Kyaw Naing Welcome

Friday, September 20, 2013

"ကိုယ့်ကိုယ်ကို လေးစားအောင် နေရမယ်"

"ကိုယ့်ကိုယ်ကို လေးစားအောင် နေရမယ်"

ကိုယ့်ကိုယ်ကို လေးစားအောင် နေရမယ် ။ ပတ်ဝန်းကျင် ကလည်း ကိုယ့်ကို လေးစားအောင် နေရမယ် ။ ဘယ်သူ ဘယ်လို ထင်ထင် ဂရုမစိုက်ဘူး ဆိုပြီးတော့နေချင်သလို နေလို့မရဘူး ။ အများနဲ့ နေကြရတဲ့ လောကကြီးမှာ ကိုယ့် အတွက်ကော ၊ အများအတွက်ပါ အမြဲတမ်း တွဲပြီးတော့ စဉ်းစားရမယ် ။
ကိုယ့်ကိုကိုယ် လေးစားနိုင်တဲ့ သူ ၊ သူတစ်ပါးကို လည်း လေးစားတဲ့ သူ ၊ သူတစ်ပါးရဲ့ လေးစားမှုကို လည်း ထိုက်ထိုက် တန်တန် ခံ ရတဲ့ သူဟာ လောက ကို အကျိုးပြုတဲ့ သူဖြစ်တယ် ။ ကိုယ့်ကိုကိုယ် လည်း လေးစားမှုရှိအောင် ၊ ပတ်ဝန်းကျင်အသိုင်းအဝိုင်းက လည်း ကိုယ့်ကို လေးစားလာအောင် လူတိုင်း ကြိုးစား ပြီးနေ ရင် ဒီလောကကြီး ဟာ ပျော်စရာကောင်းတဲ့ လောကကြီး ဖြစ်မယ် ။

ဘယ်လောက်ပဲ ပညာတတ် နေ တတ်နေ ၊ စိတ်ထားမကောင်းဘူး ၊ အကျင့်စာရိတ္တ မကောင်းဘူး ၊ ခန္ဓာ ကိုယ် မသန့်ရှင်းဘူး ၊ နေထိုင်တဲ့ ပတ်ဝန်းကျင် လည်း မသန့်ရှင်းဘူး ဆိုရင် လူ့အဖိုးတန် လို့ပြောလို့ မရဘူး ။
တချို့ ပညာသိပ် မတတ်ပါဘူး ။ ဘာဘွဲ့မှ မရှိဘူး ။ ဒါပေမဲ့ စိတ်ထား ကောင်းတယ် ၊ အကျင့်စာရိတ္တ ကောင်းတယ် ၊ နေတာ ၊ထိုင်တာ သပ်ရပ်တယ် ၊ သန့်ရှင်းတယ် ။ အဲဒီလို လူကို လေးစားပါတယ် ။လုံ့ လဝီရိယ ရှိဖို့ သိပ်အရေးကြီးတယ် ။ ကိုယ်တကယ် တတ်နိုင်တာကို လုပ်ရင်း ပိုကောင်းအောင် လုပ်သွားရမယ် ။

(ဆရာတော် ဦးဇောတိက)

No comments:

Post a Comment

Thank you for visit to my page.

3D

CCTV

My Target Computer Service

Name You can ask and contact any problem concern with computer (Good Service) To Contact Us
Kyaw Naing Computer Sale Service & Networking +959-----------
THE FATHER OF INDEPENDENCE First and the Last democratically elected PRIME MINISTER OF BURMA NLD ( NATIONAL LEAGUE FOR DEMOCRACY )
GENERAL AUNG SAN'S PAGE U NU'S PAGE DAW AUNG SAN SUU KYI'S PAGE