==================
ဘာကြောင့် ဘ၀ ဆိုတဲ့အရာက လူတွေကို ညီတူညီမျှ အခွင့်အရေးမပေးရတာလဲလို့ စဉ်းစားစရာမလိုပါဘူး
ပေးထားတဲ့ အခွင့်အရေးတိုင်းမှာ အားသာချက်အားနည်းချက်ကိုယ်စီရှိကြတယ် ။
ရွှေဘုံပေါ်မှာထိုင်ပြီး အောင်မြင်မှုတွေရနေပေမယ့် စိတ်ဆင်းရဲနေရတာတွေရှိသလို
ငါးပိရည်တို့စရာနဲ့စားပြီး ချမ်းမြေ့ပျော်ရွှင်နေရသူတွေလည်းရှိတယ်
ရာထူးကြီးကြီးနဲ့ အငယ်အနှောင်းတွေအများကြီးထားပြီး ပြဿနာတွေ တက်နေရတာတွေရှိသလို
ုဆင်းရဲပေမယ့် ဒိုးတူဘောင်ဖက် စိတ်တူကိုယ်တူ သစ္စာရှိတဲ့လင်မယားတွေလည်းရှိတယ်
ကိုယ်လက်အဂါင်္အပြည့်အစုံရှိရက်နဲ့ စိတ်ဓါတ်ကျပါတယ်ပြောနေတဲ့သူတွေရှိသလို
ကိုယ်လက်အဂါင်္ချို့တဲ့ပေမယ့် ဘ၀ကို အရှုံးမပေးပဲ စိတ်ဓါတ်မာသူတွေလည်းရှိတယ်
အရာရာတိုင်းမှာ မတူညီဘူးထင်ရပေမယ့် ဘဘာဝတရားက လူတိုင်းကို စွမ်းအားကိုယ်စီပေးထားပါတယ် ။
ဘ၀မှာ အဓိကလူဖြစ်လာရခြင်းရဲ့သော့ချက်ကို ရှာမတွေ့နိုင်ရင် လူဖြစ်ရှုံးရမယ် ။
ကိုယ်ပျော်ရွှင်ဖို့ . . .......တစ်ပါးသူမျက်ရည်မကျစေရဘူး
ကိုယ်အောင်မြင်ဖို့ . ..... တစ်ပါးသူ ဘ၀မပျက်စေရဘူး
ကိုယ်ချမ်းသာစေဖို့ . .... တစ်ပါးသူ ဆင်းရဲအောင်မလုပ်ရဘူး
ကိုယ် အနိုင်ရဖို့ . ........ တစ်ပါးသူတမင်ရှုံးအောင်မလုပ်ရဘူး
ကိုယ် အပိုင်ရဖို . . .......တစ်ပါးသူပိုင်ဆိုင်တာကို မစွန့်လွှတ်ခိုင်းရဘူး
ကိုယ် နင်းတက်သွားဖို့ . . တစ်ပါးသူကို လှေကားမဖြစ်စေရဘူး
ကိုယ် ကျော်ကြားဖို့ . ......တစ်ပါးသူနာမည်ကိုမဖျက်ရဘူး
“ကိုယ့်ကိုကိုယ်
လေးစားမူရှိအောင်လုပ်ပါ”
ကိုယ့်ကိုကိုယ် အထင်သေးသွားတာ၊
ကိုယ့်ကိုကိုယ် လေးစားမူလျော့သွားတာဟာ အကြီးမားဆုံး ဆုံးရှုံးမူပဲ။
ဒါကြောင့် ကိုယ့်ကိုကိုယ် တကယ်ချစ်ရင်
ကိုယ့်ကိုကိုယ် အထင်သေးသွားမယ့် အလုပ်မျိုးမလုပ်မိဖို့ လိုတယ်။
ကိုယ့်ကိုကိုယ် အထင်သေးသွားတဲ့ အပြောမျိုး မပြောမိဖို့၊
ကိုယ့်ကိုကိုယ် အထင်သေးသွားမယ့် အတွေးမျိုးကို
တတ်နိုင်သလောက် မတွေးမိဖို့ထိန်းရမယ်။
တွေးမိရင်လည်း အဲဒါကို မြန်မြန်သိဖို့လိုတယ်။
မြန်မြန်သိပြီးတော့ သူ့ကို သတိလေးနဲ့သိပြီးတော့ ပယ်လိုက်ဖို့ လိုတယ်။
အတွေးကိုသိနိုင်ရင် ပိုပြီးထိရောက်တယ်။ သိရင်လည်း ပယ်ရတာ မခက်ပါဘူး။
ကိုယ့်ကိုကိုယ် အထင်သေးမသွားဖို့ အင်မတန် အရေးကြီးပါတယ်။
ကိုယ့်ကိုကိုယ် အထင်သေးတဲ့လူဟာ တကယ် အနှစ်သာရပြည့်ဝတဲ့ ဘဝကို မရနိုင်တော့ဘူး။
စိတ်အေးချမ်းမူအစစ်ကို မရနိုင်တော့ဘူး။
စိတ်ရောဂါလည်း ဖြစ်တတ်တယ်။
စိတ်ရောဂါဖြစ်တဲ့သူတွေထဲမှာ ကိုယ့်ကိုကိုယ် စိတ်ပျက်နေတဲ့သူတွေ များတယ်။
ကိုယ့်ကိုကိုယ် မလေးစားတဲ့သူဟာ သူများကိုယ့်ကို လေးစားမယ်လို့ မယုံနိုင်ဘူး။
ကောင်းတာတွေနဲ့ တန်တယ်လို့ မခံစားရဘူး။
(ဆရာတော်ဦးဇောတိက)

No comments:
Post a Comment
Thank you for visit to my page.