To know and not to do is not yet to know ! --------------"Never underestimate the art of living of the other people or ones' abilities"------------
Kyaw Naing Welcome
Saturday, September 7, 2013
မင်္ဂလာရှိစွာ အောင်မြင်ခြင်း(၂၄)
မင်္ဂလာရှိစွာ အောင်မြင်ခြင်း(၂၄)
သန်္တုဋ္ဌီစ၊ ကတညုတာ
လင်းသိုက်ညွန့် (မြန်မာ့မြေ)
JOB seekers Journal (Vol.2 No.12-24.8.2013)
၂၄ ပါးမြောက်မင်္ဂလာကတော့-
“သန်္တုဋ္ဌီစ”
“ကိလေသာအာရုံ၊ ကာမဂုဏ်တို့၌ ရောင့်ရဲ လွယ်ခြင်း” ဖြစ်ပါတယ်။ ကာမဂုဏ်အာရုံ ဆိုတာ ကတော့ များသောအားဖြင့်-
- အမြင်
- အကြား
- အနံ့
- အရသာ
- အတွေ့အထိ
ဆိုတဲ့ အာရုံ ၅ ပါးကို အခြေခံပါတယ်။ ဒီအာရုံ ၅ ပါးကနေ စာရေးသူတို့ဟာ ပြင်ပလောက (Environment) နဲ့ ထိတွေ့ဆက်ဆံဆောင်ရွက် ကြရတာ ဖြစ်ပါတယ်။ စီမံခန့်ခွဲမှု (Management) ပညာမှာ အခြားသူတွေကို စီမံခန့်ခွဲမှု မဆောင်ရွက်မီမှာ မိမိကိုယ်တိုင် စီမံခန့်ခွဲနိုင်ဖို့ (Self-Management) ဟာ အလွန်အရေးပါပါ တယ်။Self-Managementလို့ဆိုတဲ့နေရာမှာ လူတစ်ယောက်အနေနဲ့ မိမိရဲ့ အမြင်၊ အကြား၊ အနံ့၊ အရသာ၊ အတွေ့အထိ စတာတွေကို ကောင်းမွန်စွာ ထိန်းချုပ်စီမံခန့်ခွဲနိုင်ဖို့ဟာ ဘ၀ အောင်မြင်ရေးအတွက် အလွန်အရေးပါပါတယ်။ စာရေးသူတို့ မြန်မာစကားမှာ တစ်ခုခု မအောင်မြင်ရင် “ငါးပါးမှောက်တယ်” လို့ ပြော ဆိုလေ့ရှိကြပါတယ်။ ဒီစကားကို အဓိပ်္ပာယ် သေသေချာချာမသိဘဲ တော်တော်များများက လည်း ပြောနေကြ၊ ဆိုနေကြတာကို တွေ့ရပါ တယ်။ တကယ်တော့ “ငါးပါးမှောက်တယ်” ဆို တဲ့စကားဟာ တခြားမဟုတ်ပါဘူး၊ “ငါးပေါက် မှားတာ” ကို ဆိုလိုတာပါ။ “ငါးပေါက်” ဆိုတာ ကတော့ အာရုံငါးပါး၊ ဒွါရငါးပါးကို၊ ဒွါရငါး ပေါက်ကို ဆိုလိုတာဖြစ်တဲ့အတွက် ငါးပါး မှောက်တယ်ဆိုတာ ဒွါရငါးပေါက်က အမြင်၊ အကြား၊ အနံ့၊ အရသာ၊ အတွေ့အထိ စတာ တွေ မှောက်မှားတာကို ဆိုလိုတာပါ။
ကိလေသာ အာရုံ၊ ကာမဂုဏ်တို့၌ ရောင့်ရဲ မလွယ်ဘဲ အလွန်အကြူး ခံစားသူ၊ ဥပမာ-အရက်သေစာကို အလွန်အကြူးသောက်သုံးသူ တစ်ဦးအနေနဲ့ အမြင်၊ အကြား အာရုံစတာတွေ မှောက်မှားပြီး ဘ၀မှာ အမှားတွင်တွင် ကျူးလွန် ကာ အောင်မြင်မှုတွေ ဆုံးရှုံးနိုင်တဲ့သဘော ဖြစ် ပါတယ်။ ဒါ့ကြောင့်မို့ ပုထုဇဉ်တွေပီပီ ကာမဂုဏ် အာရုံတွေကို မစွန့်လွှတ်နိုင်ကြသေးပေမဲ့ ကာမ ဂုဏ်အာရုံတို့၌ ရောင့်ရဲလွယ်ကြခြင်း၊ ထိန်းချုပ် စီမံနိုင်ကြခြင်းအားဖြင့် မင်္ဂလာရှိစွာ အောင်မြင် လာကြမှာ ဖြစ်ပါတယ်။
နှစ်ဆယ့်ငါးပါးမြောက် မင်္ဂလာကတော့-
“ကတညုတာ”
“သူတစ်ပါးက မိမိအပေါ်ပြုဖူးသော ကျေးဇူး ကို သိတတ်ခြင်း”
ဖြစ်ပါတယ်။ “ကျေးဇူးသိတတ်မှု” ဆိုတာဟာ မင်္ဂလာရှိစွာ အောင်မြင်လိုသူတွေအတွက် မရှိ မဖြစ် အရေးပါသလို ယဉ်ကျေးတဲ့ လူ့ဘောင် လောကအတွက် အလွန်အရေးပါတဲ့ ၀ိသေသ လက်္ခဏာတစ်ရပ်လည်း ဖြစ်ပါတယ်။ လက်ရှိ နယ်ပယ်အသီးသီးမှာ ထိပ်တန်းရောက် အောင် မြင်နေကြတဲ့ ပုဂ်္ဂိုလ်အသီးသီးဟာ သူတစ်ပါးရဲ့ ကျေးဇူးတရားကို အလွန်သိတတ်တဲ့ ပုဂ်္ဂိုလ်များ ဖြစ်တယ်ဆိုတာကို တွေ့ကြရမှာ ဖြစ်ပါတယ်။
ကျေးဇူးသိတတ်မှု စက်ဝိုင်းဆိုတာ ဒီလောက မှာ ရှိပါတယ်။ ဆိုလိုတာက ကျွန်တော်တို့အနေ နဲ့ လူတစ်ယောက်အပေါ် ကျေးဇူးသိတတ်တာ ပဲဖြစ်ဖြစ်၊ လူတစ်ယောက်အပေါ် ကျေးဇူးပြု လိုက်တာပဲဖြစ်ဖြစ် ကျွန်တော်တို့ဟာ ကျေးဇူး သိတတ်မှု စက်ဝိုင်းကြီးကို လည်ပတ်စေလိုက် တာဖြစ်ပြီး လူတွေဟာ တစ်ဦးနဲ့တစ်ဦး ကျေးဇူး ပြုတတ်မှုတွေ၊ ကျေးဇူးသိတတ်မှုတွေ ဆင့်ကဲ ဆင့်ကဲ ဖြစ်ထွန်းလာပြီး မင်္ဂလာရှိစွာ အောင် မြင်လာကြမှာ ဖြစ်ပါတယ်။
လူတစ်ဦးပေါ်တစ်ဦး ကျေးဇူးသိတတ်မှု၊ ကျေးဇူးပြုတတ်မှုတွေ ထွန်းကားများပြားတဲ့ လူ့ အဖွဲ့အစည်းဟာ မင်္ဂလာရှိစွာ အောင်မြင်တဲ့သူ တွေ အလွန်များပြားကြတာကို တွေ့ကြရမှာ ဖြစ်ပါတယ်။ သူတစ်ပါးရဲ့ ကျေးဇူးကို သိတတ် သလို မိမိအနေနဲ့လည်း တတ်အားသမျှ မိမိ အနေနဲ့ သူတစ်ပါးအပေါ် ကျေးဇူးပြုချင်စိတ်၊ ကူညီချင်စိတ်လည်း မွေးမြူကြဖို့ လိုပါတယ်။
သူတစ်ပါးကို ကူညီတယ်ဆိုတာ တကယ့် တကယ်မှာ မိမိကိုယ်ကို ကူညီနေခြင်းလည်း ဖြစ်တယ်ဆိုတာကို တွေ့ကြရမှာပါ။ ဒါဟာ ကျေးဇူးသိတတ်မှု စက်ဝိုင်းကြီးအတွင်းမှာ ပါ ၀င်ခြင်းလည်းမည်ပါတယ်။ တကယ့်တကယ်မှာ လူတစ်ယောက်အနေနဲ့ လောကမှာ ရှိရှိသမျှ လူတွေအားလုံးကို ကျေးဇူးပြုနိုင်ဖို့၊ ကူညီဖို့ ဆို တာ မဖြစ်နိုင်ပါဘူး။ ဒါ့ကြောင့်မို့လို့ ကျွန်တော် တို့အနေနဲ့ ဘယ်လိုလူမျိုးတွေကို အဓိကထားပြီး ကူညီဖို့၊ ကျေးဇူးပြုဖို့ ကြိုးစားအားထုတ်ကြရ မလဲဆိုတာ စဉ်းစားစရာ ဖြစ်လာပါတယ်။ ဒါနဲ့ ပတ်သက်ပြီး စဉ်းစားကြမယ်ဆိုရင်တော့ ဖော် ပြပါပုံလေးကို ကြည့်ရှုစေချင်ပါတယ်-
ဒီပုံလေးမှာ ဖော်ပြထားတာက ရှင်းရှင်းလေး ပါ။ လူတစ်ယောက်အနေနဲ့ ပထမဦးဆုံး ကျေးဇူး ပြုဖို့၊ ကျေးဇူးသိတတ်ဖို့ အရေးကြီးဆုံးကတော့ မိမိကိုယ်ကို မိမိ ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ လူတစ်ယောက်အနေနဲ့ ပထမဆုံး မိမိကိုယ်ကို ဖွံ့ဖြိုးတိုးတက်အောင်မြင်အောင် ကျေးဇူးပြုဖို့ (၀ါ) ကြိုးစားအားထုတ်ဖို့ လိုအပ်ပါတယ်။
အဲဒီက တစ်ဆင့်တက်လာပြီဆိုရင်တော့ လူ တစ်ယောက်အနေနဲ့ မိမိရဲ့ မိဘဆွေမျိုး၊ မောင် နှမသားချင်းတွေအပေါ် ကျေးဇူးပြုနိုင်ဖို့၊ ကျေးဇူး သိတတ်ဖို့ လိုအပ်ပါတယ်။ အဲဒီကတစ်ဆင့် တက်လာပြီဆိုရင်တော့ မိမိရဲ့အပေါင်းအသင်း သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်တွေအပေါ် ကျေးဇူးပြုနိုင်ဖို့၊ ကျေးဇူးသိတတ်ဖို့ အားထုတ် ကြရပါမယ်။ နောက်ဆုံးအဆင့်အနေနဲ့ကတော့ လူသားတစ်ယောက်အနေနဲ့ တတ်နိုင်သလောက် လူ့အဖွဲ့အစည်း(Society) တစ်ခုလုံးအပေါ်မှာ ကျေးဇူးပြုနိုင်ဖို့၊ ကျေးဇူးသိတတ်ဖို့ အားထုတ် ကြရမှာ ဖြစ်ပါတယ်။
ဂေါတမဗုဒ်္ဓ ညွှန်ကြားတော်မူထားတဲ့ အတိုင်း“ကတညုတာ”ဆိုတဲ့ မင်္ဂလာတရားတော် နဲ့အညီ “သူတစ်ပါးက မိမိအပေါ်ပြုဖူးသော ကျေးဇူးတရားကို သိတတ်ကြခြင်း” အားဖြင့် မင်္ဂလာရှိစွာ အောင်မြင်လာနိုင်ကြမှာ ဖြစ်ပါ တယ်။
See you at the top!
လင်းသိုက်ညွန့်(မြန်မာ့မြေ)
Photo: မင်္ဂလာရှိစွာ အောင်မြင်ခြင်း(၂၄) သန်္တုဋ္ဌီစ၊ ကတညုတာ လင်းသိုက်ညွန့် (မြန်မာ့မြေ) JOB seekers Journal (Vol.2 No.12-24.8.2013) ၂၄ ပါးမြောက်မင်္ဂလာကတော့- “သန်္တုဋ္ဌီစ” “ကိလေသာအာရုံ၊ ကာမဂုဏ်တို့၌ ရောင့်ရဲ လွယ်ခြင်း” ဖြစ်ပါတယ်။ ကာမဂုဏ်အာရုံ ဆိုတာ ကတော့ များသောအားဖြင့်- - အမြင် - အကြား - အနံ့ - အရသာ - အတွေ့အထိ ဆိုတဲ့ အာရုံ ၅ ပါးကို အခြေခံပါတယ်။ ဒီအာရုံ ၅ ပါးကနေ စာရေးသူတို့ဟာ ပြင်ပလောက (Environment) နဲ့ ထိတွေ့ဆက်ဆံဆောင်ရွက် ကြရတာ ဖြစ်ပါတယ်။ စီမံခန့်ခွဲမှု (Management) ပညာမှာ အခြားသူတွေကို စီမံခန့်ခွဲမှု မဆောင်ရွက်မီမှာ မိမိကိုယ်တိုင် စီမံခန့်ခွဲနိုင်ဖို့ (Self-Management) ဟာ အလွန်အရေးပါပါ တယ်။Self-Managementလို့ဆိုတဲ့နေရာမှာ လူတစ်ယောက်အနေနဲ့ မိမိရဲ့ အမြင်၊ အကြား၊ အနံ့၊ အရသာ၊ အတွေ့အထိ စတာတွေကို ကောင်းမွန်စွာ ထိန်းချုပ်စီမံခန့်ခွဲနိုင်ဖို့ဟာ ဘ၀ အောင်မြင်ရေးအတွက် အလွန်အရေးပါပါတယ်။ စာရေးသူတို့ မြန်မာစကားမှာ တစ်ခုခု မအောင်မြင်ရင် “ငါးပါးမှောက်တယ်” လို့ ပြော ဆိုလေ့ရှိကြပါတယ်။ ဒီစကားကို အဓိပ်္ပာယ် သေသေချာချာမသိဘဲ တော်တော်များများက လည်း ပြောနေကြ၊ ဆိုနေကြတာကို တွေ့ရပါ တယ်။ တကယ်တော့ “ငါးပါးမှောက်တယ်” ဆို တဲ့စကားဟာ တခြားမဟုတ်ပါဘူး၊ “ငါးပေါက် မှားတာ” ကို ဆိုလိုတာပါ။ “ငါးပေါက်” ဆိုတာ ကတော့ အာရုံငါးပါး၊ ဒွါရငါးပါးကို၊ ဒွါရငါး ပေါက်ကို ဆိုလိုတာဖြစ်တဲ့အတွက် ငါးပါး မှောက်တယ်ဆိုတာ ဒွါရငါးပေါက်က အမြင်၊ အကြား၊ အနံ့၊ အရသာ၊ အတွေ့အထိ စတာ တွေ မှောက်မှားတာကို ဆိုလိုတာပါ။ ကိလေသာ အာရုံ၊ ကာမဂုဏ်တို့၌ ရောင့်ရဲ မလွယ်ဘဲ အလွန်အကြူး ခံစားသူ၊ ဥပမာ-အရက်သေစာကို အလွန်အကြူးသောက်သုံးသူ တစ်ဦးအနေနဲ့ အမြင်၊ အကြား အာရုံစတာတွေ မှောက်မှားပြီး ဘ၀မှာ အမှားတွင်တွင် ကျူးလွန် ကာ အောင်မြင်မှုတွေ ဆုံးရှုံးနိုင်တဲ့သဘော ဖြစ် ပါတယ်။ ဒါ့ကြောင့်မို့ ပုထုဇဉ်တွေပီပီ ကာမဂုဏ် အာရုံတွေကို မစွန့်လွှတ်နိုင်ကြသေးပေမဲ့ ကာမ ဂုဏ်အာရုံတို့၌ ရောင့်ရဲလွယ်ကြခြင်း၊ ထိန်းချုပ် စီမံနိုင်ကြခြင်းအားဖြင့် မင်္ဂလာရှိစွာ အောင်မြင် လာကြမှာ ဖြစ်ပါတယ်။ နှစ်ဆယ့်ငါးပါးမြောက် မင်္ဂလာကတော့- “ကတညုတာ” “သူတစ်ပါးက မိမိအပေါ်ပြုဖူးသော ကျေးဇူး ကို သိတတ်ခြင်း” ဖြစ်ပါတယ်။ “ကျေးဇူးသိတတ်မှု” ဆိုတာဟာ မင်္ဂလာရှိစွာ အောင်မြင်လိုသူတွေအတွက် မရှိ မဖြစ် အရေးပါသလို ယဉ်ကျေးတဲ့ လူ့ဘောင် လောကအတွက် အလွန်အရေးပါတဲ့ ၀ိသေသ လက်္ခဏာတစ်ရပ်လည်း ဖြစ်ပါတယ်။ လက်ရှိ နယ်ပယ်အသီးသီးမှာ ထိပ်တန်းရောက် အောင် မြင်နေကြတဲ့ ပုဂ်္ဂိုလ်အသီးသီးဟာ သူတစ်ပါးရဲ့ ကျေးဇူးတရားကို အလွန်သိတတ်တဲ့ ပုဂ်္ဂိုလ်များ ဖြစ်တယ်ဆိုတာကို တွေ့ကြရမှာ ဖြစ်ပါတယ်။ ကျေးဇူးသိတတ်မှု စက်ဝိုင်းဆိုတာ ဒီလောက မှာ ရှိပါတယ်။ ဆိုလိုတာက ကျွန်တော်တို့အနေ နဲ့ လူတစ်ယောက်အပေါ် ကျေးဇူးသိတတ်တာ ပဲဖြစ်ဖြစ်၊ လူတစ်ယောက်အပေါ် ကျေးဇူးပြု လိုက်တာပဲဖြစ်ဖြစ် ကျွန်တော်တို့ဟာ ကျေးဇူး သိတတ်မှု စက်ဝိုင်းကြီးကို လည်ပတ်စေလိုက် တာဖြစ်ပြီး လူတွေဟာ တစ်ဦးနဲ့တစ်ဦး ကျေးဇူး ပြုတတ်မှုတွေ၊ ကျေးဇူးသိတတ်မှုတွေ ဆင့်ကဲ ဆင့်ကဲ ဖြစ်ထွန်းလာပြီး မင်္ဂလာရှိစွာ အောင် မြင်လာကြမှာ ဖြစ်ပါတယ်။ လူတစ်ဦးပေါ်တစ်ဦး ကျေးဇူးသိတတ်မှု၊ ကျေးဇူးပြုတတ်မှုတွေ ထွန်းကားများပြားတဲ့ လူ့ အဖွဲ့အစည်းဟာ မင်္ဂလာရှိစွာ အောင်မြင်တဲ့သူ တွေ အလွန်များပြားကြတာကို တွေ့ကြရမှာ ဖြစ်ပါတယ်။ သူတစ်ပါးရဲ့ ကျေးဇူးကို သိတတ် သလို မိမိအနေနဲ့လည်း တတ်အားသမျှ မိမိ အနေနဲ့ သူတစ်ပါးအပေါ် ကျေးဇူးပြုချင်စိတ်၊ ကူညီချင်စိတ်လည်း မွေးမြူကြဖို့ လိုပါတယ်။ သူတစ်ပါးကို ကူညီတယ်ဆိုတာ တကယ့် တကယ်မှာ မိမိကိုယ်ကို ကူညီနေခြင်းလည်း ဖြစ်တယ်ဆိုတာကို တွေ့ကြရမှာပါ။ ဒါဟာ ကျေးဇူးသိတတ်မှု စက်ဝိုင်းကြီးအတွင်းမှာ ပါ ၀င်ခြင်းလည်းမည်ပါတယ်။ တကယ့်တကယ်မှာ လူတစ်ယောက်အနေနဲ့ လောကမှာ ရှိရှိသမျှ လူတွေအားလုံးကို ကျေးဇူးပြုနိုင်ဖို့၊ ကူညီဖို့ ဆို တာ မဖြစ်နိုင်ပါဘူး။ ဒါ့ကြောင့်မို့လို့ ကျွန်တော် တို့အနေနဲ့ ဘယ်လိုလူမျိုးတွေကို အဓိကထားပြီး ကူညီဖို့၊ ကျေးဇူးပြုဖို့ ကြိုးစားအားထုတ်ကြရ မလဲဆိုတာ စဉ်းစားစရာ ဖြစ်လာပါတယ်။ ဒါနဲ့ ပတ်သက်ပြီး စဉ်းစားကြမယ်ဆိုရင်တော့ ဖော် ပြပါပုံလေးကို ကြည့်ရှုစေချင်ပါတယ်- ဒီပုံလေးမှာ ဖော်ပြထားတာက ရှင်းရှင်းလေး ပါ။ လူတစ်ယောက်အနေနဲ့ ပထမဦးဆုံး ကျေးဇူး ပြုဖို့၊ ကျေးဇူးသိတတ်ဖို့ အရေးကြီးဆုံးကတော့ မိမိကိုယ်ကို မိမိ ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ လူတစ်ယောက်အနေနဲ့ ပထမဆုံး မိမိကိုယ်ကို ဖွံ့ဖြိုးတိုးတက်အောင်မြင်အောင် ကျေးဇူးပြုဖို့ (၀ါ) ကြိုးစားအားထုတ်ဖို့ လိုအပ်ပါတယ်။ အဲဒီက တစ်ဆင့်တက်လာပြီဆိုရင်တော့ လူ တစ်ယောက်အနေနဲ့ မိမိရဲ့ မိဘဆွေမျိုး၊ မောင် နှမသားချင်းတွေအပေါ် ကျေးဇူးပြုနိုင်ဖို့၊ ကျေးဇူး သိတတ်ဖို့ လိုအပ်ပါတယ်။ အဲဒီကတစ်ဆင့် တက်လာပြီဆိုရင်တော့ မိမိရဲ့အပေါင်းအသင်း သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်တွေအပေါ် ကျေးဇူးပြုနိုင်ဖို့၊ ကျေးဇူးသိတတ်ဖို့ အားထုတ် ကြရပါမယ်။ နောက်ဆုံးအဆင့်အနေနဲ့ကတော့ လူသားတစ်ယောက်အနေနဲ့ တတ်နိုင်သလောက် လူ့အဖွဲ့အစည်း(Society) တစ်ခုလုံးအပေါ်မှာ ကျေးဇူးပြုနိုင်ဖို့၊ ကျေးဇူးသိတတ်ဖို့ အားထုတ် ကြရမှာ ဖြစ်ပါတယ်။ ဂေါတမဗုဒ်္ဓ ညွှန်ကြားတော်မူထားတဲ့ အတိုင်း“ကတညုတာ”ဆိုတဲ့ မင်္ဂလာတရားတော် နဲ့အညီ “သူတစ်ပါးက မိမိအပေါ်ပြုဖူးသော ကျေးဇူးတရားကို သိတတ်ကြခြင်း” အားဖြင့် မင်္ဂလာရှိစွာ အောင်မြင်လာနိုင်ကြမှာ ဖြစ်ပါ တယ်။ See you at the top! လင်းသိုက်ညွန့်(မြန်မာ့မြေ)
Labels:
The spiritual power
Subscribe to:
Post Comments (Atom)
CCTV
My Target Computer Service
Name | You can ask and contact any problem concern with computer (Good Service) | To Contact Us |
Kyaw Naing | Computer Sale Service & Networking | +959----------- |
THE FATHER OF INDEPENDENCE | First and the Last democratically elected PRIME MINISTER OF BURMA | NLD ( NATIONAL LEAGUE FOR DEMOCRACY ) |
GENERAL AUNG SAN'S PAGE | U NU'S PAGE | DAW AUNG SAN SUU KYI'S PAGE |
No comments:
Post a Comment
Thank you for visit to my page.