Kyaw Naing Welcome

Tuesday, September 10, 2013

“အင်္ဂလိပ်စာ..လေ့လာနည်းလမ်းညွှန်..(၁)”

“အင်္ဂလိပ်စာ..လေ့လာနည်းလမ်းညွှန်..(၁)”
======================

နိဒါန်း
------
“အင်္ဂလိပ်စာ ဘယ်လိုလေ့လာရမလဲ”.....ဆိုတဲ့ မေးခွန်းဟာ အင်္ဂလိပ်စာ .လေ့လာသူတိုင်း မေးနေကျ မေးခွန်းတစ်ခုပဲ ဖြစ်ပါတယ်။ကျွန်တော်....
ကျောင်းသားဘ၀ကလည်း သူငယ်ချင်းများက ကျွန်တော့်ကို မေးခဲ့ကြဖူးပါ တယ်။သူတို့က ကျွန်တော့်ကို အင်္ဂလိပ်စာ တော်တယ်လို့ ထင်နေခဲ့ကြတာ ကိုး။တစ်ကယ်တော့..သူတို့ထင်သလောက် ကျွန်တော်က မတော်ပါဘူး။ ဘာသာစကားတစ်ခုလေ့လာတယ်ဆိုတာ အဆုံးစွန်ထိ တော်တယ်၊ တတ် တယ်ဆိုတာ မရှိပါဘူး။ဒါပေမယ့်..အဆက်မပြတ်လေ့လာလိုစိတ်နဲ့ ဆက်ပြီး .လေ့လာနေရင်တော့..မလေ့လာပဲ ပစ်ထားတဲ့သူနဲ့ စာရင် ပိုတော်နေသလို .ဖြစ်သွားပါလိမ့်မယ်။ဒါဟာ..ဘယ်လိုမှ ငြင်းလို့မရတဲ့ အမှန်တရားပါ ..ပဲ။ ဒီတော့...အင်္ဂလိပ်စာတော်ဖို့ ဆိုရင်... ပထမဆုံးအရေးကြီးတာက....တတ် .မြောက်လိုစိတ် ပြင်းပြစွာနဲ့ အဆက် မပြတ်စေပဲ တစ်ရက်တစ်ရက် နည်း နည်းစီ လေ့လာ.. ကျက်မှတ်.. .နေဖို့တော့. .လိုတယ်ဆိုတဲ့ အချက်ပါပဲ။ ကိုယ့်ကိုယ်ကို တတ်ပြီလို့ ယူဆပြီး လေ့လာမှုကို ရပ်ဆိုင်းလိုက်လို့ကတော့ .ပြတ်ကျန်နေခဲ့မှာ အသေချာပါပဲ။ဥပမာ..နေ့စဉ် အင်္ဂလိပ်စကားလုံးတစ်လုံး ကို ဗလာစာအုပ် နဲ့ ရေးမှတ်ပြီး ၀ါကျနဲ့တစ်ကွ ရေးမှတ်လေ့ကျင့်နေသူဟာ ဘာမှ မလေ့လာပဲ နေသူနဲ့ ယှဉ်လိုက်တဲ့အခါ.. တစ်နှစ်လည်းပြည့်ရော .. .ဝေါဟာရ (၃၆၅) လုံး ပိုတတ်သွားပြီး မလေ့လာပဲနေခဲ့သူကတော့ (၃၆၅) လုံးစာ ပြတ်ကျန်နေခဲ့မှာ ဖြစ်ပါတယ်..။

(၁) ပြင်းပြသော ဆန္ဒ
---------------------------
အင်္ဂလိပ်စာ တတ်လိုတယ်ဆိုရင် ပထမဆုံး “ငါ..တတ်ချင်လိုက်တာ၊ငါ..လေ့ လာမယ်။တတ်ကိုတတ်ရမယ်”ဆိုတဲ့ ပြင်းပြတဲ့ ဆန္ဒရှိဖို့ ပထမဦးဆုံး လိုအပ် ပါတယ်။ဒါဟာ..ဘာသာစကားသင်ယူရာမှာတင် မ ကပါဘူး။ စီးပွားရေး... .လောက မှာလည်း “ငါ..ချမ်းသာရမယ်..” ဆိုတဲ့ ပြင်းပြတဲ့ ဆန္ဒရှိတဲ့သူမှ ချမ်းသာတာပါ။“ကံပဲလေ..ကံပေးရင်..တစ်နေ့ ချမ်းသာလိမ့်မပေါ့..”လို့ ကိုယ့်ကိုယ်ကို ကံပုံချပြီး ပြင်းပြတဲ့ ဆန္ဒမရှိလို့ကတော့..ဘယ်တော့မှ ချမ်း သာလာမှာ မဟုတ်ပါ။ဒါကို.Napoleon Hill .ရေးတဲ့Think and Grow Rich စာအုပ်မှာ လက်တွေ့ဖတ်ကြည့်နိုင်ပါတယ်။ဒီစာအုပ်ကို ဆရာကြီးရွှေဥဒေါင်း က “အကြံညဏ်ဖြင့် ကြီးပွားရေး”ဆိုပြီး ဘာသာပြန်ရေးသား ထားတာရှိပါ တယ်။စီးပွားတိုးတက်ရေးမှာ ပြင်းပြတဲ့ဆန္ဒရှိမှ အောင်မြင်နိုင်သလို အင်္ဂလိပ် စာလေ့လာမှုမှာလည်း တတ်မြောက်လိုစိတ် ပြင်းပြနေမှ ပိုမိုတတ်မြောက် .အောင်မြင်မှာ ဖြစ်ပါတယ်။.ငါ..အင်္ဂလိပ်စာ တတ်ကိုတတ်ရမယ် ဆိုတဲ့... .ပြင်းပြ တဲ့ ဆန္ဒရှိသူဟာ လေ့လာတယ်။မှတ်သားတယ်။လေ့ကျင့်တယ်။ ဒီတော့...တတ်သွားတယ်။“တတ်ချင်လိုက်တာ”လို့သာ ပါးစပ်ကပြောနေပြီး မလေ့လာ၊မလေ့ကျင့်ရင် ..ဘယ်တော့မှ တတ်မှာ မဟုတ်ပါဘူး။ပြင်းပြတဲ့ ဆန္ဒက ပထမဆုံး အင်္ဂလိပ်စာ တတ်မြောက်ဖို့ လိုအပ်လှတဲ့ အရည်အသွေး ပါပဲ။ဒီတော့. “ငါ..အင်္ဂလိပ်စာ တတ်ကိုတတ်ရမယ်” “၆-လအတွင်း တတ်ရ မယ်” “တစ်နှစ်အတွင်း တတ်ရမယ်” စသဖြင့် တစ်လလောက်.... နေ့တိုင်း တစ်ရက် (၁၀) ခါလောက် ရွတ်ပေးပါ။တစ်လပြည့်တဲ့အခါ..အင်္ဂလိပ်စာ တတ်လိုစိတ်တွေ အရင်ကထက် ပိုပြင်းထန်လာတာ တွေ့ရပါမယ်။ ဒီလို. .ပြင်းထန်လာဖို့ တစ်ဖက်ကလည်း အင်္ဂလိပ်စာရဲ့ အသုံးဝင်မှုတွေကို ခဏ ခဏ ဆင်ခြင်သုံးသပ်ပေးရင် ပိုကောင်းပါတယ်။အင်္ဂလိပ်စာရဲ့အသုံးဝင်မှုကို ကျွန်တော်ကတော့..နှစ်ပိုင်းခွဲပြီး ဆင်ခြင်ပါတယ်။(၁)ေယဘုယ် အသံုး၀င္မႈ။ (သတင်းဖတ်တာ၊နားထောင်တာ၊နိုင်ငံတကာဗဟုသုတ၊ဖျော်ဖြေမှု၊..စသည်)
(၂) မိမိအတွက် အသုံးဝင်မှု( မိမိအလုပ်မှာ အသုံးချနိုင်မှု အခြေအနေများ စွာ). စတာတွေကို .ကို တစ်လလောက် အားတဲ့အချိန်မှာ ..ထပ်တလဲလဲ ဆင်ခြင်တာမျိုးကို..ပြောတာပါ။ဒီလိုဆင်ခြင်တာက အင်္ဂလိပ်စာ စတင်လေ့ လာ မယ့်သူတွေနဲ့ အင်္ဂလိပ်စာတတ်ချင်ပေမယ့် ကြိုးစားချင်စိတ်နည်းနေသူ .တွေအတွက်သာ ဖြစ်ပါတယ်။

No comments:

Post a Comment

Thank you for visit to my page.

3D

CCTV

My Target Computer Service

Name You can ask and contact any problem concern with computer (Good Service) To Contact Us
Kyaw Naing Computer Sale Service & Networking +959-----------
THE FATHER OF INDEPENDENCE First and the Last democratically elected PRIME MINISTER OF BURMA NLD ( NATIONAL LEAGUE FOR DEMOCRACY )
GENERAL AUNG SAN'S PAGE U NU'S PAGE DAW AUNG SAN SUU KYI'S PAGE