အောင်ခမ်း (TSJ team)
Entrepreneur လည်းလူပဲ၊ ခြေထောက်လည်း အပိုမပါ၊ လက်လဲမပိုပါ၊ မျက်လုံးလည်း အပိုမပါ။ ဘာလို့ သူ့ကိုကျမှ အိပ်ယာဝင်ခင်မှာ စောင် ရန်၊ ရှောင်ရန်လေးတွေ ပေါ်ရတာလည်းလို့ မေးစရာ ရှိပါတယ်။ ဟုတ်ပါ တယ်။ စီးပွားစွန့်ဦးတီထွင်သူလို့ခေါ်တဲ့ Entrepreneur တစ်ယောက်ဟာ Creative Idea ထွက် ဖို့ လိုပါတယ်။ Smart ကျဖို့လိုပါတယ်။ ယင်း အချက် ၂ ချက်ရဖို့ ဆိုတာ တစ်နေ့တာလုံး လန်းဆန်းနေဖို့ လိုအပ်ပါတယ်။ တစ်နေ့တာလုံး လန်းဆန်းဖို့ဆိုတာ တစ်ညတာ အိပ်စက်မှုမှာ အင်မတန် အရေးကြီးသွား ပါပြီ။ ဒီတော့ အောင်မြင်တဲ့ Entrepreneur တစ်ယောက်ဖြစ်ဖို့ စာရေးဆရာမ Liss Evans ဖော်ပြတဲ့ အိပ်ယာဝင် အလေ့အကျင့် ၇ ချက်ကို ဆီလျော်သလို ဘာသာပြန် မျှဝေ ပေးလိုက် ရပါတယ်။
1. Avoide alcohol before bedtime
အိပ်ယာမဝင်ခင် အရက်သောက်တာမျိုး ရှောင်ကြဉ်ဖို့ သတိပေး ထားပါတယ်။ အရက်၊ ဘီယာ ဝင်သွားရင် တစ်ညတာ အိပ်လို့ ကောင်း မယ်လို့ ထင်ရင် မှားပါတယ်။ မနက် အိပ်ယာထချိန် ခေါင်းမူးခြင်း အပြင် ညဘက်လည်း အိပ်ချိန် တစ်ဝက် အရောက်မှ သူက လူကို နိုးစေပါတယ်။ ဒီတော့ အိပ်ယာ မဝင်ခင် အယ်လ်ကိုဟော များများ ဝင်ထားတဲ့ သူတစ်ယောက်က နောက်နေ့ မနက်ကော၊ တစ်နေ့လုံးမှာ အိုင်ဒီယာ ကောင်းကောင်း ထုတ်နိုင်မှာ မဟုတ် ပါဘူး။ သို့ပေမယ့် ပါတီဒင်နာမှာ သောက်တဲ့ ဝိုင်တစ်ခွက်ကတော့ Positive effect ရနိုင်ပါတယ်လို့ ဆိုပြန်ပါသေးတယ်။
2. Turn off electronic before bedtime
စမတ်ဖုန်းနဲ့ အခြားသော အီလက်ထရောနစ် အသုံးဆောင် ပစ္စည်းများက ထွက်တဲ့ အလင်းရောင် ပုံရိပ်များက ဦးနှောက်ကို Stay active ဖြစ်စေပါတယ်။ အပြာရောင် အလင်းရောင်၊ LED, LCD အလင်းရောင် များကြောင့် ဦးနှောက်ကို ပိုမို အလုပ်လုပ်စေပြီး အိပ်ချင်စိတ်ကို ပယ်ထားပါတယ်။ ဒီတော့ မအိပ်ခင် တစ်နာရီလောက် ကတည်းက ဖုန်း အလင်းရောင် နဲ့ အသံမြည်တာတွေကို ပိတ်ထားဖို့ Recommend ပေးထားပါတယ်။ အိပ်ခါနီး အတွေးအိုင်ဒီယာ ကောင်းများ ပေါ်တတ်တာကြောင့် Electronic Gadget များကို off လုပ်ထားတာ အကောင်းဆုံး ဖြစ်ပါတယ်။
3. Write your worries away
တစ်ခုခု စိုးရိမ်စိတ် ဝင်ပြီး ညအိပ်မပျော်တာ ကြုံဖူးကြမှာပါ။ အခက်အခဲ ပြဿနာတွေ ကို ခေါင်းထဲထည့်ပြီး စိုးရိမ်နေတတ်ပါတယ်။ အဲ့ဒီအခါကျရင် စာပြန်ချရေးဖို့ လိုအပ်ပါတယ်။ အိပ်မပျော်ပဲ အတူတူ စိုးရိမ် ပူပန်နေတဲ့ အကြောင်းအရာတွေကို စာချရေးလိုက်ခြင်းဖြင့် သက်သာစေသလို စာက အချက်အလက်ကိုလည်း ပြဿနာ ဖြေရှင်းဖို့အတွက် ပြန်လည် အသုံးချ နိုင်ပါတယ်။ နောက်ဆိုရင် ညစဉ် ရေးခဲ့တဲ့စာတွေက စာအုပ်တစ်အုပ်လည်း ဖြစ်လာနိုင်သလို၊ Blog ဖန်တီးလို့တောင် ပြန်တင်နိုင်ပါသေးတယ်။
4. Create the perfect sleep ambience
အိပ်မယ့် အခန်းက အနံ့ကောင်းရမယ်၊ အပူအအေး မျှတဖို့လိုအပ်မယ်။ လေကောင်း လေသန့် ရမယ်။ အသံ ဆူဆူ ညံညံ မရှိရဘူး အစရှိသဖြင့် ပတ်ဝန်းကျင်က ပြီးပြည့်စုံအောင် ကောင်းနေရင် အိပ်လို့လည်း ကောင်းသလို၊ ကျန်းမာရေးအတွက်လည်း ကောင်းကျိုး ပေး ပါတယ်။
5. Exercise
မအိပ်ခင် လေ့ကျင့်ခန်း တစ်ခုခု လုပ်စေဖို့ပါ။ Body ကို အတော် ပင်ပန်းစေမယ့် လေ့ကျင့်ခန်းတွေ မဟုတ်ပါဘူး။ အကြောညောင်းညာမှုကို သက်သာစေမယ့် ပျော့ပျော့ပြောင်းပြောင်း ဖြစ်စေမယ့် အနေအထား တစ်ခု ဖြစ်ပါတယ်။ အချို့ ဆိုရင် အိပ်နေရင်း ကြွက်တက်တာ မျိုးတောင် ဖြစ်တတ်တာမို့ မအိပ်ခင် အကြောလျော့ အိပ်ခြင်းက မမှားပါဘူး။
6. Avoide sugary snacks before bedtime
မအိပ်ခင် အချိုစာ အစားအသောက်များ စားသုံးခြင်းကို ရှောင်ကြဉ် စေဖို့ပါ။ သကြားနဲ့ ပရိုတိမ်းဓာတ် ကြွယ်ဝတဲ့ အစားအစာကြောင့် ည အိပ်စက်စဉ် အစာခြေဖျက်တဲ့ လုပ်ငန်းကလည်း အိပ်စက်ခြင်းကို အနှောက် အယှက် ပေးပါတယ်။ ဥပမာ အစားစားပြီးချင်းမို့ အိပ်မရတာမျိုး၊ အိပ်နေစဉ် အာခေါင်ခြောက်လို့ ရေထသောက်ချင်တာမျိုးတို့ ဖြစ်ပါတယ်။
7. Wake up to the light
မနက်အိပ်ယာထထခြင်း နေရောင်ခြည်အလင်းရောင်ခံယူပြီး ကိုယ်စိတ်ကို လန်းဆန်းစေဖို့ ဖြစ်ပါတယ်။ တစ်ညတာ မျက်လုံးမိတ်ပြီး အိပ်စက်ထားမှုကြောင့် ပျင်းရိနေတဲ့ မျက်လုံးကို အလင်းရောင်က ပြန်လည် လန်းဆန်း စေပါတယ်။
အနှစ်ချုပ်
အဓိကကတော့ အိပ်ရေးဝဝ အိပ်စေချင်တာပါ။ အိပ်ရေးဝဝ မအိပ်ရသူ တစ်ယောက်ဟာ ဘယ်နေ့ဘယ်အချိန်မှာပဲ ဖြစ်ဖြစ် အတွေးအခေါ် အသစ်အဆန်းတွေ မထွက်သလို၊ ကျန်းမာရေးအရကော၊ လူမှုဆက်ဆံရေးမှာကော အခက်တွေ ရှိနိုင်ပါတယ်။ တစ်ရက်ကို ၇ နာရီ သို့မဟုတ် ၈ နာရီ အိပ်သင့်ပြီး အိပ်ရေး ဝတဲ့ Entrepreneur တစ်ယောက်ဟာ အောင်မြင်မှုအတွက် ပိုမို နည်းလမ်း ရှာဖွေ၊ ကြိုးစား နိုင်မှာ ဖြစ်ပါတယ်။
No comments:
Post a Comment
Thank you for visit to my page.