Kyaw Naing Welcome

Saturday, September 28, 2013

ချစ်တာနဲ့မေတ္တာ



- ချစ်တာနဲ့မေတ္တာဟာ တူသလိုနဲ့ ကွဲပြားလှပါတယ်။
- ချစ်တာက သံယောဇဉ်ကိုအရင်းခံပြီး မေတ္တာကတော့ ဗြဟ်္မစိုရ်တရားကို
အရင်းခံပါတယ်။
- သံယောဇဉ်ဟာ ပူလောင်စေတတ်ပြီး ဗြဟ်္မစိုရ်ကတော့ အေးမြစေတတ်
ပါတယ်။
- ချစ်တာက ကိုယ့်အတွက်ဖြစ်ပြီး မေတ္တာက သူများအတွက်ပဲဖြစ်ပါတယ်။
- ပိုင်ဆိုင်ချင်တာ၊ ရယူချင်တာ၊ ထိန်းချုပ်ချင်တာ၊ မနာလိုတာ၊ သ၀န်တိုတာ
စတာတွေဟာ အချစ်ရဲ့သင်္ကေတသဘောတွေဖြစ်ပြီး ကြီးပွားစေချင်တာ၊
အန္တရာယ်ကင်းစေချင်တာ၊ ကိုယ်ကျန်းမာ၍ စိတ်ချမ်းသာစေချင်တာ စတာ
တွေဟာ မေတ္တာရဲ့သင်္ကေတသဘောတွေဖြစ်တဲ့အတွက် အချစ်နဲ့ မေတ္တာဟာ
အပူနဲ့အအေးလို ကွားခြားလှပါတယ်။
- ချစ်တာက တဏှာပေမတွေနဲ့ ရောယှက်နေတဲ့အတွက်ပူလောင်စေပြီး
မေတ္တာကတော့ အကျိုးလိုလားခြင်း သက်သက်ဖြစ်တဲ့အတွက် အေးမြစေ
ပါတယ်။
- အချစ်တွေသိပ်များရင် အပြစ်တွေလည်းသိပ်ပွားစေတတ်ပေမယ့်
မေတ္တာတွေများနေရင်တော့ သစ်္စာတရားတွေနဲ့ ငြိမ်းချမ်းမှုအားတွေ
ကို ဖြစ်စေတတ်ပါတယ်။
- အချစ်ကို ရှေ့တန်းတင်ထားရင် ကိုယ်ကချစ်လိုက်ချင်တာရယ်၊ ကိုယ့်ကို
ချစ်စေချင်တာတွေရယ်ကြောင့် လိုတာကိုမရတဲ့အခါ ပူလောင်ခံစားရ
တတ်ပေမယ့်မေတ္တာကို ရှေ့တန်းတင်ထားရင်တော့ ကိုယ့်အတွက်မပါ
အများအကျိုးကိုသာလိုလားခြင်း သက်သက်ဖြစ်နေတဲ့အတွက်
အများချမ်းသာလေ ကိုယ်လည်း ၀မ်းသာလေဖြစ်တော့တာ ဖြစ်ပါတယ်။
- ချစ်တာက လောဘတဏှာကို အရင်းခံထားတဲ့အတွက် တဏှာရဲ့နောက်မှာ
ဘယာဆိုတဲ့ ဘေးတွေရောက်စေတတ်ပေမယ့် မေတ္တာကတော့
အကျိုးလိုလား ခြင်းစေတနာကို အရင်းခံထားတဲ့အတွက် မေတ္တာရဲ့နောက်
မှာ ကောင်းကျိုးချမ်းသာတွေပဲ ရောက်နေတတ်တာ ဖြစ်ပါတယ်။
- ဒါကြောင့် အချစ်တွေများဖို့ထက် မေတ္တာပွားဖို့က ပိုလိုအပ်ပါတယ်။ အချစ်
တွေများရင် ပိုင်ဆိုင်ချင်တာတွေ များတတ်ပေမယ့် မေတ္တာများရင်တော့
အကျိုးလိုလားမှုတွေ များစေတဲ့အတွက် တစ်ဦးနဲ့တစ်ဦး အချစ်များဖို့ထက်
မေတ္တာထားနိုင်အောင် ကြိုးစားကြရမှာဖြစ်ပါတယ်။

No comments:

Post a Comment

Thank you for visit to my page.

3D

CCTV

My Target Computer Service

Name You can ask and contact any problem concern with computer (Good Service) To Contact Us
Kyaw Naing Computer Sale Service & Networking +959-----------
THE FATHER OF INDEPENDENCE First and the Last democratically elected PRIME MINISTER OF BURMA NLD ( NATIONAL LEAGUE FOR DEMOCRACY )
GENERAL AUNG SAN'S PAGE U NU'S PAGE DAW AUNG SAN SUU KYI'S PAGE