ဒါကလည်း မေးနေစရာမလိုတဲ့ မေးခွန်းတစ်ခုလို ဖြစ်နေပါပြီ။ မြန်မာပြည်ထဲမှာတင် Jop Opportunity ရှာဖွေနေသူ တွေဟာ Requirement တွေများ လာတာကိုလည်း ရိပ်မိလာမှာ ဖြစ်ပါတယ်။
ဒီအတွက် ကုန်ကျစရိတ်တွေလည်း ထင်သလိုမများပါဘူး။ ဥပမာ IELTS, TOEFL တို့လို စာမေးပွဲတွေ တောင် မြန်မာငွေနဲ့တွက်ရင် ၂ သိန်းထက်ပို မကုန်ပါဘူး။ ငွေ ၂ သိန်းရင်းပြီးတော့ နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ် ရရှိထားမှုက အနာဂတ်မှာ မြန်မာပြည် အတွင်းမှာပဲ ပိုမိုကောင်းမွန်တဲ့ အလုပ်အကိုင် အခွင့်အလမ်း တွေ ရစေပါတယ်။ IT နဲ့ ပက်သက်တဲ့ စာမေးပွဲ၊ ဘာသာစကား စာမေးပွဲ၊ Business နဲ့ ပက်သက်တဲ့ စာမေးပွဲ တစ်ဘာသာချင်းစီ နဲ့ အခြားစာမေးပွဲတို့ တွက်လိုက်ရင် ငွေကြေးကုန်ကျမှု သိပ်မများပါဘူး။ အချိန်ပေးနိုင်မှုရှိမရှိသာ စဉ်းစားစရာ ဖြစ်လာ ပါတယ်။ ပြည်ပက ဝင်လာတဲ့ Enterprise ကုမ္မဏီကြီးများမှာ လုပ်ကိုင်ဖို့ စိတ်ကူးသူတွေဟာ လက်ထဲမှာ Experience တစ်ခုထဲ ရှိလို့ မရတော့ပါဘူး။ ထိတွေ့ကိုင်တယ် သက်သေပြလို့ရနိုင်မယ့် လက်မှတ်လည်း လိုလာပါတယ်။
ယင်းကဲ့သို့ လက်မှတ်များ၊ စာရွက်စာတန်းများကို တစ်ခုပြီးတစ်ခု ယူထားနိုင် ရင် Jop Opportunity တွေ ပေါ်လာတိုင်း Expected Salary မှာ မိမိရဲ့  Selling Point ကို မျှော်မှန်းသလောက် မြင့်တင်နိုင်မှာ ဖြစ်ပါတယ်။ ဒီတော့ နိုင်ငံတကာ အသိအမှတ်ပြုလက်မှတ်၊ စာမေးပွဲများကို အချိန်ရ သလောက်၊ ငွေရှိသလောက် တစ်ခုပြီး တစ်ခု ဖြေ ထားခြင်းဖြင့် ပြည်တွင်း မှာတင် Paymant ကောင်းတဲ့ Job Career တွေ ရရှိ နိုင်ပါတယ်။
.
No comments:
Post a Comment
Thank you for visit to my page.