ပြင်ဆင်ရောင်းချတဲ့ အစားအစာတွေထဲမှာ ဆားပမာဏ ၃,၀၀၀ နဲ့ ၄,၀၀၀ မီလီဂရမ်ကြား ပါတာကို စားနေကြရတယ်လို့ ဆရာဝန်တွေက သတိပေးနေပါတယ်။ တကယ်တော့ ဆရာဝန်တွေအနေနဲ့ သွေးပေါင်ချိန်ကို ထိန်းထားနိုင်ဖို့ ဆားနည်းတာ၊ အဆီနည်းတာတွေနဲ့ ဟင်းသီးဟင်းရွက် အမျှင်များများပါတဲ့အစားတွေကို စားကြဖို့ တိုက်တွန်းလေ့ရှိပါတယ်။

ဒါ့အပြင် ခန္ဓာကိုယ်အလေးချိန်များနေရင်လည်း လျှော့ကြဖို့နဲ့ ဆေးလိပ်မသောက်ကြဖို့ကိုလည်း မှာလေ့ရှိပါတယ်။ နောက် အရေးကြီးတာတခုကတော့ သွေးတိုးရောဂါမှာ အစပိုင်းမှာ ရောဂါလက္ခဏာသိပ်ပြီး ပြလေ့မရှိဘဲ ရောဂါဆိုးလာမှသာ ရောဂါလက္ခဏာ စ ပြလေ့ရှိတာမို့ သွေးပေါင်ချိန် တိုင်းကြည့်မှပဲ မသိဘဲနဲ့ ရုတ်တရက် ဖြုတ်ခနဲသေသွားနိုင်တဲ့ ဒီ သွေးတိုးရောဂါ ကနေ ကာကွယ်နိုင်မှာဖြစ်ပါတယ်။

ကိုဝင်းမင်း (ဗွီအိုအေ)

Saturday, October 12, 2013

ငါးစားသုံးခြင်းရဲ့ ကောင်းကျိုး(၇)ချက်



ငါးကိုတစ်ပတ်လျှင် အနည်းဆုံး သုံးကြိမ်ခန့် စားသုံးပေးခြင်းဟာ ရော ဂါဖြစ်ပွားမှုတွေကိုကာ ကွယ်ပေးနိုင် ပါတယ်။
 အထူးသဖြင့် အိုမီဂါ၃အဆီ ဓာတ်ြွကယ်ဝနေတဲ့ ငါးတွေကို ပိုစား သုံးပေးသင့်ပါတယ်။ ငါးတွေဟာ ပရိုတင်း၊
 ဗီတာမင်ဒီ၊ ဇင့် နဲ့သံဓာတ် တြွေကယ်ဝစွာ ပါဝင်နေပါတယ်။ ကောင်းကျိုးတွေကိုဖော်ပြ လိုပါ တယ်။
၁။ အဆီပါငါးတွေကို စားသုံး ပေးခြင်းဟာ နှလုံးရောဂါ ဖြစ်ပွားမှုနှုန်း ကို ကျဆင်းစေတဲ့ triglycerides
 တွေကို ရရှိစေတဲ့အတွက် နှလုံးရောဂါ ကို ကာကွယ်နိုင်ပါတယ်။
၂။ငါးကရတဲ့ အဆီတွေဟာ သွေးခဲခြင်းကို လျော့ပါးစေပြီး နှလုံး ခုန်စည်းချက် မမှန်ခြင်းကို သက်သာ စေပါတယ်။
၃။ငါးကရတဲ့ မပြည့်ဝဆီတွေဟာ ဦးနှောက်က ဆဲလ်တွေကို ဖွံ့ဖြိုးစေပါ တယ်။ တစ်ပတ်ကို ငါးကို အနည်းဆုံး
 သုံးကြိမ် စားသုံးပေးရင် အယ်ဇိုင်းမား ရောဂါနဲ့ မှတ်ဥာဏ်ချို့ယွင်းခြင်းတွေ ကို ကာကွယ်ပေးနိုင်ပါတယ်။
၎။အိုမီဂါ၃အဆီဓာတ်ဟာ ဦးနှောက်တွင်းမှာ serotonin  ဆိုတဲ့ ဓာတုပစ္စည်းကို တက်စေတဲ့အတွက်
စိတ်ကျဝေဒနာကို သက်သာစေနိုင်ပါ တယ်။
၅။ အခွံမာအနွယ်ဝင် ငါးတွေဖြစ် တဲ့ ဂုံး၊ ကျောက်ပုစွန်နဲ့ ကဏန်းတွေ ဟာ ကင်ဆာကို
 ကာကွယ်နိုင်တဲ့ စီလီနီယမ်ဓာတ်တွေြွကယ်ဝစွာ ပါဝင်နေပါတယ်။
၆။ ငါးစားသုံးခြင်းဟာ သွေးတွင်း သကြားဓာတ်ကို ထိန်းညှိပေးနိုင်ပါ တယ်။
၇။ ငါးစားသုံးခြင်းဟာ အဆစ် အမြစ်ရောင်ရောဂါနဲ့မိမိခုခံအား စနစ်ကို မိမိကိုယ်ခန္ဓာက
 တိုက်ထုတ်တဲ့ ရောဂါ လက္ခဏာတွေကို လျော့ပါး သက်သာစေပါတယ်။

Thursday, September 26, 2013

အသည်းရောဂါခံစားနေရသူများ (Bပိုး၊Cပိုး) အတွက် အထူးလက်ဆောင်

အသည်းရောဂါခံစားနေရသူများ (Bပိုး၊Cပိုး) အတွက် အထူးလက်ဆောင်

အသည်းရောဂါခံစားနေရသော လူသားများ အတွက် ကျန်းမာလာဘ်တစ်ပါး ဝမ်းမြောက်စေသည့် သခွတ်ပြုတ်ဆေးရည် ..…

ဘီပိုး စီပိုး အသည်းသမားများ သခွတ်ကိုသောက် ရောဂါပျောက်၏….( အသည်းရောဂါဖြစ်နေသော မိသားစုဝင်များအား စိတ်ချမ်းသာမှု့  ဖြစ်စေပြီး လူ့ သက်တမ်းအပြည့်နေနိုင်သောကြောင့် Mg Mandalay မှ လေးနက်စွာ မျှဝေပါသည် ။ )

အခုဖော်ပြသော သခွတ်အစွမ်းကြောင့် စီပိုး အသည်းသမားသည် ပိုးကောင်ရေ သိန်းချီရာမှ ဆယ်ဂဏန်းမျှသာကျန်ရှီတော့ပြီး ရောဂါမှာ သိသိသာသာ ပျောက်ကင်းသွားသလောက်ဖြစ်သွားသောကြောင့် အသည်းအထူးကု ဒေါက်တာ ခင်မောင်ဝင်း ဆရာကြီးကိုယ်တိုင်အံ့အားသင့်လို့  သခွတ်သောက်သော လူနာကို မှတ်တမ်းအပြု့ ခံလိုက်ရသော မြန်မာတို့ ၏ သခွတ်ပင် သာဖြစ်ပါသည် ။
ဆရာကြီးစီမှာ အသည်းအတွက် သောကများစွာ ငွေမြောက်များစွာ ကုန်ကျနေပြီးမှ ရရှိလာသော အစွမ်းထက်ဆေးနည်းလည်း ဖြစ်ပါသည် ထို စီပိုးလူနာ၏ ကိုယ်တွေ့ ဆေးဖြစ်သောကြောင့် လူနာကိုယ်တိုင်းမှ ဌင်းကဲ့သို့  ပိုက်ဆံ ရာပေါင်းများစွာ ကုန်ကျခြင်းလည်း မရှိစေဘဲ တကယ်လည်း သောက် တကယ် စီပိုးပျောက်ခဲ့ရလို့  သူကိုယ်တိုင်လည်း ဆေးကုသိုလ် ပြု့ နေပါသေးသည် ။

လုပ်ဆောင်သောက်သုံးရန်မှာ ….
သခွတ်ပင်၏ အပွင့် အရွက် အခေါက် တို့ကို ယူပါ အပွင့်နှင့်အရွက်ကိုတော့ နေအနည်းရသော နေရာမှာ အခြောက်ခံလိုက်ပါ ( လက်ဖက်ခြောက်လို့ လည်း သောက်သုံးလို့ ရနိုင်စေရန် အတွက် ) အခေါက်ကိုတော့ ရေဆေးပြီး ကြာရှည်သိမ်းထားလို့ ရအောင် နေဖန့် ဖန့် ပြပြီး အခေါက်ကို သုံးစွဲ ရပါမည် ။

ဆေးရည်ကျိုနည်း ….
ပထမဦးစွာ ဆေးကျိုရန်အတွက် မြေအိုးအသစ်တလုံးကို ရယူပါ
မြေအိုးထဲ့တွင် သခွတ်ပွင့် ၊ အရွက် နှင့် အခေါက်တို့ ကို ရေနဲ့  သုံးခွက်တခွက်ကျော်ကျော်လောက် ပြုတ်ပြီး သောက်သုံးပေးပါ တနေ့ ကို သုံးကြိမ်( သို့  ) နှစ်ကြိမ်လောက် လုပ်ဆောင်သောက်သုံးပေးပါ ။ အခေါက်တစ်မျိုးတည်းကိုလည်း ကြိုချက်သောက်သုံးနိုင်ပါသည် ။
အရွက်အခြောက်နှင့် အပွင့်အခြောက်ကိုတော့ အောက်ဖော်ပြပါ အတိုင်း သောက်သုံးလည်း ရပါသည် ။

အရွက်ခြောက်နဲ့  အပွင့် ခြောက်အနည်းငယ်ကိုလည်း လက်ခြောက်ပုံစံပြုလုပ်ပြီးတော့လည်း ဆေးအဖြစ်သောက်သုံးနိုင်ပါသေးသည် ၊ လက်ဖက်ခြောက်ခပ်သည့် ပုံစံလို လက်ဖက်ခြောက်အစား သခွတ်အရွက်ခြောက်နှင့် အပွင့်ခြောက် အနည်းငယ်ထည့်ခပ် ရေနွေးကြမ်း သောက်သုံးသလို့ လည်း လုပ်သောက်ခြင်းဖြင့် အသည်းရောဂါအတွက် ကြိုတင်ကာကွယ်ခြင်း အကျိုးကျေးဇူးရရှိပါသည် ၊

သခွတ်ဆေးရည် သည် အသည်းနဲ့ ပတ်သက်သော အသည်းအဆီဖုံးခြင်းနှင့် ဘီပိုး စီပိုး အသည်းရောဂါ ဖြစ်နေသူများ အတွက် အကောင်းဆုံး ဆေးစွမ်းထက်မြတ်ပေးစွမ်းနိုင်သော သခွတ်ပင်၏ ကျေးဇူးများသာ ဖြစ်ပါတော့သည် ။

ရောဂါဟူသမျှ တခဏဖြစ်ကြပါစေ…
အသက်ရာကျော် ရှည်ပါစေ ....

Tuesday, September 24, 2013

ကျန်းမာရေး သော့ချက်များ နှင့် ကျမ္မာရေးနည်းလမ်းကောင်းများ

ကျန်းမာရေး သော့ချက်များ နှင့် ကျမ္မာရေးနည်းလမ်းကောင်းများ

·သော့(၁) WATER
==========
မနက်ရေတစ်ခွက်သောက်ခြင်းသည် ခန္ဓာကိုယ်နှင့်ရေ ညီမျှစေ၏။
...
သော့(၂) SLEEP
=========
အိပ်ချိန် ညာစောင်း၍ လေးကိုင်းသဏ္ဍာန်အိပ်ခြင်းသည် အိပ်ရေးဝစေ၏။

သော့(၃) APPETITE
===========
အစာကို ၇ပုံမျှသာအဝစားခြင်းသည် ခန္ဓာကိုယ်အား ကျန်းမာစေ၏။

သော့(၄) EXERCISE
===========
အားကစားလုပ်ခြင်းသည် စိတ်ခန္ဓာအား တက်ကြွစေ၏။

သော့(၅) MUSIC/LITERATURE
===============
ဂီတသည် နှလုံးကိုရွှင်စေ၏။ စာဖတ်ခြင်းသည် အသိဥာဏ်ကို တိုးစေ၏။

သော့(၆) BEANS
==========
ပဲအမြဲစားခြင်းဖြင့် အသက်ကိုစေရှည်သည်။

သော့(၇) VICES
===========
ဆေးလိပ်၊ အရက်ကို လက်ပြနှုတ်ဆက်ပါ။

သော့(၈) LOVE/SEX
============
လိင်နှင့်အချစ်ကို ညီမျှပါစေ။
=============
သော့(၉) LONELINESS
===============
အထီးကျန်ခြင်းက ရုန်းထွက်နိုင်လျှင် သင်ကျန်းမာပြီ။

သော့(၁ဝ) MIND
===========
ဦးနှောက်ကို မပြတ်သုံးပေးခြင်းဖြင့် အိုမင်းခြင်းကို ကာကွယ်နိုင်သည်။

သော့(၁၁) TEA
===========
ရေနွေးကြမ်း အမြဲသောက်သုံးခြင်းသည် ဝိတ်ကျစေ၏၊ ကင်ဆာကို ကာကွယ်ပေး၏၊ အရွယ်တင် နုပျိုစေ၏။

သော့(၁၂) SMILE
==============
ဘဝကို အပြုံးနဲ့ရင်ဆိုင်ပါ။
မှ-အဆိုအမိန့် များနှင့် ဗဟုသုတဆိုင်ရာစာပေများ

Saturday, September 14, 2013

လူ့ ကျောက်ကပ်အကြောင်း သိကောင်းစရာ

လူ့ ကျောက်ကပ်အကြောင်း သိကောင်းစရာ

၁။ ဦးနှောက်၊ အသဲ၊ နှလုံးတို့ထက် ကျောက်ကပ်တွင် သွေး စီးဆင်းနှုန်းက ပိုမြင့်သည်။ 
၂။ ကျောက်သည် သွေး၏ ၉၉ ရာခိုင်နှုန်းကို ပြန်လည်စုပ်ယူ၊ သန့်စင် သုံးစွဲပြီး ၁ ရာခိုင်နှုန်း ကိုသာ ကျင်ငယ်ရေ အဖြစ် စွန့်ထုတ်သည်။ 
၃။ ကျောက်ကပ်တွင် ဖြစ်ပေါ်သော ကျောက် (stone) သည် ထုံးဓာတ် များသော ရေ၊ ဆား တို့ကြောင့် ဖြစ်ပြီး ကယ်လ်ဆီယမ်နှင့် ပေါင်းစပ် မှု ကြောင့် ဆီးလမ်းကြောင်း ပိတ်စေသည်။ 
၎။ ကာဘွန်ဟိုက်ဒရိတ်ဓာတ် နှင့် သကြားဓာတ် များသော အစားအစာ များကလည်း ကျောက်ကပ် ကျောက်တုံးကို ဖြစ်ပေါ်စေသည်။ 
၅။ သကြားဓာတ်သည် အင်လူလင် ထုတ်လုပ်ရန် ဂလင်းရေ တစ်မျိုး ထုတ်ပေးသည်။ ယင်းက ကယ်လ်ဆီယမ်ဓာတ် ပိုမို ဖြစ်ထွန်းစေပြီး ကျောက်တပ် ကျောက် တည်စေသည်။ 
၆။ နွားနို့ နှင့် Antacid အစာအိမ် အချဉ်ပေါက် ပျောက် ဆေး များအား အလွန်အကျွံ သောက်သုံးခြင်း ကလည်း ကျောက်ကပ်ကျောက်တည် စေသည်။ 
၇။ ကျောက်ကပ် တစ်ခု သည် ၄လက်ခွဲသာ ရှိသည်။ 
၈။ ကျောက်ကပ် တစခုဆီ၏ အလေးချိန်မှာ ၄ မှ ၆ အောင်စ ဝန်းကျင် တွင် ရှိသည်။
၉။ တစ်နေ့တွင် ဆီးသွားနှုန်း ၁၅၀၀ မီလီလီတာ / ၁ လီတာ ဝန်းကျင် ရှိပါက ကျောက်ကပ် ပုံမှန် လည်ပတ် နေပြီး ယင်းထက်နည်းပါ က ကျောက်ကပ်ကို အထူးဂရုစိုက်ရန် လိုအပ်သည်။ 
၁၀။ ကျောက်ကပ် မှ ကျောက်များ ကြေရန် အကောင်းဆုံး သဘာဝ ကုသ နည်းမှာ ရေမမေ့မလျောက် သောက်ခြင်းနှင့် ဖရဲသီး ပုံမှန် စားပေးခြင်း ဖြစ်သည်။

သင်သတိမပြုမိသော စိတ်ဖိစီးမှု အကြောင်းရင်းများ

သင်သတိမပြုမိသော စိတ်ဖိစီးမှု အကြောင်းရင်းများ

ဆူညံသံ
ဆူညံသံများနှင့် ထိတွေ့မှုများ လျှင်ခန္ဓာကိုယ်မှ အဒရီနယ်လင် ဟော်မုန်းများထွက်လာစေပြီး သွေး ပေါင်တက် လာတတ်သည်။ ဆူညံ သော ပတ်ဝန်းကျင်၌ အလုပ်လုပ်ရသူ များသည် 
တိတ်ဆိတ်သည့်နေရာ တွင်အလုပ်လုပ်ရသူများထက် နှလုံး ရောဂါဖြစ်ပွားနှုန်း နှစ်ဆမှ သုံးဆ အထိမြင့် မားလေ့ရှိသည်။
မိတ်ဆွေများ
ပျော်ရွှင်မှုသည် မိတ်ဆွေတစ်ဦး မှ တစ်ဦးသို့ ကူးစက်တတ်သည်။ ထို နည်းတူပင် မိတ်ဆွေတစ်ဦး စိတ်ဖိစီး နေသည့်အခါ အခြားတစ်ဦးထံ ကူး စက်လေ့ရှိသည်။
မိဘများ
စိတ်ဖိစီးမှုဒဏ် ခံနိုင်ရည်ကို မိဘများထံမှ အမွေဆက်ခံရရှိသည်။ အမြွှာကလေးများကို လေ့လာချက် များအရကလေးနှစ်ဦးကို တစ် ယောက်တစ်နေရာစီ၊ ပတ်ဝန်းကျင်တစ်ခုစီခွဲထားသော်လည်း စိတ်ဖိစီးမှု ခံနိုင်ရည်မှာတစ်ဦးနှင့်တစ်ဦး အတူတူပင်ဖြစ်သည်ကို တွေ့ရသည်။ စိတ်ဖိစီးမှုမခံနိုင်သည့် မိဘများ၏ ကလေး များသည်လည်း စိတ်ဖိစီးမှုကိုခံနိုင် ရည်နည်းပါးသည်ကိုတွေ့ရသည်။
မအိပ်ခင်အင်တာနက်ကြည့်ခြင်းနှင့် စာရိုက်ခြင်း
ညမအိပ်ခင် နည်းပညာပစ္စည်းတစ်ခုခုအသုံးပြုခြင်းသည် စိတ်ဖိ စီးမှုဖြစ်ပေါ်စေသည်။ မအိပ်ခင်နှစ် နာရီ အတွင်း အင်တာနက်ကြည့်၊ စာရိုက်ခြင်း ပြုလုပ်သူများသည် စိတ် ဖိစီးမှုပိုမိုဖြစ်ပေါ်သည်ကို တွေ့ရ သည်။

အိပ်စက်ခြင်း ပုံစံများနှင့် ကျန်းမာရေး

အိပ်စက်ခြင်း ပုံစံများနှင့် ကျန်းမာရေး

(၁)ခြေပစ်လက်ပစ်ခုန်ချခြင်း (the freefall))
မှောက်လျက်အနေအထားဖြင့် လက်နှစ်ဖက်မြှောက်ကာ ခေါင်းအုံး ပေါ်တင်ထားပြီး အိပ်သည့်ပုံစံ ဖြစ် သည်။
မှောက်လျက်အိပ်သည့်အနေအထား သည် အစာကြေလွယ်စေသည်။
(၂) သန္ဓေသား (the Fetus)
ဘေးတစ်ဖက်စောင်း၍ ကွေး အိပ်သည့်ပုံစံဖြစ်ပြီး လူအများစုတွင် တွေ့ရသည်။ လက်ဝဲဘက်စောင်း အိပ်သည့်အခါ နှလုံး၊အဆုတ်စသည့် အင်္ဂါများကို ဖိအားသက်ရောက်စေ သည့်အတွက် လက်ယာဘက်ကိုသာ စောင်းအိပ်သင့်သည်။
(၃) သစ်တုံး (the log)
ဘေးတစ်ဘက်စောင်း၍ ခြေ လက်များဆန့်တန်းလျက်အိပ်သည့် ပုံစံဖြစ်သည်။ ဤပုံစံသည် ကျောရိုး ဆစ်ကို ဖြောင့်တန်းစေသောကြောင့် ခါးနာဝေဒနာရှိသူများအတွက် အသင့် တော်ဆုံးပုံစံဖြစ်သည်။
(၄)တမ်းတသူ (the yearner)
ဘေးတစ်ဘက်စောင်း၍ လက် နှစ်ဖက်စလုံးဘေးသို့ ဆန့်ထုတ်ထား သည့်ပုံစံဖြစ်သည်။ အစာခြေရည် ပျို့သောကြောင့် ရင်ပူတတ်သူများ၊ ဟောက်တက်သူများအတွက် သင့် တော်သည့်ပုံစံဖြစ်သည်။
(၅)စစ်သား (the soldier)
လက်နှစ်ဖက်ဘေးချလျက် ပက်လက်အိပ်သည့်အနေအထားဖြစ် သည်။ ပက်လက်အိပ်ခြင်းကြောင့် လျာအနောက်ဘက်သို့ ခွေဝင်ကာ အသက်ရှူလမ်းကြောင်းကို ပိတ်ဆို့ စေသဖြင့်ဟောက်သံ ကျယ်တတ်သည်။
(၆)ကြယ်ငါး (the starfish)
လက်နှစ်ဖက်မြှောက် လျက် ပက်လက်အိပ်သည်ပုံစံဖြစ်သည်။
ယင်းသို့ အိပ်တတ်သူများသည် သူတစ်ပါးပြောစကားကို တလေး တစားနားထောင်တတ်သူများဖြစ် သည်ဟု သုတေသီများက ဆိုသည်။ သို့သော် ပက်လက်အိပ်တတ်သူတို့ ထုံးစံအတိုင်း ဟောက်သံကျယ်တတ် သည်။

အထိုင်များ သူများ ဆီးချိုနှင့် နှလုံးရောဂါ အန္တရာယ် တိုးမြင့် လာနိုင် ဖွယ်ရှိ

အထိုင်များ သူများ ဆီးချိုနှင့် နှလုံးရောဂါ အန္တရာယ် တိုးမြင့် လာနိုင် ဖွယ်ရှိ

လေ့လာမှု တစ်ရပ်တွင် နေ့စဉ်အချိန် ကြာမြင့်စွာ အထိုင်များ သူတို့သည် ဆီးချိုရောဂါ၊ နှလုံးရောဂါနှင့် သေဆုံး နိုင်သော အန္တရာယ် ပိုမို တိုးတက် လာနိုင်ကြောင်း တွေ့ရှိရ သည်။
လက်စတာ တက္ကသိုလ် ဆီးချို ရောဂါ သုတေသန ဌာနစုက လူနာ ၇၉၄၅၇၇ ဦးတို့ကို မတူညီသည့် စမ်းသပ် လေ့လာမှု ၁၈ ခု ပြုလုပ်ခဲ့ ကြရာမှ အချိန်ကြာကြာ ထိုင်သူများသည် ဆီးချိုရောဂါ၊ နှလုံးရောဂါနှင့် သေဆုံး နိုင်သည့် အန္တရာယ် နှစ်ဆခန့် တိုးလာ သည်ကို တွေ့ရှိခဲ့ရသည်။ ထို့ကြောင့် ကျန်းမာသော သူ အများစု တို့သည် ကာလကြာရှည် ထိုင်ခြင်းဖြင့် အန္တရာယ် ဖြစ်နိုင်ဖွယ် ရှိသည်ဟု အကြံပြုထား ပါသည်။
အရွယ်ရောက်သူများသည် ၎င်းတို့ ၏ အချိန် ၅ဝ မှ ၇ဝ ရာခိုင်နှုန်းကို ထိုင်ခြင်းဖြင့် ကုန်ဆုံးစေပြီး ယခုတွေ့ရှိ ချက်က အကျိုးရှိသော ရလဒ် တစ်ခုဖြစ်စေနိုင်သည်။ လက်စတာ ဆီးချိုရောဂါသုတေသန ဌာနမှ သုတေသန ပညာရှင်နှင့် လေ့လာသူ တစ်ဦးဖြစ်သူ ဒေါက်တာ အမ်မာက ပြော ကြားသည်။ ထိုင် သည့် အချိန်ကို ကန့်သတ် လိုက်ခြင်းဖြင့် မိမိတို့သည် ဆီးချိုရောဂါ၊ နှလုံးရောဂါနှင့် သေဆုံးမှု အန္တရာယ် ကို လျှော့ချ နိုင်ကြောင်းဖြင့် ၎င်းက ထပ်လောင်း ပြောကြားသည်။
လေ့လာမှုအရ ဆီးချိုရောဂါနှင့် အချိန်ကြာကြာ ထိုင်ခြင်းတို့ ဆက်စပ်နေပြီး မျိုးရိုးလိုက် ဆီးချိုရောဂါ ရှိသူ သို့မဟုတ် တောင်အာရှ ဒေသမှ လူမျိုးစုများ၊ အဝလွန်သူများ ကဲ့သို့သော ဆီးချိုဝေဒနာရှင် များအတွက် အရေးကြီးသည့် သတင်းတစ် ရပ် ဖြစ်ပါသည်။ ထို့အပြင် အချိန်ကြာကြာ ထိုင်သည့် အလေ့အထကို ကန့်သတ် ခြင်းဖြင့် ဆီးချို ဝေဒနာရှင်များ နောက်ထပ်ဖြစ် ပေါ်လာမည့် အန္တရာယ် ကို လျှော့ချရန် အကူအညီ ပေးနိုင်ဖွယ် ရှိကြောင်း သိရသည်။ စားပွဲတစ်လုံး၊ ကွန်ပျူတာ တစ်လုံးဖြင့် အချိန်ကြာကြာ ထိုင်၍ အလုပ်လုပ် နေသူ များ အားလုံး အချိန်ကြာမြင့်စွာ ထိုင်နေခြင်း ထက် လှုပ်ရှားမှုများ ပြုလုပ်ကြရန်၊ အထူး သဖြင့် နေ့လယ် စာစားချိန်၊ နားချိန်တို့တွင် လမ်းလျှောက်ခြင်းနှင့် ရုပ်။သံ ကြည့်ချိန်ကဲ့သို့ ထိုင်သည့် အချိန်များ အစား တစ်စုံ တစ်ခုကို လုပ်ကိုင်ကြ ရန် လော့ဂ် ဘရော့ တက္ကသိုလ်မှ ကျန်းမာရေးနှင့် ရုပ်ပိုင်း ဆိုင်ရာ၊ လှုပ်ရှားမှု ပါမောက္ခ စတပ် ဘစ်ဒယ်လ်က အကြံပြု ပြောကြား ထားသည်။ သို့ဖြစ်၍ ဆီးချို ရောဂါ၊ နှလုံး ရောဂါရှိသူများ၊ အချိန် ကြာကြာ ထိုင်၍ အလုပ်လုပ် ကြရ သော သူများ ကျန်းမာရေး အထောက် အကူ ဖြစ်စေရန်နှင့် ရောဂါ သက်သာ စေ ရန် ကိုယ်လက် လှုပ်ရှားမှုများ လုပ်ဆောင် သွားသင့်ကြောင်း အကြံပြု လိုက်ပါသည်။ ။

3D

CCTV

My Target Computer Service

Name You can ask and contact any problem concern with computer (Good Service) To Contact Us
Kyaw Naing Computer Sale Service & Networking +959-----------
THE FATHER OF INDEPENDENCE First and the Last democratically elected PRIME MINISTER OF BURMA NLD ( NATIONAL LEAGUE FOR DEMOCRACY )
GENERAL AUNG SAN'S PAGE U NU'S PAGE DAW AUNG SAN SUU KYI'S PAGE